Connect with us

Africa & Middle East

ထောင်ဖောက်မှုဖြစ်ပွားပြီးနောက် အစ္စရေးက ဂါဇာအနောက်ဘက်ကမ်းတွင် ပိတ်ဆို့မှု တိုးမြှင့်လုပ်ဆောင်

ဂျေရုစလမ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

စက်တင်ဘာ ၆ ရက်က အစ္စရေးအကျဉ်းထောင်တစ်ခုမှ မြေအောက်ဥမင်တူး၍ ထောင်ဖောက်ထွက်ပြေးသွားသော ပါလက်စတိုင်းအကျဉ်းသား ၆ ဦးအား ပြန်လည်ဖမ်းမိနိုင်ရေးအတွက် အနောက်ဘက်ကမ်း နှင့် ဂါဇာကို ပိတ်ဆို့မှု တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။“ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို ပြန်ဖမ်းမိဖို့ ကြိုးပမ်းအားထုတ်မှုတစ်ခုအနေနဲ့ အထွေထွေပိတ်ဆို့မှု တိုးမြှင့်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ယင်းပိတ်ဆို့မှုကို စက်တင်ဘာ၈ ရက် ည သန်းခေါင်ယံတွင် ပြန်ဖွင့်ပေးရန် မူလက စီစဉ်ထားသော်လည်း ယခုအခါ လာမည့် စက်တင်ဘာ ၁၁ ရက် ညပိုင်း အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် ပိတ်ဆို့မှုအား ပြန်ဖွင့်ပေးရန်မှာ “ အခြေအနေအရ ဆုံးဖြတ်မှုတစ်ခု လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြောင် နှင့် အနောက်ဘက်ကမ်းသို့ စားနပ်ရိက္ခာများ ပို့ဆောင်ရန်အတွက် အပြန်အလှန် ဖြတ်သန်းသွားလာမှုကို စက်တင်ဘာ ၈ ရက်တွင် ပြန်ဖွင့်ပေးရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း အခြား ဖြတ်သန်းသွားလာမှုများ အားလုံးကို ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း နှင့် ပါလက်စတိုင်းများအနေဖြင့် “ အရေးပေါ်အခြေအနေ သို့မဟုတ် ကျန်းမာရေးအခြေအနေအရ နှင့် လူသားချင်းစာနာထောက်ထားမှုတစ်ခုအရ” ၎င်းတို့အနေဖြင့် ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။

ယင်း ပိတ်ဆို့မှုကို ဂျူးနှစ်သစ်ကူးကာလမစတင်မီ စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျူးလူမျိုးတို့၏ အဓိက အားလပ်ရက်အတွင်း ပါလက်စတိုင်းစစ်သွေးကြွများ တိုက်ခိုက်လာနိုင်ချေကို စဉ်းစား တွေးတောပြီး အစ္စရေးတို့သည် ယင်းအချိန်အခါ သမယအတွင်း နိုင်ငံ၏ နယ်နိမိတ် အဝင်ထွက်ပိတ်ဆို့မှုကို ပုံမှန်ပြုလုပ်လေ့ရှိကြောင်း သိရသည်။(Xinhua)

——————————————-
(English Version)

Israel extends closure on West Bank, Gaza after jailbreak incident

JERUSALEM, Sept. 8 (Xinhua) — Israel’s army said Wednesday it was extending the closure on the West Bank and Gaza due to a manhunt for six Palestinian escapees who tunneled their way out of jail on Monday.

“In an effort to locate the escaped prisoners, it has been decided to extend the general closure,” an Israeli military spokesperson said in a statement. It said the closure, originally planned to end on Wednesday at midnight, now will continue until Saturday night. Lifting the closure will be “subject to a situational assessment,” the statement read.

The crossings for the transfer of goods into the Gaza Strip and the West Bank will open as planned on Wednesday. However, all of the other crossings will remain closed and Palestinians could pass through them only “under special or medical circumstances and on a humanitarian basis.”
The closure has been imposed on Monday afternoon, right before the Jewish New Year.Israel considers the main Jewish holidays as prone to attacks by Palestinian militants and regularly closes off the occupied territories during these times. Enditem

Israeli soldiers guard the security fence near the West Bank city of Jenin, on Sept. 8, 2021. Israel’s army said Wednesday it was extending the closure on the West Bank and Gaza due to a manhunt for six Palestinian escapees who tunneled their way out of jail on Monday. (Photo by Gil Eliyahu /JINI via Xinhua)