Connect with us

China

နည်းပညာသစ်များက တရုတ် အာကာသယာဉ်မှူးများ၏ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း နေထိုင်မှုကို ပိုမိုလွယ်ကူစေ

လျိုပေါ်မင်နှင့် ထန်းဟုန်ပေါ တို့နှင့်အတူ အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်တာများ ပူးပေါင်းဆောင်ရွက်နေသော တရုတ် အာကာသယာဉ်မှူး နွဲ့ဟိုင်ဆန်းအား Tianhe ပင်မခန်းမအတွင်း၌ ရှိနေသည်ကို ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ် အာကာသယာဉ်မှူးများသည် အဆင့်မြင့် သတင်းအချက်အလက်နည်းပညာ အသုံးချခြင်းဖြင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ပိုမို အဆင်ပြေပြေနှင့် သက်သောင့်သက်သာရှိစွာ နေထိုင်၊ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း တရုတ်နိုင်ငံ အာကာသ သိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အာကာသစခန်း ပင်မခန်းမ Tianhe တွင် စမတ်နေအိမ်စနစ်များ (smart home systems) များရှိကြောင်း CASC လက်အောက် တရုတ် အာကာသနည်းပညာအကယ်ဒမီ (CAST) ရှိ အာကာသစခန်း ဒီဇိုင်းပညာရှင်ချုပ် Bai Linhou က ဒီဇင်ဘာ ၁၇ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အာကာသယာဉ်မှူးများသည် မိုဘိုင်းအက်ပ်များ (mobile apps) များမှတစ်ဆင့် ပင်မခန်းမရှိ မီးထွန်းခြင်းနှင့် မီးဖိုဆောင်အသုံးအဆောင်များအား ထိန်းချုပ်နိုင်ကြောင်း၊ ၎င်းတို့သည် မိသားစုနှင့် မိတ်ဆွေများအား အင်တာနက်နှင့် ဗီဒီယိုဖြင့် စကားစမြည်ပြောဆိုနိုင်ကြောင်း Bai က ပြောကြားခဲ့သည်။

ပင်မခန်းမတွင် တပ်ဆင်ထားသော acousto-optic စနစ်ကြောင့် အာကာသယာဉ်မှူးများသည် ညအချိန်၌ တာဝန်ထမ်းဆောင်ရမည့်အစား အိပ်စက်နိုင်ကြောင်း Bai က ဖြည့်စွက်ပြောကြားခဲ့သည်။

အဖွဲ့ဝင်များအနေဖြင့် နာရီဝက်ခန့်အကြာတွင် ပူနွေးသောအစားအစာကို ရရှိနိုင်ကြောင်း တရုတ်နိုင်ငံ၏ Shenzhou-12 မစ်ရှင်၏ အာကာသယာဉ်မှူး ၃ ဦးအနက် တစ်ဦးဖြစ်သော ထန်းဟုန်ပေါက ပြောခဲ့သည်။

အာကာသယာဉ်မှူးများသည် ဂြိုဟ်ပတ်လမ်းကြောင်းတွင် အကယ်၍ တစ်စုံတစ်ရာမှားယွင်းမှုဖြစ်ပွားပါက ၎င်းတို့အား အကြောင်းကြားပေးမည့် အသံချဲ့စက်များရှိခြင်းကြောင့် ကောင်းမွန်စွာအိပ်စက်နိုင်ကြောင်း ၎င်းက ဆိုသည်။

အဆင်ပြေစွာနေထိုင်ခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းသည် တရုတ်နိုင်ငံ၏ လူလိုက်ပါသောအာကာသယာဉ်ပုံစံ၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း Bai က ပြောကြားခဲ့သည်။

သုတေသီများက ပင်မခန်းမအား ကောင်းမွန်စွာ ဖြည့်ဆည်းပံ့ပိုးပေးထားသဖြင့် အာကာသယာဉ်မှူးများမှာ သက်သောင့်သက်သာဖြစ်စွာ တာဝန်ထမ်းဆောင်နိုင်ကြောင်း Bai က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
New technologies make Chinese astronauts’ in-orbit lives easier
Source: Xinhua| 2021-12-17 23:12:18|Editor: huaxia
BEIJING, Dec. 17 (Xinhua) — Chinese astronauts live and work more conveniently and comfortably in orbit with the application of advanced information technology, said the China Aerospace Science and Technology Corporation (CASC).
There are smart home systems in China’s space station core module Tianhe, Bai Linhou, deputy chief designer of the space station at the China Academy of Space Technology (CAST) under the CASC, said at a press conference Friday.
Astronauts can control the lighting and kitchen equipment of the core module through mobile apps. They can also navigate the internet and video chat with their family and friends, Bai said.
With an acousto-optic system equipped in the core module, the astronauts can sleep at night instead of being on duty, Bai added.
Tang Hongbo, one of the three astronauts of China’s Shenzhou-12 crewed mission, said that the crew members could have a hot meal in about half an hour.
He also said astronauts sleep well in orbit thanks to a loudspeaker that informs them if anything goes wrong.
Convenient living and working is a significant part of China’s manned spacecraft design, Bai said.
Researchers have furnished the core module well so that astronauts can work comfortably, Bai added. ■
Photo : Screen image taken at Beijing Aerospace Control Center on July 4, 2021 shows Chinese astronaut Nie Haisheng staying inside Tianhe in cooperation with Liu Boming and Tang Hongbo for their extravehicular activities (EVAs). (Xinhua/Jin Liwang)