Connect with us

Africa & Middle East

နေတိုး(NATO)က ယူကရိန်းအရေးနှင့် ပတ်သက်၍ အထူးအစည်းအဝေး ပြုလုပ်မည်

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ NATO ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည့် NATO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတစ်ခုအား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

မြောက်အတ္တလန္တိတ်စစ်မဟာမိတ်အဖွဲ့(NATO) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများသည် ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံတစ်ဝိုက် စစ်ရေးကြီးထွားလာခြင်း နှင့် ကျယ်ပြန့်သော ဥရောပလုံခြုံရေး ကိစ္စရပ်များအား ဆွေးနွေးရန် ဇန်နဝါရီ ၇ ရက်တွင် virtual အထူးအစည်းအဝေးတစ်ရပ်အား ပြုလုပ်သွားမည် ဖြစ်ကြောင်း မဟာမိတ်အဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် မြောက်အတ္တလန္တိတ်ကောင်စီ(NAC)သည် ယူကရိန်းအရေးနှင့် ပတ်သက်၍ တင်းမာမှုများ အရှိန်မြင့်နေချိန်တွင် ထိုသို့ တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် ပါဝင်သူများသည် ဇန်နဝါရီ ၁၂ ရက်တွင် NATO – ရုရှား ကောင်စီအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သောလုပ်ဖွယ်ဆောင်ရာများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဥရောပသမဂ္ဂ(EU) အဆင့်မြင့်သံတမန် Josep Borrell သည် ယူကရိန်းနိုင်ငံသို့ ဇန်နဝါရီ ၄ ရက်တွင် နှစ်ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်သို့ မသွားရောက်မီ Josep Borrell သည် ရုရှားစစ်ရေးအရှိန်မြင့်မားလာခြင်း နှင့် အမေရိကန်နိုင်ငံနှင့် NATO အဖွဲ့ဝင်နိုင်ငံများအား ရုရှားနိုင်ငံက ပေးပို့ထားသည့် လုံခြုံရေးအာမခံချက်ဆိုင်ရာ စာချုပ်မူကြမ်းနှစ်စောင်နှင့်ပတ်သက်၍ NATO အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ပြီးခဲ့သည့်အပတ်တွင် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုအတွင်း သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းနိုင်ငံနှင့် တင်းမာမှုများအား လျှော့ချစေရန် ရုရှားနိုင်ငံ သမ္မတအား တိုက်တွန်းခဲ့သည်။ အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်တွင် ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky နှင့် တယ်လီဖုန်း ပြောဆိုမှုများအတွင်း ဒေသတွင်းလုံခြုံရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။ (Xinhua)

………………………………….
(English Version)
NATO to hold extraordinary meeting over Ukraine
BRUSSELS, Jan. 4 (Xinhua) — The foreign affairs ministers of the North Atlantic Treaty Organization (NATO) member states will hold an extraordinary virtual meeting on Friday to discuss Russia’s military buildup around Ukraine and broader European security issues, the alliance said on Tuesday.
Chaired by NATO Secretary General Jens Stoltenberg, the North Atlantic Council (NAC) will meet amid heightened tensions over Ukraine. The participants will also do preparatory work for the NATO-Russia Council meeting on Jan. 12.
The European Union’s (EU) top diplomat Josep Borrell flew to Ukraine on Tuesday for a two-day visit. Ahead of his departure, he discussed with Stoltenberg the Russian military buildup and the two draft treaties on security guarantees addressed by Russia to the United States and the members of NATO.
In a telephone conversation last week, U.S. President Joe Biden urged his Russian counterpart Vladimir Putin to “de-escalate tensions with Ukraine.” Biden also discussed regional security issues with Ukrainian President Volodymyr Zelensky in telephone talks late on Sunday. Enditem
Photo 1 – A meeting of NATO defense ministers is held at the NATO headquarters in Brussels, Belgium, Oct. 21, 2021. (Xinhua/Zheng Huansong)