Connect with us

ASEAN

ထိုင်းနိုင်ငံ၌ COVID-19 ဖြင့်သေဆုံးမှု ၃ ရက်ဆက်တိုက် စံချိန်တင်မြင့်တက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖျန်းနေသော ဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ) ##ဘန်ကောက် #ကိုဗစ်၁၉ #ဆိုးဝါးသောလှိုင်း #ဆင်ဟွာ

ဘန်ကောက်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ဇူလိုင် ၂ ရက်တွင် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၆၁ ဦးရှိပြီး တတိယမြောက်ရက်အဖြစ် နေ့စဥ်သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် လက်ရှိအချိန်အထိ အဆိုးဝါးဆုံးဖြစ်သော ကပ်ရောဂါလှိုင်းကို ထိန်းချုပ်နိုင်ရန် ကြိုးစားရုန်းကန်နေရကြောင်း သိရသည်။

နိုင်ငံ၏ COVID-19 အထူးအလုပ်အဖွဲ့ဖြစ်သော COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)က COVID-19 အတည်ပြုလူနာသစ် ၆,၀၈၇ ဦးရှိကြောင်း၊ ယင်းမှာကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်ကတည်းက နေ့စဉ်ကူးစက်မှု ဒုတိယမြောက်အများဆုံး ဖြစ်ကြောင်း၊ COVID-19 စုစုပေါင်း ကူးစက်ခံရသူဦးရေ ၂၇၀,၉၂၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးအကြိမ် ရောဂါပြန့်ပွားမှုပြန်လည်စတင်လာသည့် ဧပြီလအစောပိုင်းတွင် စုစုပေါင်း သေဆုံးသူအရေအတွက် ၁၀၀ အောက်သာရှိခဲ့ရာမှ ၂,၁၄၁ ဦးသို့ မြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။

ရောဂါဖြစ်ပွားမှုဗဟိုချက်ဖြစ်သည့် မြို့တော်ဘန်ကောက်သည် ကူးစက်မှုအသစ်အရေအတွက် အမြင့်ဆုံး၌ ဆက်လက်ရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့် ၂၄ နာရီ အတွင်း အတည်ပြုလူနာသစ် ၂,၂၆၇ ဦး ရှိကြောင်း CCSA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံ၌ Delta ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်ခြင်းအား ရင်ဆိုင်နေရကြောင်း၊ ၎င်းဗိုင်းရပ်စ်သည် အလွယ်တကူ ကူးစက်နိုင်ကြောင်းနှင့် ထိခိုက်လွယ်သော လူအုပ်စုများအား ပိုမိုဆိုးဝါးစွာ ထိခိုက်နိုင်ချေရှိကြောင်း CCSA ၏ ပြောရေးဆိုခွင့်ရှိသူ Apisamai Srirangsan က နေ့စဉ်ရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အထူးသဖြင့် ဘန်ကောက်မြို၌ ရောဂါကူးစက်မှုမြင့်တက်ခြင်းနှင့် ဆေးရုံကုတင် မလုံလောက်မှုတို့ကြောင့် အစိုးရအနေဖြင့် ရပ်ရွာအတွင်း သီးသန့်ခွဲခြားထားခြင်းအစီအမံများအား ကျင့်သုံးလျက်ရှိကြောင်း Apisamai ကဆိုသည်။

ရောဂါကူးစက်ခံရသူများတွင် ရောဂါလက္ခဏာအနည်းငယ်ပြသူ သို့မဟုတ် လုံးဝလက္ခဏာမပြသူတို့အား ရပ်ကွက်များအတွင်း၌ သီးသန့်ခွဲခြားထားမည်ဖြစ်ပြီး ရောဂါလက္ခဏာ အလယ်အလတ်အဆင့်သို့ တိုးမြင့်ပြသလာသူများအား ရပ်ကွက်များမှ ဆေးရုံများ သို့မဟုတ် ယာယီဆေးရုံများသို့ ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း Apisamai ၏ ပြောကြားချက်အရ သိရသည်။

ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီလတွင် ကာကွယ်ဆေးထိုးအစီအစဉ် စတင်ခဲ့ချိန်မှ ဇူလိုင် ၁ ရက်အထိ စုစုပေါင်း ကာကွယ်ဆေးအလုံးရေ ၁၀ သန်းကျော်အား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် စုစုပေါင်းလူဦးရေ၏ ၃.၉၇ ရာခိုင်နှုန်းမှာ အပြည့်အဝ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း CCSA မှ သိရသည်။ (Xinhua)

————————————
(English Version)
Thailand reports record COVID-19 deaths for 3 consecutive days
BANGKOK, July 2 (Xinhua) — Thailand on Friday reported record-high daily COVID-19 deaths for the third day in a row, 61 new fatalities, as the Southeast Asian country struggled to contain its worst wave of the outbreak so far.
The Center for the COVID-19 Situation Administration (CCSA), the country’s COVID-19 task force, also reported 6,087 new cases, the second-highest daily tally since the pandemic began, raising the total number of infections to 270,921.
The country’s death toll has risen to 2,141, soaring from less than 100 at the beginning of April when the latest outbreak started to spread.
The capital Bangkok, the epicenter of the outbreak, still has the highest number of new cases, with a record of 2,267 cases being detected during the past 24 hours, according to the CCSA.
The country is experiencing increasing cases of Delta variant, which is easily transmissible and likely to affect risk groups more severely, CCSA spokesperson Apisamai Srirangsan said at a daily briefing.
Apisamai said the government is applying community isolation measures amid an inadequacy of hospital beds and rising infections, especially in Bangkok.
For infected people with slight symptoms or no symptoms, they would be isolated within the communities, and those who develop medium symptoms would be transferred out of the communities to hospitals or field hospitals, according to Apisamai.
As of Thursday, Thailand has administered more than 10 million doses of vaccines since it launched the inoculation program in February, with 3.97 percent of its people having fully vaccinated, according to the CCSA. Enditem
Photo-Staff members disinfect a community in Bangkok, Thailand, May 15, 2021. (Xinhua/Rachen Sageamsak)