Connect with us

Asia

နီပေါနိုင်ငံက ဒစ်ဂျစ်တယ်ဗီဇာစနစ် မိတ်ဆက်

နီပေါနိုင်ငံ၊ ခတ္တမန္ဒူ မြို့၊ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးအား ၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၂၂ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံသည် ၄၅ နှစ်ကြာ ကျင့်သုံးခဲ့သည့် လက်ရေးမူဖြင့်ရေးသွင်းရသော ဗီဇာစနစ်ကို ဇွန် ၂၈ ရက်မှစတင်ကာ ဒစ်ဂျစ်တယ်ဗီဇာစနစ်ဖြင့် စတင်အစားထိုးအသုံးပြုခဲ့ကြောင်း သိရသည်။အဆိုပါ ဒီဂျစ်တယ်ဗီဇာစနစ် စတင်အသုံးပြုခြင်းအခမ်းအနားတွင် နီပေါ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထဲရေးဝန်ကြီး Bishnu Prasad Paudel က လူဝင်မှုကြီးကြပ်ရေးဌာန၏ဘက်ပေါင်းစုံပေါင်းစပ်ထားသောအချက်အလက်စနစ်မှ ဒစ်ဂျစ်တယ်နည်းဖြင့်ထုတ်လုပ်ထားသည့် ဗီဇာစနစ်သစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ဒစ်ဂျစ်တယ်ဗီဇာစနစ်တွင် သုံးဖက်မြင်ပုံရိပ် နှင့် ရေစာအမှတ်အသားပါဝင်မည်ဖြစ်ကြောင်း ၊ လုံခြုံရေး အင်္ဂါရပ်များအနေဖြင့် ရေစာအမှတ်အသားနှင့်ဗီဇာစတစ်ကာအတွင်းရှိ QR Code ပါသောရေစာအမှတ်အသားနှင့် ဗီဇာ၏အသေးစိတ်အချက်အလက်များပါဝင်မည်ဖြစ်ကြောင်း နှင့် အာဏာပိုင်များအနေဖြင့် QR code ဖတ်သူများ၏အကူအညီဖြင့် မှန်ကန်မှုရှိမရှိကို စစ်ဆေးဆုံးဖြတ်ပေးသွားဖြစ်ကြောင်း သိရသည်။

ဒစ်ဂျစ်တယ်စနစ်ဖြင့် ဗီဇာထုတ်ပေးရာတွင် အသေးစိတ်အချက်အလက်များကို အပြောင်းအလဲပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း ၎င်းဌာနက ဆိုသည်။ အလားတူ နိုင်ငံကူးလက်မှတ်၏ စာမျက်နှာတစ်ခုတွင် ဗီဇာ စတစ်ကာ ၃ ခုထားရှိနိုင်ကြောင်း နှင့် ဆော့ဖ်ဝဲလ်စနစ်ဖြင့် ဗီဇာနံပါတ်များအား ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စနစ်သစ်အရ ဗီဇာလုံခြုံရေးနှင့် စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာမည်ဟုမျှော်လင့်ရကြောင်း ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“လက်ရှိမှာ ကျွန်တော်တို့ဟာ ဗီဇာစာရွက်မှာ လက်ရေးမူနဲ့ရေး ၊ စာရွက်ထုတ်ပြီး နိုင်ငံခြားသားတွေရဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ ဗီဇာစတစ်ကာမိတ္တူ ကို ကပ်ပြီး ထုတ်ပေးနေပါတယ်။’’ဟု လူဝင်မှုကြီးကြပ်ရေးဌာန ပြန်ကြားရေးအရာရှိ Jhanka Nath Dhakal ကဆင်ဟွာသို့ပြောသည်။

ယင်းစနစ်သည် အနာဂတ်တွင် အီလက်ထရွန်းနစ်ဗီဇာများ ထုတ်ပေးရန် လမ်းကြောင်းဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။ယင်းနေ့တွင် နိုင်ငံခြားသားများအား ဒစ်ဂျစ်တယ်ဗီဇာ ၁၅၀ ကျော်ထုတ်ပေးခဲ့ပြီး ပေါ်တူဂီနိုင်ငံသားတစ်ဦးက ယင်းဗီဇာစနစ်ကို ပထမဆုံးလက်ခံရရှိခဲ့ကြောင်း Dhakal ကဆိုသည်။

လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် စနစ်သစ်အား၎င်းတို့၏ ဌာနချုပ်၌ စတင်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်သစ် ဖြစ်သော ဇူလိုင်လယ်မှစတင်ကာ ၄ လ အတွင်း လူဝင်မှုကြီးကြပ်ရေးရုံးများအားလုံးတွင် ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။

ဒစ်ဂျစ်တယ်ဗီဇာစနစ်အားကြေညာနေစဉ်အတွင်း နီပေါနိုင်ငံသည် ပြည်ဝင်ခွင့်ဗီဇာ စနစ် ပိုမိုခိုင်မာစေမည်ဖြစ်ကာ အမျိုးသားလုံခြုံရေးအား အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် Paudel ပြောကြားထားသည်။ (Xinhua)

————————————————–
(English Version)
Nepal introduces digital visa system

KATHMANDU, June 28 (Xinhua) — Nepal on Monday launched a digital visa system to replace its 45-year-old hand-written visa regime.

Deputy Prime Minister and Home Minister Bishnu Prasad Paudel inaugurated the new system under which visas are produced digitally from the integrated information system of the Department of Immigration.

According to a statement by the Department of Immigration, key features of the digital visa system include hologram and water mark as security features and QR code in visa sticker with details of the visa enabling authorities to determine whether the visa is authentic with the help of QR code readers.

The department said as the digital system generates visas, their details cannot be tempered. Likewise, the software system itself will generate visa numbers and three visas can be accommodated on a single page of passport.

“With the new system, the security and management of visas is expected to be strengthened,” the department said.
“Currently, we issue visas by writing manually on a printed copy of visa sticker and such visa is pasted on the passport of foreigners,” Jhanka Nath Dhakal, information officer at the Department of Immigration, told Xinhua.

He said the new system would pave the way for the issuance of e-visas in the future.
On the day, over 150 digital visas were issued to foreigners, with a Portuguese citizen being the first to receive such a visa, said Dhakal.

The Department of Immigration started the new system at its headquarters, but it aims to introduce it to all of its offices within four months after the new 2021-22 fiscal year begins in mid-July.

While launching the digital visa system, Paudel said it would make Nepali visas more credible and help ensure national security, according to a press statement released by the Home Ministry. Enditem