Connect with us

Europe

နေတိုး ထိပ်သီးအစည်းအဝေးပြီးနောက် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များ ဘောလ်တစ်ပင်လယ်ပေါ်တွင် ကင်းလှည့်

ရုရှားနိုင်ငံ မော်စကိုမြို့တွင် Victory Air Parade အတွင်း မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် Tu-160 တစ်စင်းအား ၂၀၂၀ ပြည့်နှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ဘရပ်ဆဲလ်မြို့တွင် မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) ထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက် ရုရှားနိုင်ငံ၏ Tu-160 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းသည် ဇွန် ၁၅ ရက်က ဘောလ်တစ်ပင်လယ်၏ ကြားနေရေပိုင်နက်အထက် ပျံသန်းခဲ့ကြောင်း သိရသည်။ရုရှားနိုင်ငံ၏ Su-35S နှင့် Su-27 တိုက်လေယာဉ်များ လိုက်ပါခြံရံလာသော ဒုံးကျည်သယ်ဆောင်ရေးလေယာဉ်များ ပျံသန်းမှုသည် အချိန် ၈ နာရီကြာမြင့်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မစ်ရှင်၏ တိကျသောအဆင့်များတွင် ရုရှားလေယာဉ်များသည် အီတလီ၊ ဒိန်းမတ်နှင့် ဆွီဒင် စစ်လေယာဉ်များနောက်၌ လိုက်ပါပျံသန်းခဲ့ခြင်းဖြစ်သည်။ရုရှားဗုံးကြဲလေယာဉ်များ ပျံသန်းမှုသည် လေပိုင်နက်အသုံးပြုချက်အတွက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများအရ အပြည့်အဝဆောင်ရွက်ခဲ့ကြကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြခဲ့သည်။

နေတိုး ထိပ်သီးအစည်းအဝေး၏ ဇွန် ၁၄ ရက် ကြေညာချက်အရ စစ်ဘက်ဆိုင်ရာ မိတ်ဖက်ခေါင်းဆောင်များသည် ရုရှားနိုင်ငံနှင့် နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ရန် လမ်းဖွင့်ထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Russian strategic bombers patrol Baltic after NATO summit

MOSCOW, June 15 (Xinhua) — Two Russian Tu-160 strategic bombers flew over neutral waters of the Baltic Sea on Tuesday shortly after the North Atlantic Treaty Organization wrapped up a summit in Brussels.

The flight of the missile carriers, accompanied by Russia’s Su-35S and Su-27 fighters, took eight hours, the Russian Defense Ministry said.

At certain stages of the mission, the Russian aircraft were followed by Italian, Danish and Swedish warplanes.

The Russian bombers flight was carried out in full compliance with international rules for the use of airspace, the ministry added.

According to a communique of the NATO summit on Monday, leaders of the military alliance are open to political dialogue. ■

A strategic bomber Tu-160 is seen during the Victory Air Parade in Moscow, Russia, May 9, 2020. (Photo by Evgeny Sinitsyn/Xinhua)