Connect with us

Asia

ထိုင်းနိုင်ငံ ဓာတုစက်ရုံပေါက်ကွဲမှုတွင် ၁ ဦးသေဆုံး ၊ ၃၀ ကျော် ဒဏ်ရာရ

ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဇူလိုင် ၅ ရက်က ဖြစ်ပွားသော ဓာတုစက်ရုံပေါက်ကွဲမှုအပြီး မီးခိုးလုံးများ နှင့် အပျက်အစီးပုံများအားတွေ့မြင်ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ဇူလိုင် ၆ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံဘန်ကောက်မြို့အနီး ဇူလိုင် ၅ ရက်က ဖြစ်ပွားသော ဓာတုစက်ရုံပေါက်ကွဲမှုတွင် မီးလောင်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး အနည်းဆုံး အခြား လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါပေါက်ကွဲမှုသည် Samut Prakan ပြည်နယ်Bang Phli ခရိုင်၌ တနင်္လာနေ့ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် ပလပ်စတစ်ရေမြှုပ်စက်ရုံ၌ ဖြစ်ပွားခဲ့ကြောင်း ၊ ပေါက်ကွဲမှုကြောင့် မီးလောင်မှုအကြီးအကျယ်ဖြစ်ပွားခဲ့ကြောင်း ဒေသမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဇူလိုင် ၅ ရက်က ဖြစ်ပွားသော ဓာတုစက်ရုံပေါက်ကွဲမှုအပြီး မီးခိုးလုံးများ နှင့် အပျက်အစီးပုံများအားတွေ့မြင်ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင်က ၁၉၈၉ ခုနှစ်လာရောက် ရင်းနှီးမြှုပ်နှံတည်ဆောက်ထားသော Ming Dih ဓာတုစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ယင်းပေါက်ကွဲမှုကြောင့် အနီးအနားရှိ စက်ရုံ ၁၀ ရုံ နှင့် လူနေအိမ်ယာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဇူလိုင် ၅ ရက်က ဖြစ်ပွားသော ဓာတုစက်ရုံပေါက်ကွဲမှုအပြီး မီးခိုးလုံးများ နှင့် အပျက်အစီးပုံများအားတွေ့မြင်ရစဉ်(ဆင်ဟွာ)

အသက် ၁၉ နှစ်အရွယ် မီးသတ်သမားတစ်ဦးသည် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အခြား သုံးဦးမှာ အပြင်းအထန်ဒဏ်ရာရသွားကြောင်း ဒေသခံရဲအရာရှိတစ်ဦးက ဆိုသည်။

ယင်းမတော်တဆ ပေါက်ကွဲမှုအတွင်း အနည်းဆုံး တရုတ်အလုပ်သမားတစ်ဦးအပါအဝင် လူပေါင်း ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

စက်ရုံပေါက်ကွဲမှုမှ မီးခိုးလုံးများ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး မီးငြိှမ်းသတ်မှုအား ကူညီဆောင်ရွက်ပေးနိုင်ရန် ရဟတ်ယာဉ်များကိုလည်း အသုံးပြုထားကြောင်း ထိုင်းအစိုးရအရာရှိများက ဆိုသည်။

ယင်းပေါက်ကွဲမှုသည် စက်ရုံအတွင်းသိုလှောင်ထားသည့် ဓာတုပစ္စည်းတန်ချိန် ၂၀ မတော်တဆပေါက်ကွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း သံသယရှိနေသည်။

နောက်ထပ်ပေါက်ကွဲမှုများ ထပ်မံ ဖြစ်ပေါ်နိုင်သည့်အလားအလာ နှင့် ဓာတုပစ္စည်း အဆိပ်သင့်မှုအန္တရာယ်စိုးရိမ်ရသဖြင့် ယင်းပေါက်ကွဲမှုဖြစ်ပွားသော စက်ရုံမှ အချင်းဝက် ၅ ကီလိုမီတာအတွင်းနေထိုင်ကြသည့် ဒေသခံများ နှင့် စီးပွားရေးလုပ်ငန်းများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန် ဒေသဆိုင်ရာအာဏာပိုင်များက အမိန့်ထုတ်ထားသည်။

ယာယီခိုလှုံရေးစခန်းအဖြစ် ဖွင့်လှစ်ထားသည့် ခရိုင်အတွင်းရှိစာသင်ကျောင်းတစ်ကျောင်းသို့ အခင်းဖြစ်နေရာမှ ဒေသခံအများအပြားကို ရွှေ့ပြောင်းပေးထားကြောင်း နှင့် လိုအပ်သော အကူအညီများပံ့ပိုးပေးထားကြောင်း Bang Phli ခရိုင် အကြီးအကဲ Somsak Kaeosena က ဆိုသည်။
(Xinhua)

—————————–i———————-
( English Version)

1 killed, over 30 injured in chemical factory explosion in Thailand

BANGKOK, July 5 (Xinhua) — An explosion and the ensuing fire killed one person and injured at least 20 other people in a chemical factory near the Thai capital Bangkok on Monday.

The explosion rocked the plastic foam-producing factory at around 3:00 a.m. local time in Bang Phli district of Samut Prakan province and caused a massive fire, according to the local media.

The blast reportedly happened in the factory of Ming Dih Chemical, a company established in Thailand by business people from China’s Taiwan in 1989, and caused damages to 10 factories and the residential area nearby.

A 19-year-old firefighter was killed at the scene and three others were seriously injured, the local police said.
More than 30 people were injured in the accident, including at least one Chinese employee, confirmed an official from the Chinese embassy.

Thai government officials said that helicopters were deployed to help put out the fire, while heavy smoke is still coming out of the factory.

It is suspected that the accident was triggered by some 20 tons of chemical substances stored in the factory.

The local government has ordered evacuation of all residents and businesses in a 5-km radius of the factory for fear of hazardous chemical debris and potential further explosions.

Many residents have been brought to safety and provided with temporary shelter at a school in the district, chief Bang Phli district officer Somsak Kaeosena said. Enditem