Connect with us

Africa & Middle East

နိုင်ဂျီးရီးယား ရဲများက ဓားပြများနှင့် သေနတ်ဖြင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၁ ဦးအား ကယ်တင်နိုင်

နိုင်ဂျီးရီးယားနိုင်ငံ၊ မြို့တော် Abuja တွင် ဆန္ဒပြမှုတစ်ခုအတွင်း လုံခြုံရေး အရှိန်မြှင့်ဆောင်ရွက်နေသည့် အဓိကရုဏ်းနှိမ်နှင်းရေး ရဲအရာရှိများအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လေးဂို့စ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ဘက် Zamfara ပြည်နယ်၌ ဓားပြများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး နောက် သေနတ်သမားများက ပြန်ပေးဆွဲခဲ့သည့် လူ ၁၁ ဦးအား ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂၂ ရက်တွင် ပြောကြားသည်။

ဇူလိုင် ၂၁ ရက်က ဘေးအန္တရာယ်ကျရောက်မှုနှင့် ပတ်သက်၍ ဖုန်းလက်ခံရရှိပြီးနောက် Zamfara ပြည်နယ် Gusau-Sokoto ခရိုင်၊ Dogon Karfe လမ်းတစ်လျှောက်တွင် ပိတ်ဆို့၍ အပြစ်မဲ့ ခရီးသွားများအား တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အား နှိမ်နင်းရန် ရဲတပ်ဖွဲ့တစ်ဖွဲ့အား စေလွှတ်ခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Muhammad Shehu က ဇူလိုင် ၂၂ရက်က ဆင်ဟွာသို့ ပေးပို့သည့် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိစဉ် အပြစ်မဲ့ခရီးသွားများအား ပြန်ပေးဆွဲ၍ တောထဲသို့ခေါ်ဆောင်သွားသည့် ဓားပြအဖွဲ့အား ရဲများက သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ပါတယ်’’ ဟု Shehu က ဆိုသည်။

“ဒီစစ်ဆင်ရေးက ခရီးသွားလာနေသူတွေကို ခြောက်လှန့်ဟန့်တားနေတဲ့ လူဆိုးတွေကို ပြင်းပြင်းထန်ထန် ရဲရဲဝံ့ဝံ့ တိုက်က်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်” ဟု Shehu က ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့မှ ပြန်ပေးဆွဲခံရသူ ၁၁ ဦးအား ချက်ချင်းကယ်တင်စဉ် ဓားပြတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ သိရသည်။

ရဲများမရောက်ရှိမီ တောထဲသို့ ခေါ်ဆောင်ခြင်းခံရသည့် ကျန်ရစ်သည့် ပြန်ပေးဆွဲခံရသူများအား ရဲတပ်ဖွဲ့မှ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး စစ်ဆင်ရေး ဆောင်ရွက်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

လူဦးရေအထူထပ်ဆုံးဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ၏ မြောက်ဘက်ပိုင်းတွင် မကြာသေးမီလများက လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများစွာဖြစ်ပွားခဲ့ပြီး အရပ်သားအများအပြား ပြန်ပေးဆွဲခံရကာ သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Nigerian police rescue 11 people following gunfight with bandits
LAGOS, July 22 (Xinhua) –
Nigerian police rescued 11 people kidnapped by gunmen in the country’s northwestern state of Zamfara following a gunfight with bandits on Wednesday, according to a police spokesperson on Thursday.
In a statement sent to Xinhua on Thursday, Muhammad Shehu, a spokesperson for the police in Zamfara, said after receiving a distress call, a team of police operatives were sent on Wednesday to repel a group of armed bandits who blocked Gusau-Sokoto road at Dogon Karfe axis in the state and attacked commuters.

“On arrival at the scene, the police were engaged in a gun duel by bandits who already abducted innocent commuters and were about to take them to the forest,” Shehu said.
“The operatives gallantly repelled them, deterring the hoodlums from the further onslaught on the commuters,” Shehu said.
According to the police spokesperson, one of the bandits was killed while 11 kidnapped victims were instantly rescued by the operatives after the encounter.

He added that the police had launched a search and rescue operation to rescue the remaining victims who were taken to the forest before the police arrived.

The northern part of the most populous African country has witnessed a series of attacks by armed groups in recent months, leading to many deaths and civilians kidnapped. Enditem

This file photo shows anti-riot police officers beef up security during a protest in Abuja, capital of Nigeria, Sept. 4, 2019. (Xinhua/NAN)