Connect with us

COVID-19 UPDATES

နယူးယောက်ပြည်နယ် ၌ အိုမီခရွန် အတည်ပြုလူနာ ၅ ဦးတွေ့ရှိ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Fifth Avenue လမ်းတလျှောက်တွင် နှာခေါင်းစည်းဝတ်ဆင်ထားသည့် လမ်းသွားလမ်းလာများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် တွင် တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်နှင့် ကော်လိုရာဒိုပြည်နယ်၌ ဗီဇပြောင်းဗိုင်းရပ်စ် တွေ့ရှိပြီးနာရီပိုင်းအကြာ၊ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် (Omicron) အတည်ပြုလူနာ ၅ ဦးကို နယူးယောက်ပြည်နယ်တွင် တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul က ဒီဇင်ဘာ ၂ ရက်နေ့ နှောင်းပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အတည်ပြုလူနာများအား ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းလူနာများနှင့် ပတ်သက်ပြီးရောဂါဖြစ်ပွားမှုအသေးစိတ်ကို တာဝန်ရှိသူများက စုံစမ်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

“စိုးရိမ်စရာအကြောင်းတော့ မရှိသေးပါဘူး။ ဒီအချိန်ကျွန်မတို့ဆီမှာ သတင်းအချက်အလက်တွေ မရှိသေးပေမဲ့ နောက်ထပ်ကူးစက်မှုတွေ ထပ်ပေါ်လာဦးမယ်လို့ သံသယရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံတွင် ကူးစက်မှုများစွာ စစ်ဆေးတွေ့ရှိသဖြင့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက်မှ ၂၁ ရက်နေ့တွင် Javits Center တွင်ကျင်းပသော Anime NYC စုဝေးပွဲအတွက် နယူးယောက်စီးတီးသို့ မကြာသေးမီက ခရီးသွားမှတ်တမ်းရှိသူအား အမေရိကန်နိုင်ငံ၏ ဒုတိယမြောက် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုအဖြစ် မင်နီဆိုးတားပြည်နယ် ကျန်းမာရေးအာဏာပိုင်များက အတည်ပြုခဲ့သည်။

ပွဲစီစဉ်သူများက ပွဲတော်တွင် လူပေါင်း ၅၀,၀၀၀ ကျော်ကို ဆွဲဆောင်ခဲ့ပြီး ၎င်းတို့အားလုံးကို ကာကွယ်ဆေးထိုးရန်နှင့် အခန်းတွင်း၌ နှာခေါင်းစည်းများ ဝတ်ဆင်ရန် လိုအပ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူတိုင်းကို ဆေးစစ်ရန်၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းနှင့် လူချင်း ခပ်ခွာခွာနေခြင်းကဲ့သို့သော ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက်တွင်လည်း အာဖရိကတောင်ပိုင်းသို့ မကြာသေးမီက ခရီးသွားလာခဲ့သည့် ကိုလိုရာဒိုပြည်နယ်ရှိ အမျိုးသမီးတစ်ဦး၌ ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုနောက်တစ်ခုကို တွေ့ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ဒီဇင်ဘာ ၂ ရက်၌ ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ၏ ပထမဆုံး ဗီဇပြောင်းအိုမီခရွန် အတည်ပြုလူနာသည် ကယ်လီဖိုးနီးယားပြည်နယ်မှ ဖြစ်ပြီး မကြာသေးမီက တောင်အဖရိကနိုင်ငံမှ ဆန်ဖရန်စ္စကို မြို့သို့ ပြန်လာခဲ့သူတစ်ဦး ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က အတည်ပြုခဲ့သည်။

ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် အစီအမံအသစ်များအား ဒီဇင်ဘာ ၂ ရက်တွင် ဘိုင်ဒန်အစိုးရအဖွဲ့မှ ကြေညာခဲ့သည်။ (Xinhua)

………………………………………….
(English Version)
1st LD: New York State confirms 5 Omicron cases
NEW YORK, Dec. 2 (Xinhua) — Five cases of the COVID-19 Omicron variant were reported here on Thursday, hours after cases were detected in the U.S. states of Minnesota and Colorado.
New York Governor Kathy Hochul announced the confirmed cases during a press conference late Thursday, saying that officials were still gathering details on the cases.
“No cause for alarm…We don’t have more information at this time, but we suspect there will be more cases emerging,” she said.
The news came as multiple cases have been detected in the United States.
Minnesota health authorities confirmed the second U.S. case of Omicron variant earlier Thursday in a resident with a recent travel history to New York City for the Anime NYC convention held at the Javits Center on Nov. 19-21.
Event organizers say the festival attracted more than 50,000 people, all of whom were required to be vaccinated and wear masks indoors.
Officials are urging everyone who attended the event to get tested, wear masks and take precautions like social distancing.
Also on Thursday, health authorities reported another case in a Colorado woman who had recently traveled to southern Africa.
The first U.S. Omicron case was confirmed in California on Wednesday in a person who recently returned to San Francisco from a trip to South Africa.
The Biden administration announced on Thursday an array of new measures to combat the virus. Enditem