Connect with us

North America

ဒေါ်နယ်ထရမ့်၏ သမ္မတအမိန့်အာဏာဖြင့် TikTok နှင့် WeChat အား ပစ်မှတ်ထား ပိတ်ပင်မှုကို ဘိုင်ဒန်ပြန်လည်ပယ်ဖျက်

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ Culver City မြို့ငယ်ရှိ TikTok ကုမ္ပဏီရုံးခွဲအား အဝင်ဆိုင်းဘုတ်အား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ယခင်သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်ကလက်ထက်က သမ္မတအမိန့်အာဏာတစ်ရပ်ဖြင့် လက်မှတ်ရေးထိုးခဲ့သည့် TikTok နှင့် WeChat အပါအဝင် အခြား ဆော့ဝဲလ်အက်ပလီကေးရှင်း ၈ ခုအား ပစ်မှတ်ထားပိတ်ပင်ခြင်းအမိန့်ကို လက်ရှိ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့တွင် ပြန်လည် ပယ်ဖျက်လိုက်ကြောင်း သိရသည်။

“ သမ္မတဘိုင်ဒန်ဟာ TikTok ၊ WeChat နဲ့ အခြား ဆက်သွယ်ရေး နဲ့ ငွေကြေးဆိုင်ရာ နည်းပညာ ဆော့ဝဲလ်အက်ပလီကေးရှင်း ၈ ခုကို လွှဲပြောင်းအသုံးပြုမှု ပိတ်ပင်တားဆီးဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ထားတဲ့ ဒေါ်နယ်ထရမ့်လက်ထက်က သမ္မတအမိန့်အာဏာ(E.O.S) သုံးခုကို ပယ်ဖျက်တာနဲ့အစားထိုးတာ လုပ်လိုက်ပါတယ်၊ အဲဒီ သမ္မတအမိန့်အာဏာတားဆီးထားတဲ့ အကြောင်းအရာ သုံးခုထဲက နှစ်ခုကိုတော့ တရားရေး ဥပဒေကြောင်းအရ ပယ်ဖျက်ပေးတာပါ ” ဟု သမ္မတအိပ်ဖြူတော်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့က သမ္မတဘိုင်ဒန်လက်မှတ်ရေးထိုးလိုက်သော အမိန့်အာဏာသစ်သည် အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဌာနအနေဖြင့် မကြာသေးခင် အမေရိကန် ထုတ်ကုန်-ကွင်းဆက် လုံခြုံရေးစဉ်းမျဉ်းအောက်တွင် “ နိုင်ငံရပ်ခြား ယှဉ်ပြိုင်မှု” နှင့်အတူ ဆက်စပ်သည့် ဆော့ဝဲလ်အက်ပလီကေးရှင်းများ အပေါ် ပြန်လည်သုံးသပ်အကဲဖြတ်မှုပြုလုပ်ရန် နှင့် “ သင့်မြတ်မှန်ကန်သောနည်းလမ်းဖြင့် အရေးယူမှုပြုလုပ်ရန်”တိုက်ရိုက်ညွှန်ကြားခဲ့ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအမိန့်ညွှန်ကြားချက်တွင် ကူးသန်းရောင်းဝယ်ရေးဌာနအနေဖြင့် ထိခိုက်လွယ်သော လူပုဂ္ဂိုလ်အချက်အလက်အား ကာကွယ်ရန် နှင့် ဆော့ဝဲလ်အက်ပလီကေးရှင်းနှင့်ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သော ခြိမ်းခြောက်မှုကို ကာကွယ်ရန် အနာဂတ်အတွက် အစီအမံများကို လုပ်ဆောင်ထားရန်လည်း ပါဝင်သည်။

အမျိုးသားလုံခြုံရေးစိုးရိမ်ပူပန်မှုအကြောင်းပြချက်ဖြင့် ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံ၌ TikTok နှင့် WeChat အက်ပလီကေးရှင်းများကို ဒေါင်းလုတ်ချ၍ အသုံးပြုမည့် အသုံးပြုသူအသစ်များအား ပိတ်ပင်မှုပြုလုပ်ခဲ့သည်။ သို့သော်လည်း ၎င်း၏ အမိန့်များကို အမေရိကန်ပြည်ထောင်စုခရိုင်တရားရုံးများက တားဆီးမှုပြုလုပ်ခဲ့ပြီး ယင်းအမိန့်များမှာလည်း မည်သည့်အခါမျှ သက်ရောက်မှုမရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ အက်ပလီကေးရှင်းအား ပိတ်ပင်တားဆီးရန် အဆိုပြုချက်ကြောင့် အမေရိကန်နိုင်ငံတွင် စိုးရိမ်ပူပန်မှု နှင့် ကန့်ကွက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ရသည်။ အချို့သော အမေရိကန်နိုင်ငံသားများအတွက် Facebook ၊ TikTok နှင့် WeChat တို့သည် ၎င်းတို့၏ မိတ်ဆွေသူငယ်ချင်းများကို အွန်လိုင်းပေါ်မှတဆင့် ချိတ်ဆက်နိုင်ရာ အဆင်ပြေကောင်းမွန်သော ပျော်ရွှင်စရာ ပေါင်းကူးရေး လမ်းကြောင်းများအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်နိုင်ငံရှိ ကျွမ်းကျင်သူများကလည်း အချက်အလက် နှင့် လူပုဂ္ဂိုလ် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများသည် ဆော့ဝဲလ်အက်ပလီကေးရှင်းအား ပိတ်ပင်တားဆီးခြင်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သတိပေးထားကြသည်။ အမေရိကန်က မိမိနိုင်ငံတွင် နိုင်ငံခြားမှ အက်ပလီကေးရှင်းများအား ပိတ်ပင်တားဆီးခြင်းကြောင့် အခြားနိုင်ငံများကလည်း ၎င်းတို့၏ ကိုယ်ပိုင်အမျိုးသားလုံခြုံရေးရှုထောင့်ဖြင့် အမေရိကန်ကုမ္ပဏီမှ ထုတ်လုပ်သော အက်ပလီကေးရှင်းများကို ပိတ်ပင်တားဆီးမှု အပြန်အလှန် ပြုလုပ်နိုင်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Biden revokes Trump executive orders targeting TikTok, WeChat
WASHINGTON, June 9 (Xinhua) — U.S. President Joe Biden on Wednesday revoked and replaced executive orders targeting TikTok, WeChat and eight other software applications signed by former President Donald Trump.
“President Biden revoked and replaced three E.O.s (executive orders) that aimed to prohibit transactions with TikTok, WeChat, and eight other communications and financial technology software applications; two of these E.O.s are subject to litigation,” the White House said in a fact sheet.
The new order signed by Biden on Wednesday directed the U.S. Commerce Department to instead evaluate software applications connected with “foreign adversaries” under recent U.S. supply-chain security rules “and take action, as appropriate,” according to the White House.
The order also directed the Commerce Department to develop further options to protect sensitive personal data and address the “potential threat” from certain connected software applications.
Citing national security concerns, Trump had sought to block new users from downloading TikTok and WeChat in the United States, but his orders were blocked in U.S. federal district courts and never took effect.
The proposed ban on the apps had caused widespread concern and opposition in the United States. For some Americans, Facebook, TikTok and WeChat are fun and convenient ways to connect with their friends online.
U.S. experts have also warned that security concerns around data and privacy cannot be solved with bans on apps. On the contrary, U.S. bans on foreign apps could provide cover to other countries to spin up their own national security justification to ban apps from U.S. companies. ■

Photo taken on Aug. 21, 2020 shows a logo of the video-sharing social networking company TikTok’s Los Angeles Office in Culver City, Los Angeles County, the United States. (Xinhua)