Connect with us

Asia

ထိုင်းနိုင်ငံ၌ တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးအတွက် အဖွဲ့အစည်းပေါင်း ၁၇,၀၀၀ ကျော်က စာရင်းပေးသွင်းထား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကာကွယ်ဆေးထိုးနှံသည့် နေရာတစ်ခု၌ ဇွန် ၇ ရက်က ကာကွယ်ဆေးထိုးနှံနေသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးထိုးနှံပေးရန် အဖွဲ့အစည်းပေါင်း ၁၇,၀၀၀ ကျော်က ၎င်းတို့၏ အလုပ်သမားများအတွက် ကြိုတင်မှာယူမှုများ ပြုလုပ်ထားကြောင်း ချူလာဘွန်းတော်ဝင်အကယ်ဒမီ(CRA)က ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။နိုင်ငံတစ်ဝှမ်းရှိ ကုမ္ပဏီများနှင့် အဖွဲ့အစည်းပေါင်း ၁၇,၀၇၀ က အလုပ်သမားပေါင်း ၄ ဒသမ ၈၇ သန်းကျော်အား ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် Sinopharm ကာကွယ်ဆေးများ ရရှိရန် စာရင်းပေးသွင်းထားကြောင်း CRA က ဇွန် ၁၉ ရက်တွင် ကြေညာခဲ့သည်။

Sinopharm ကာကွယ်ဆေးအတွက် စာရင်းပေးသွင်းသည့်ကာလကို ဇွန် ၁၄ ရက်မှ ၁၈ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီလ ၂၈ ရက်မှစ၍ ယခုအထိ နိုင်ငံအနှံ့ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၇ ဒသမ ၄၈ သန်း ထိုးနှံထားကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ပထမအကြိမ် ထိုးနှံပြီးသူ ၁၈၁,၅၈၈ ဦးနှင့် ဒုတိယအကြိမ် ၈၁,၈၂၇ ဦး အပါအဝင် ဇွန် ၁၈ ရက် တစ်ရက်တည်းတွင် ကာကွယ်ဆေး အကြိမ်ရေ ၂၆၃,၄၁၅ ကြိမ် ထိုးနှံပေးခဲ့ကြောင်း CCSA ထံမှ သိရသည်။

ထိုင်းနိုင်ငံ၌ ဇွန် ၁၉ ရက်တွင် COVID-19 လူနာသစ် ၃,၆၆၇ ဦး နှင့် သေဆုံးသူ ၃၂ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြု လူနာ စုစုပေါင်း ၂၁၄,၄၄၉ ဦး နှင့် သေဆုံးသူ ၁,၆၀၉ ဦး ရှိလာခဲ့ကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

———————————————–

(English Version)

Over 17,000 organizations in Thailand register for China’s Sinopharm vaccine

BANGKOK, June 19 (Xinhua) — China’s Sinopharm vaccine has been pre-ordered by over 17,000 organizations for their employees in Thailand, Chulabhorn Royal Academy (CRA) said on Saturday.

The CRA announced on Saturday that 17,070 organizations and companies nationwide have registered to obtain the Sinopharm vaccine to inoculate more than 4.87 million employees.

The registration period for the Sinopharm vaccine went from June 14 to June 18.Thailand has so far administered 7.48 million doses of COVID-19 vaccine nationwide since February 28, according to the data released by the Center for the COVID-19 Situation Administration (CCSA).

On Friday alone, 263,415 doses were given, including 181,588 first shots and 81,827 second shots, the CCSA said.
On Saturday, a total of 3,667 new COVID-19 cases and 32 deaths were recorded in Thailand, taking the tally to 214,449 infections and 1,609 deaths, official data showed. Enditem

Photo – A woman gets vaccinated at a vaccination site in Bangkok, Thailand, June 7, 2021. Thailand accelerated vaccine rollout as it began a mass vaccination program Monday amid efforts to contain its worst COVID-19 outbreak so far and ensure the country’s wider reopening to vaccinated foreign visitors. (Xinhua/Rachen Sageamsak)