Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Kaduna ပြည်နယ်တွင် ၂၀၁၈ ခုနှစ် မေ ၈ ရက်က သေနတ်သမားများ ၏ တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းသွားသည့် တဲအိမ်များရှေ့တွင် လမ်းလျှောက်သွားသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

လာဂိုစ် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ်အတွင်းရှိ ကျေးရွာ ၅ ခုတွင် သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူပေါင်း ၃၅ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Maradun ဒေသခံအစိုးရအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ကျေးရွာ ၅ ရွာသို့ ဇူလိုင် ၈ ရက်က သေနတ်သမားများ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း Zamfara ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Mohammed Shehu က ဆင်ဟွာသတင်းဌာနသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

သေနတ်သမားများသည် လူနေအိမ်များနှင့် အဆောက်အဦများကို လိုက်လံ ဖျက်ဆီး နေစဉ်အတွင်းမှာပင် မြင်မြင်သမျှ ဒေသခံများအား သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အဲဒီဓားပြတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသား ၃၅ ယောက် သေဆုံးခဲ့ရပါတယ်” ဟု Shehu ကဆိုသည်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ခိုက်ခံရကြောင်း သတင်းပေးပို့မှုရရှိချိန်တွင် ဆိုးရွားသော လမ်းခရီးအခြေအနေများကြောင့် အခင်းဖြစ်ကျေးရွာများသို့ အချိန်မီ သွားရောက် တားဆီးနိုင်ခဲ့ခြင်းမရှိကြောင်း ဆိုသည်။ ယခုအခါ ရဲတပ်ဖွဲ့ဝင်များသည် သေနတ်သမားများနောက်သို့ လိုက်လံ၍ နယ်မြေရှင်းလင်းမှု လုပ်ဆောင်လျက်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြီးခဲ့သော လများအတွင်း နိုင်ဂျီးရီးယားနိုင်ငံ၌ သတ်ဖြတ်မှုများ နှင့် ပြန်ပေးဆွဲမှုများကို ဦးတည်လုပ်ဆောင်သည့် သေနတ်သမားများ၏ တိုက်ခိုက်မှုများကို ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။(Xinhua)

———————————–
(English Version)
35 people killed in gunmen attack in NW Nigeria
LAGOS, July 10 (Xinhua) — At least 35 people have been killed by gunmen who attacked five villages in northwest Nigeria’s Zamfara state, police said on Saturday.
Mohammed Shehu, the police spokesperson in Zamfara, told Xinhua on the phone the gunmen in large numbers invaded five villages in Maradun local government area on Thursday, shooting sporadically at the unsuspecting residents while destroying houses and properties.
“Thirty five people were killed by the bandits,” Shehu said.
According to the police spokesperson, security forces were unable to reach the affected villages on time after receiving the report of gunmen attacks due to the poor road condition.
He said police are currently in pursuit of the gunmen.
There have been a series of gunmen attacks in Nigeria in recent months, leading to deaths and kidnappings. Enditem

A man walks past burnt houses in Nigeria’s northwest state of Kaduna on May 8, 2018. (Xinhua/Olatunji Saliu)