Connect with us

ASEAN

ထိုင်းနိုင်ငံ၏ COVID-19 လူနာအရေအတွက် ၆၀၀,၀၀၀ ကျော် ရှိလာ ၊ တင်းကျပ်သောကန့်သတ်ချက်များ ထပ်တိုး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကာကွယ်ဆေးထိုးနှံသည့် နေရာ တစ်ခု၌ ဇူလိုင် ၉ ရက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ COVID-19 အတည်ပြုလူနာပေါင်း ၆၀၀,၀၀၀ ကျော်ထိ ရှိလာခဲ့ပြီး အဆိုးရွားဆုံး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် မြို့တော် ဘန်ကောက် နှင့် အခြား အဆိုးရွားဆုံးကူးစက်ခံရသည့် ဒေသများတွင် ဩဂုတ်လကုန်အထိ ဖြစ်နိုင်သည့် ကပ်ရောဂါထိန်းချုပ်ရေးအစီအမံများအား ပိုမိုတင်းကျပ်ရန် ဇူလိုင် ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ ဩဂုတ် ၁ ရက်မှ ပြီးခဲ့သော ၂၄ နာရီအတွင်း လူနာသစ် ၁၈,၀၂၇ ဦး တွေ့ရှိပြီး ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ နေ့စဉ်လူနာအရေအတွက် ဒုတိယအမြင့်ဆုံး ကူးစက်မှုဖြစ်ကြောင်း ၊ စုစုပေါင်း လူနာအရေအတွက်သည် ၆၁၅,၃၁၄ ဦး ရှိလာခဲ့ကြောင်း ထိုင်းနိုင်ငံ၏ COVID-19 ရောဂါဆိုင်ရာ လုပ်ငန်းအဖွဲ့ဖြစ်သည့် COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)ထံမှ သိရသည်။

COVID-19 ရောဂါကြောင့် နောက်ထပ်သေဆုံးသူ ၁၃၃ ဦး ရှိသဖြင့် သေဆုံးသူစုစုပေါင်း ၄,၉၉၀ ဦး ရှိလာခဲ့ကြောင်း CCSA ထံမှ သိရသည်။

ခရီးသွားကန့်သတ်ချက်များ ၊ ဈေးဝယ်စင်တာ ပိတ်သိမ်းခြင်းများ နှင့် ညမထွက်ရအမိန့်များ အပါအဝင် တင်းကျပ်သောအစီအမံများအား ဩဂုတ် ၁ ရက်တွင် ပြီးဆုံးမည့် တစ်စိတ်တစ်ပိုင်း lockdown အစီအမံများအောက်ရှိ ပြည်နယ်ဒေသ ၁၃ ခုကို ၂၉ ခုအထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ Natapanu Nopakun ထံမှ သိရသည်။

ဈေးဝယ်စင်တာများရှိ စားသောက်ဆိုင်များအား ဖွင့်လှစ်ရန် ခွင့်ပြုသွားမည် ဖြစ်သော်လည်း ဆိုင်ထိုင်စားသောက်သည့် စနစ် မဟုတ်ဘဲ ပါဆယ်ယူဆောင်သည့် စနစ်တစ်မျိုးတည်းအတွက်သာ ဖြစ်ကြောင်း CCSA သတင်းစာရှင်းလင်းပွဲတွင် Natapanu Nopakun က ပြောကြားခဲ့သည်။

အဆိုပါ ကန့်သတ်မှုများသည် ဩဂုတ် ၃ ရက်မှ စတင်၍ သက်ရောက်မည် ဖြစ်ပြီး တာဝန်ရှိသူများက ရက်သတ္တပတ် နှစ်ပတ်ပြီးနောက် အခြေအနေကို အကဲဖြတ်လိမ့်မည် ဖြစ်ကြောင်း ၊ သို့သော် ထပ်တိုးမှုများသည် ဩဂုတ်လကုန်အထိ ဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဩဂုတ် ၁ ရက်အထိ ထိုင်းနိုင်ငံ၌ ကာကွယ်ဆေး အကြိမ်ရေ ၁၇ ဒသမ ၆ သန်းကျော် ထိုးနှံပေးထားပြီး လူဦးရေ သန်း ၇၀ နီးပါးအနက် ၃ ဒသမ ၈ သန်းကျော် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားကြောင်း CCSA ထံမှ သိရသည်။ (Xinhua)

————————————
(English Version)
Thailand’s COVID-19 tally tops 600,000, tighter curbs extended
BANGKOK, Aug. 1 (Xinhua) — Thailand announced on Sunday to extend tighter pandemic control measures in the capital Bangkok and other worst-hit regions possibly till the end of August to contain the worst-ever wave of the outbreak, which has brought its total case tally to top 600,000.
The Southeast Asian country reported 18,027 new cases during the last 24 hours, the second highest daily tally since the pandemic began, taking the total number of infections to 615,314, according to the Center for COVID-19 Situation Administration (CCSA), the country’s COVID-19 task force.
The cumulative fatalities have risen to 4,990, up by 133, according to the CCSA.
Restrictive measures, including travel curbs, shopping mall closures and night-time curfews, will be expanded to 29 provincial regions from 13, which had been put under such partial lockdown measures due to end on Monday, according to Natapanu Nopakun, an official at the Ministry of Foreign Affairs.
Restaurants in shopping malls will be allowed to open, but only for take-away services, Natapanu said at a CCSA news briefing.
The restrictions will take effect from Tuesday and the authorities will evaluate the situation in the following two weeks, but “possibly this will be extended until the end of August,” he said.
As of Saturday, the country has administered more than 17.6 million doses of vaccine, with more than 3.8 million of its nearly 70 million population having been fully vaccinated, according to the CCSA. Enditem
Photo – A health worker works at a vaccination site in Bangkok, Thailand, July 9, 2021. Tougher restrictions are being imposed in Thailand’s capital and surrounding provinces in an effort to curb rapidly increasing COVID-19 infections.The announcement came after Thailand reported its second-highest daily record of 9,276 new COVID-19 cases on Friday, with 3,116 cases detected just in Bangkok. (Xinhua/Rachen Sageamsak)