Connect with us

Europe

ဓာတ်ငွေ့ရောင်းဝယ်ရာတွင် ရုရှား၏ ငွေပေးချေမှု အပြောင်းအလဲကြေညာချက်ကို ဂျာမနီက ပယ်ချကြောင်း Scholz ပြော

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz အား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရာတွင် ရူဘယ်ငွေဖြင့် ပေးချေရေး ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်၏ ကြေညာချက်ကို ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz က မတ် ၂၃ ရက်က ပယ်ချလိုက်ကြောင်း သိရသည်။ဘရပ်ဆဲလ်မြို့တွင် Group of Seven (G7) ခေါင်းဆောင်များနှင့် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ Scholz က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံက “ချစ်ကြည်ရင်းနှီးမှုမရှိသော နိုင်ငံများ” အား သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရာတွင် ရုရှားငွေ ရူဘယ်တစ်ခုတည်းဖြင့်သာ လက်ခံတော့မည်ဟု မကြာသေးမီက ပူတင်၏ ကြေညာချက်အား တုံ့ပြန်သည့်အနေဖြင့် ပေးချေရမည့်ငွေကြေးမှာ ဆက်စပ်စာချုပ်များ၏ အစိတ်အပိုင်းဖြစ်ကြောင်း Scholz က ပြောခဲ့သည်။

ငွေပေးချေမှုများမှာ များသောအားဖြင့် ယူရိုငွေများ သို့မဟုတ် ဒေါ်လာများဖြင့် ပြုလုပ်ခဲ့ကြကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ “သဘောတူညီချက်တွေနဲ့ စာချုပ်တွေအများစုက ငွေပေးချေမှုကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာကို အတိအကျဖော်ပြထားပြီးသားဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရုရှားနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်နိုင်ငံများအပါအဝင် “ချစ်ကြည်ရင်းနှီးမှုမရှိသော နိုင်ငံများ” အား သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချရာတွင် အမေရိကန်ဒေါ်လာ သို့မဟုတ် ယူရိုငွေများကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်းနှင့် ရူဘယ်ငွေတစ်ခုတည်းဖြင့်သာ လက်ခံသွားမည် ဖြစ်ကြောင်း မတ် ၂၃ ရက်က အစိုးရအဖွဲ့ဝင်များနှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံရာတွင် ပူတင်က ပြောခဲ့သည်။

ငွေပေးချေမှုများ ရူဘယ်ငွေပေးချေမှုသို့ လွှဲပြောင်းရေး ဆောင်ရွက်မှုများ အကောင်အထည်ဖော်ရန် ပူတင်က ဆုံးဖြတ်ထားကြောင်း သိရသည်။

မတ် ၂၄ ရက်တွင် G7 ခေါင်းဆောင်များမှ ပူးတွဲထုတ်ပြန်ကြေညာချက်အရ G7 နိုင်ငံများအနေဖြင့် ရုရှားစွမ်းအင်အပေါ် မှီခိုမှုကို လျှော့ချရေး နောက်ထပ်အဆင့်များနှင့် စိတ်ချရသော အခြားနည်းလမ်းနှင့် ရေရှည်တည်တံ့သော တင်သွင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်ပေါ်လာနိုင်သော တင်ပို့မှုဆိုင်ရာ အနှောင့်အယှက်များကို စည်းစည်းလုံးလုံးနှင့် အနီးကပ် ညှိနှိုင်းသွားရေးကိုလည်း ထုတ်ပြန်ချက်၌ အလေးထားဖော်ပြထားသည်။ယူကရိန်း ပဋိပက္ခသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကို ဖိအားမြင့်တက်လာစေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ (Xinhua)

…………………………………………
Germany rejects Russia’s announcement of payment change in gas deal: Scholz
Source: Xinhua| 2022-03-25 11:33:17|Editor: huaxia
BERLIN, March 24 (Xinhua) — German Chancellor Olaf Scholz on Thursday rejected Russian President Vladimir Putin’s announcement of transferring payment to rubles in natural gas deal.
Scholz made the remarks at a press conference after a meeting of the Group of Seven (G7) leaders in Brussels.
In response to Putin’s recent announcement that Russia will only accept rubles for natural gas supplied to “unfriendly countries,” Scholz said the currency of payment is part of relevant contracts.
He added that the payments were usually made in euros or dollars. “Most agreements and treaties are absolutely precise about the currency in which the payment has to be done,” he said.
Putin said Wednesday at a meeting with government members via video link that Russia will reject U.S. dollars or euros and only accept rubles for its natural gas supplied to “unfriendly countries,” including the European Union members and the United States.
Putin decided to implement a set of measures to transfer payments to rubles, starting with Russian natural gas in the shortest possible time.
According to a joint statement by G7 leaders issued on Thursday, the G7 countries will take further steps to reduce their reliance on Russian energy and ensure secure alternative and sustainable supplies.
The statement also stressed solidarity and close coordination in case of possible supply disruptions.
It also noted that the Ukraine crisis places global food security under increased pressure. ■
Photo : German Chancellor Olaf Scholz attends a question session of German Bundestag in Berlin, capital of Germany, on Jan. 12, 2022. (Xinhua/Shan Yuqi)