Connect with us

Africa & Middle East

ထောင်ဆူမှုအတွင်း သေဆုံးသူ ၆၈ ဦးအနက် ၃၄ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း အီကွေဒေါအာဏာပိုင်များ အတည်ပြုနိုင်ခဲ့

နိုဝင်ဘာ ၁၃ ရက်က ထောင်ဆူမှုဖြစ်ပွားခဲ့သော အီကွေဒေါနိုင်ငံ Guayaquil မြို့ရှိ Litoral Penitentiary အကျဉ်းထောင်ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် သေဆုံးသူများ၏ မိသားစုဝင်များကို တွေ့ရစဉ်(ဆင်ဟွာ)

ကွီတို ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ အာဏာပိုင်များက Guayaquil မြို့ရှိ အဓိကအကျဉ်းထောင်ကြီးဖြစ်သည့် Litoral Penitentiary ထောင်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတိုက်ခိုက်မှုများအတွင်း သေဆုံးသွားသည့် အကျဉ်းသား ၆၈ ဦးအနက် ၃၄ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သမ္မတရုံးဆက်သွယ်ရေးဆိုင်ရာ အတွင်းဝန်ချုပ်က နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်က ထောင်ဆူမှုဖြစ်ပွားခဲ့သော အီကွေဒေါနိုင်ငံ Guayaquil မြို့ရှိ Litoral Penitentiary အကျဉ်းထောင်ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် သေဆုံးသူများ၏ မိသားစုဝင်များကို တွေ့ရစဉ်(ဆင်ဟွာ)

နိုဝင်ဘာ ၁၃ ရက်က ထောင်ဆူမှုဖြစ်ပွားခဲ့သော အီကွေဒေါနိုင်ငံ Guayaquil မြို့ရှိ Litoral Penitentiary အကျဉ်းထောင်ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် သေဆုံးသူများ၏ မိသားစုဝင်များကို တွေ့ရစဉ်(ဆင်ဟွာ)

နိုဝင်ဘာ ၁၃ ရက်က ထောင်ဆူမှုဖြစ်ပွားခဲ့သော အီကွေဒေါနိုင်ငံ Guayaquil မြို့ရှိ Litoral Penitentiary အကျဉ်းထောင်ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် သေဆုံးသူများ၏ မိသားစုဝင်များကို တွေ့ရစဉ်(ဆင်ဟွာ)

သေဆုံးသွားသူများ၏ ရုပ်အလောင်းကို လာမည့်နာရီအနည်းငယ်အတွင်း မိသားစုဝင်များထံ ပြန်လည် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ၊ ကျန်ရှိနေသေးသည့် ရုပ်အလောင်းများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ရန် အာဏာပိုင်များက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းထောင်ဆူမှုသည် အကျဉ်းထောင်၏ အဆောင် အမှတ်-၂ တွင် စတင်ဖြစ်ပွားခဲ့ပြီး ဖောက်ခွဲမှုများ ၊ ဓားကိုင်တိုက်ခိုက်မှုများ နှင့် အိပ်ယာခင်းများမီးရှို့ဖျက်ဆီးမှုများအပါအဝင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် အကျဉ်းသား ၇၀၀ ခန့် ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။

သောကြာနေ့ညပိုင်း နှင့် စနေနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ယင်းထောင်ဆူမှု ပဋိပက္ခအတွင်း အကျဉ်းသား ၂၅ ဦးလည်း ဒဏ်ရာရသွားခဲ့ကြောင်း နှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ဆက်နွယ်သည့် အကျဉ်းသား ဂိုဏ်အုပ်စုများအကြား အားပြိုင်ကြရာမှ တိုက်ခိုက်မှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အကြမ်းဖက်မှုများ အဆုံးသတ်ရန် နှင့် တရားဥပဒေစိုးမိုးရေး ပြန်လည်လုပ်ဆောင်ရန် အမျိုးသားရဲတပ်ဖွဲ့က အကျဉ်းထောင်ပတ်ပတ်လည်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၉၀၀ ဦး ကို တပ်ချထားကြောင်း သိရသည်။
အီကွေဒေါနိုင်ငံသမ္မတ Guillermo Lasso က စနေနေ့တွင် “ အစိုးရအဖွဲ့အကြပ်အတည်း” တစ်ခုအဖြစ် အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပြီး ယင်းပဋိပက္ခအား ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအကြံပေးအဖွဲ့တစ်ခုနှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

အီကွေဒေါနိုင်ငံ Litoral Penitentiary အကျဉ်းထောင်တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်ကလည်း အခြားထောင်ဆူမှုတစ်ခုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၁၈ ဦးသေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်သည် အီကွေဒေါနိုင်ငံ သမိုင်းတွင် အကြီးမားဆုံးထောင်းတွင်း သတ်ဖြတ်မှုကြီး တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Ecuadorian authorities identify 34 of 68 prisoners killed in riot

QUITO, Nov. 14 (Xinhua) — Ecuadorian authorities have identified 34 of the 68 prisoners killed in the violent clashes at Litoral Penitentiary, the main prison in the city of Guayaquil, the General Secretariat of Communication for the Presidency reported on Sunday.
Their remains will be delivered to the victims’ families in the next few hours, as authorities continue to work to identify the other deceased.

The incident took place in pavilion 2 of the prison, which houses some 700 inmates and included explosions, the use of knives, and the burning of mattresses.
The revolt, which also left 25 inmates injured, occurred on Friday night and early Saturday, and has been attributed to power struggles between gangs linked to drug trafficking.
The National Police deployed 900 troops in and around the prison to restore order and curb violence.
Ecuadorian President Guillermo Lasso convened a “crisis cabinet” on Saturday and met with an international advisory team and representatives from civil society to analyze the incident.
On Sept. 29, the Litoral Penitentiary was the scene of another revolt that left 118 inmates dead in the largest prison massacre in the country’s history.

Police officers stand guard outside the Litoral Penitentiary after clashes occurred in the prison in Guayaquil, Ecuador, Nov. 13, 2021. (Photo by Marcos Pin/Xinhua)