Connect with us

Europe

နယူးဇီလန်နိုင်ငံတွင် ဈေးဝယ်စင်တာ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင်း လူ ၁ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရ

အော့ကလန်မြို့၊ နယူးဇီလန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့ရှိ New Lynn ဈေးဝယ်စင်တာတွင် ယနေ့ (စက်တင်ဘာ ၃ ရက်) ဒေသစံတော်ချိန်မွန်းလွဲ ၂:၄၀ နာရီက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုသည် “အစွန်းရောက်ဝါဒီ” တစ်ဦးက လုပ်ဆောင်ခဲ့သော “အကြမ်းဖက်တိုက်ခိုက်မှု” ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) က အတည်ပြုပြောကြားခဲ့သည်။အဆိုပါ အမျိုးသား၏ တိုက်ခိုက်မှုကြောင့် အော့ကလန်မြို့ရှိ New Lynn ရှိ ဈေးဝယ်စင်တာ Countdown ၌ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး ၎င်းအား အခင်းဖြစ်ပွားရာနေရာ၌ပင် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်။ St Johns လူနာတင်ကားဝန်ဆောင်မှု ပြောရေးဆိုခွင့်ရှိသူက လူ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၃ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း ပြောကြားခဲ့သည်။

“အကြမ်းဖက် အစွန်းရောက်ဝါဒီတစ်ဦးဟာ အော့ကလန်ရှိ New Lynn Countdown မှာ အပြစ်မဲ့ နယူးဇီလန်နိုင်ငံသားတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်” ဟု အာဒန်က ဝယ်လ်လင်တန်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

“ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုပါပဲ။ ဒါဟာ အသိတရားမဲ့လုပ်ရပ်ဖြစ်ပြီး ကျွန်မအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ်အတွင်း ကျူးလွန်သူအား ရဲတပ်ဖွဲ့က ပစ်ခတ်နိုင်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်သူသည် နယူးဇီလန်နိုင်ငံသို့ ၂၀၁၁ ခုနှစ်က ရောက်ရှိလာခဲ့သည့် သီရိလင်္ကာနိုင်ငံသားဖြစ်ပြီး ၎င်း၏ ISIS အတွေးအခေါ်ကြောင့် ၂၀၁၆ ခုနှစ်မှစ၍ နယူးဇီလန်နိုင်ငံ ရဲတပ်ဖွဲ့မှ အနီးကပ်စောင့်ကြည့်နေသူတစ်ဦးလည်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့ရာတွင် ၎င်းအမျိုးသားသည် နယူးဇီလန်နိုင်ငံသား ဟုတ်မဟုတ်ကိုမူ မသိရသေးဟု ဆိုသည်။ “သူ့ရဲ့အတွေးအခေါ်နဲ့ ဆက်စပ်ပြီး” တိုက်ခိုက်မှုနောက်ကွယ်က တစ်ခုချင်းစီကို အလေးထားစုံစမ်းစစ်ဆေးနေကြောင်း နယူးဇီလန်နိုင်ငံ ရဲမင်းကြီး အင်ဒရူး ကော့စတာ (Andrew Coster) ကလည်း သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုပြောကြားခဲ့သည်။

တိုက်ခိုက်မှုကျူးလွန်သူသည် တစ်ဦးတစ်ယောက်တည်း ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူအား နောက်ထပ်ခြိမ်းခြောက်မှု မရှိခဲ့ကြောင်း ကော့စတာက ဆိုသည်။

အဆိုပါ အမျိုးသားသည် Glen Eden ရှိ ၎င်းနေထိုင်ရာ နေရာမှ အော့ကလန် အနောက်ပိုင်း LynnMall ရှိ Countdown နေရာသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး စောင့်ကြည့်ရေးအဖွဲ့များကလည်း အနီးကပ်စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ဓားတစ်ချောင်းရရှိရန် ဈေးဝယ်စင်တာ Countdown နေရာသို့ ဝင်ရောက်ခဲ့သည်။ စောင့်ကြည့်ရေးအဖွဲ့များကလည်း ၎င်းတို့ရောက်နိုင်သလောက် အနီးကပ်ရှိနေခဲ့ကြောင်း ကော့စတာက ဆိုသည်။
အဆိုပါ အမျိုးသားသည် ၎င်းတို့အား ဓားဖြင့် ချဉ်းကပ်ခဲ့ချိန်တွင် သေနတ်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ကော့စတာက ပြောခဲ့သည်။

ဈေးဝယ်စင်တာတည်ရှိရာအနီးဝန်းကျင်တွင် ရဲတပ်ဖွဲ့က လမ်းများကို ပိတ်ထားလိုက်ပြီး ရဲကား ၁၀ စီးထက်မနည်း ရောက်ရှိနေကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

Supermarket terrorist attack leaves 1 dead, at least 6 injured in New Zealand

AUCKLAND, New Zealand, Sept. 3 (Xinhua) — New Zealand Prime Minister Jacinda Ardern confirmed that the violent attack that happened at New Lynn supermarket in Auckland at 2:40 p.m. local time Friday was a “terrorist attack” carried out by an “extremist.”

The man was shot dead by police at the scene after injuring multiple people at a supermarket Countdown in Auckland’s New Lynn. Ambulance service St Johns spokesperson said at least six people were injured, including three in critical conditions.

“A violent extremist undertook a terrorist attack on innocent New Zealanders at a New Lynn Countdown in Auckland,” Ardern told a press conference in Wellington.

“This was a violent attack. It was senseless and I’m sorry it happened,” said the prime minister, adding that the police shot the offender within roughly a minute of the attack happening.
The attacker is a Sri Lankan national who arrived in New Zealand in 2011 and has been closely monitored by the New Zealand Police from 2016 for his ISIS ideology, she said.
However, it is unknown whether this man is a New Zealand citizen.

New Zealand Police Commissioner Andrew Coster also confirmed at the press conference that the individual behind the attack was under heavy surveillance over “concerns about his ideology.”
The offender was acting alone and there was no further threat to the public, said Coster.

The person travelled from where he lived in Glen Eden to Countdown at LynnMall in Western Auckland, and was closely watched by surveillance teams.
He entered Countdown supermarket where he obtained a knife. Surveillance teams were as close as they could be, according to Coster.
When the man approached them with the knife he was shot and killed, said Coster.

Armed police have blocked off the roads nearby and at least 10 police vehicles are around the mall, where the supermarket is located. Enditem

(210903) — AUCKLAND, Sept. 3, 2021 (Xinhua) — Police cars are seen outside the New Lynn supermarket in Auckland, New Zealand, Sept. 3, 2021. New Zealand Prime Minister Jacinda Ardern confirmed that the violent attack that happened at New Lynn supermarket in Auckland at 2:40 p.m. local time Friday was a “terrorist attack” carried out by an “extremist.” (Photo by Zhao Gang/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.