Connect with us

Asia

ထိုင်းနိုင်ငံ၌ တိုက်ဖွန်းမုန်တိုင်းကြောင့် ရေကြီးမှု ဖြစ်ပေါ်ကာ လူ ၇ ဦး သေဆုံးပြီး ၁ ဦးပျောက်ဆုံးနေ

ဘန်ကောက် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ပြည်နယ်များ၏ ထက်ဝက်နီးပါးသည် တိုက်ဖွန်းမုန်တိုင်း Dianmu ကြောင့် ပြင်းထန်သော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ အကြီးအကျယ်ထိခိုက်ခဲ့ပြီး လူ ၇ ဦးထက်မနည်း သေဆုံးကာ ၁ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံ၏ ဘေးအန္တရာယ်ထိန်းချုပ်ရေး တာဝန်ရှိသူများက စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ထိုင်းနိုင်ငံ၏ ပြည်နယ် ၃၁ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး ယခုထိ အိမ်ထောင်စု ၂၂၀,၀၀၀ ကျော်အား သက်ရောက်မှုဖြစ်ပေါ်နေကြောင်း သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန (DDPM) ထံမှ သိရသည်။

ရေကြီးမှုအခြေအနေသည် ပြည်နယ် ၁၃ ခုတွင် ပြန်လည်ကျဆင်းသွားခဲ့သော်လည်း အခြား ပြည်နယ် ၁၈ ခု၌ ဆိုးဝါးနေဆဲဖြစ်ကြောင်းလည်း DDPM က ဆိုသည်။ဘန်ကောက်မြို့တော်စီမံခန့်ခွဲမှုအဖွဲ့(BMA)က ကျောက်ဖယားမြစ်၏ မြစ်ရေချိန်သည် လာမည့်ရက်အနည်းငယ်အတွင်း မြင့်တက်လာနိုင်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် သတိပေးခဲ့ပြီး မြစ်တစ်လျှောက် ခရိုင် ၇ ခုရှိ ရပ်ကွက် ၁၁ ခုအား ရေကြီးမှုအလားအလာအတွက် ကြိုတင်ပြင်ဆင်ထားရန် အသိပေးထားကြောင်း သိရသည်။

ကျောက်ဖယား မြစ်ရေချိန်သည် မြို့တော်တစ်ဝှမ်း မြစ်ကမ်းအနီး နေထိုင်သူများအား မည်သည့်ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ၊ လက်ရှိတွင် ရေလှောင်တမံ၏ ထိပ်ဆုံးအောက်တွင် ရှိနေကြောင်း ဘန်ကောက်အုပ်ချုပ်ရေးမှူး Aswin Kwanmuang ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။ (Xinhua)

—————————————–
(English Version)
7 dead, 1 missing as typhoon triggered flood hits Thailand

BANGKOK, Sept. 30 (Xinhua) — Heavy floods caused by tropical storm Dianmu have severely impacted almost half of Thailand’s provinces with at least seven people dead and one missing, the country’s disaster control authorities said Thursday.

Heavy rains swept across 31 provinces of the Southeast Asian country, so far affecting more than 220,000 households, according to the Department of Disaster Prevention and Mitigation (DDPM).
The DDPM also noted that the situation in 13 of the affected provinces has improved, but it remained critical in the other 18 provinces.

The Bangkok Metropolitan Administration (BMA) warned Thursday that the water level of the Chao Phraya River is forecasted to rise over the next few days, demanding 11 communities in seven districts along the river be prepared for potential floods.

Local media quoted Bangkok Governor Aswin Kwanmuang as saying that the level of the Chao Phraya River is currently well below the top of the flood embankment across the capital, without any damage to nearby residences. Enditem

Photo – A man rows a boat through a flooded road on the outskirts of Bangkok, Thailand, on Sept. 3, 2021. (Xinhua/Rachen Sageamsak)