Connect with us

Asia

နီပေါနိုင်ငံသို့ COVID-19 ကာကွယ်ဆေးများ ထပ်မံထောက်ပံ့သွားမည်ဟု တရုတ်နိုင်ငံ သံအမတ်ကြီး ပြောကြား

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့သို့ ဇွန် ၁ ရက်တွင် တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး အသုတ်တစ်သုတ် ရောက်ရှိလာစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

ကပ်ရောဂါအား ရင်ဆိုင်တိုက်ဖျက်ရေးအတွက် COVID-19 ကာကွယ်ဆေးများကို နီပေါနိုင်ငံအား ထပ်မံကူညီပေးသွားမည်ဟု နီပေါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Hou Yanqi က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။နီပေါနိုင်ငံသည် ယခုအခါ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ၄ သန်း ဝယ်ယူထားကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံသို့ ကာကွယ်ဆေးများကို လာမည့်ရက်များအတွင်း ထပ်မံပို့ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက နီပေါနိုင်ငံ၏ မြို့တော် ခတ္တမန္ဒူမြို့၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ ဆေးရုံတစ်ရုံ၌ ဧပြီ ၇ ရက်က ကျန်းမာရေးဝန်ထမ်းတစ်ဦးက တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးအား ပြသစဉ်(ဆင်ဟွာ)

“ကျွန်တော်တို့အနေနဲ့ နီပေါနိုင်ငံကို ကာကွယ်ဆေးတွေ ပိုပိုပြီး ဆက်လက်ထောက်ပံ့သွားပါမယ်”ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။ “နည်းပညာပိုင်းအရ ကျွန်တော် ကတိပေးနိုင်ပါတယ်။ဘာလို့လဲဆိုရင် တရုတ်နိုင်ငံမှာ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်းက အခုဆိုရင် နေ့စဉ်နဲ့အမျှ တိုးတက်လာနေလို့ပါပဲ ”ဟု ၎င်းက ပြောကြားခဲ့သည်။

ကာကွယ်ဆေးများ ထောက်ပံ့မှု မလုံလောက်ခြင်းကြောင့် နီပေါနိုင်ငံသည် ဇူလိုင် ၁၁ ရက်အထိ နိုင်ငံသား သန်း ၃၀ အနက် လူဦးရေ ၂ ဒသမ ၆၁ သန်းကိုသာ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပေးထားပြီး ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားသူမှာ ၁ ဒသမ ၀၄ သန်းရှိကြောင်း နီပေါနိုင်ငံ၏ ကျန်းမာရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

နီပေါနိုင်ငံသည် ယခုအခါတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဒုတိယလှိုင်းဖြင့် ကြုံတွေ့နေရပြီး အထူးသဖြင့် မေလတွင် လူနာသစ်ဦးရေသည် မြင့်တက်လာခြင်းကြောင့် ကျန်းမာရေးစနစ်သည် ဝန်ပိနေကြောင်း သိရသည်။
တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအား တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုနိုင်ခြင်း နှင့် လက်လှမ်းမီခြင်းကို သေချာစေရန် ကတိကဝတ်ပြုထားကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် တောင်အာရှနိုင်ငံအချို့သည် မကြာသေးမီက ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ၊ သမဝါယမဖွံ့ဖြိုးရေးစင်တာ နှင့် တရုတ်နိုင်ငံ ချုံချင့် နှင့် ချန်ဒူးမြို့အသီးသီးတွင် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ရေးအတွက် စင်တာများတည်ဆောက်ရန် စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းကြောင်းများသည် တောင်အာရှနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပြုစေမည်ဖြစ်ပြီး ကပ်ရောဂါနှင့်အခြားအကျပ်အတည်းများ ကြုံတွေ့ရချိန်တွင် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ကူညီပို့ဆောင်ရန်အတွက် အလွန်လျှင်မြန်ပြီး ထိရောက်သောလမ်းကြောင်းများ ဖြစ်စေကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်ရန် လိုအပ်ချက်သည် နီပေါနိုင်ငံနှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် နှောင့်နှေးကြန့်ကြာစေခဲ့ရသည့် အကြောင်းတရားဖြစ်သည်ဟု ၎င်းကဆိုသည်။ နှစ်နိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယင်းကိစ္စအား တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းသွားရန် လည်း ၎င်းက အကောင်းမြင် ပြောကြားခဲ့သည်။ (Xinhua)

———————————————
(English Version)

China to supply more COVID-19 vaccines to Nepal: Chinese ambassador

KATHMANDU, July 12 (Xinhua) — Chinese Ambassador to Nepal Hou Yanqi on Monday pledged more COVID-19 vaccine shots to Nepal to help vaccinate the South Asian country in its battle against the pandemic.

China will deliver more vaccine doses to Nepal “in the coming days” as Kathmandu is now purchasing 4 million shots of China-made vaccine, Hou said at a press conference held via video link in Kathmandu, the Nepali capital.

“We will continue to provide more and more vaccines to Nepal,” Hou added. “Technically I can promise that, because the capability and capacity of the production now is increasing day by day in China.”

Due to a short supply of vaccines, Nepal has managed to administer single dose to only 2.61 million of its 30 million nationals as of Sunday, while just 1.04 million people have been inoculated twice, according to the country’s Ministry of Health and Population.

Nepal is now gripped by a second wave of the coronavirus, with its health system overwhelmed by a swelling number of new cases in May in particular.
The Chinese ambassador noted that China has actively carried out international cooperation in the fight against the COVID-19 pandemic, and is committed to ensuring accessibility and affordability of vaccines in developing countries.

China and some South Asian countries have lately launched a poverty alleviation and cooperative development center and a center for stockpile of emergency supplies in the Chinese cities of Chongqing and Chengdu respectively.

Hou said the platforms shall contribute to South Asian countries’ effort in poverty alleviation and help deliver emergency supplies in the face of a pandemic and other crises “in a very quick and efficient way.”

She stressed that the need to protect China’s Tibet Autonomous Region from the coronavirus is behind the delayed reopening of the transit points with Nepal. She expressed optimism that the concerned authorities of the two countries will resolve the issue as quickly as possible. Enditem
Photo 1 – A batch of Chinese vaccine arrives in Kathmandu, Nepal on June 1, 2021. (Xinhua/Sulav Shrestha)
Photo 2 – A health worker displays a China-donated COVID-19 vaccine dose at a hospital in Kathmandu, Nepal, on April 7, 2021. (Xinhua/Sulav Shrestha)