Connect with us

Asia

ထိုင်းနိုင်ငံ၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် လူ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ၌ ဓာတုစက်ရုံ မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေသည့် မြင်ကွင်း(ဓာတ်ပုံ - အင်တာနက်)

ဘန်ကောက် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင်ရှိ သုဝဏ္ဏဘုမ္မိလေဆိပ်အနီးက ဓာတုစက်ရုံတစ်ရုံသည် ယနေ့ ဇူလိုင် ၅ ရက် အစောပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းမှုကြောင့် လူ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ပြင်းထန်သော ပေါက်ကွဲမှုသည် Samut Prakan ခရိုင် Bang Phli ၌ တည်ရှိသော ပလပ်စတစ်ရေမြှုပ် စက်ရုံ၌ ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း နှင့် စက်ရုံတွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း ထိုင်းမီဒီယာ၏ ဖော်ပြမှုအရ သိရသည်။

ယင်းပေါက်ကွဲမှု ဖြစ်စဉ်သည် စက်ရုံအတွင်း သိုလှောင်ထားသည့် ဓာတုပစ္စည်း တန်ချိန် ၂၀ ခန့်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း သံသယရှိနေသည်။

ပေါက်ကွဲမှုကြောင့် စက်ရုံအလုပ်သမား ၂၀ ဦးထက်မနည်း နှင့် ဒေသခံများ ဒဏ်ရာရရှိခဲ့ပြီး စက်ရုံ ၁၀ ရုံ နှင့် အနီးဝန်းကျင်ရှိ လူနေထိုင်ရာ နေရာများလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဒေသအစိုးရက ပေါက်ကွဲမှုဖြစ်ပွားသည့် စက်ရုံမှ အချင်းဝက် ၅ ကီလိုမီတာအတွင်း နေထိုင်သူများ နှင့် လုပ်ငန်းများအားလုံး မဖြစ်မနေ ဘေးလွတ်ရာသို့ ထွက်ခွာရန် အမိန့်ထုတ်ထားသည်။

မီးလောင်ကျွမ်းမှုကို အကြီးအကျယ် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရသော်လည်း တာဝန်ရှိသူများအနေဖြင့် ပေါက်ကွဲမှုဖြစ်စဉ် နှင့် ထိခိုက်ပျက်စီးမှု အတိုင်းအတာကို စုံစမ်းစစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)

—————————–i———————-
( English Version)
At least 20 injured in Thai chemical factory explosion

BANGKOK, July 5 (Xinhua) — A chemical factory close to Suvarnabhumi airport in the suburbs of Bangkok exploded and caught fire early on Monday, leaving at least 20 people injured.

The strong explosion occurred at around 3 a.m. local time in a plastic foam producing factory in Bang Phli district of Samut Prakan and caused a massive fire in the plant, according to local media.
It is suspected that the accident may have been triggered by some 20 tons of chemical substances stored in the plant.

The blast led to the injury of at least 20 factory workers as well as residents, and brought grave damage to 10 factories and the residential area nearby.
The local government has ordered mandatory evacuation for all residents and businesses in a 5-km radius of the plant.

The fire has largely been contained, but officials have yet to investigate the cause of the explosion and damage. Enditem