Connect with us

Media

ပင်လယ်ထဲကအမှိုက်များကို ကောက်ယူပေးသည့် စက်ရုပ်ကို တရုတ်နိုင်ငံတောင်ပိုင်းတွင် စတင်စမ်းသပ်

ဟိုင်ခို ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်သုတေသီများသည် တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန် ပြည်နယ်၊ ဆန်းရ မြို့တွင် ပင်လယ်ထဲမှ အမှိုက်များကို ကောက်ယူပေးသည့် စက်ရုပ် စမ်းသပ်မောင်းနှင်မှုကို လုပ်ဆောင်ခဲ့သည်။

Shanghai Jiaotong တက္ကသိုလ်၊ ပင်လယ်ရေနက်ပိုင်းသိပ္ပံပညာဆိုင်ရာ Yashou Bay အဖွဲ့က တီထွင်လိုက်သည့် အဆိုပါစက်ရုပ်သည် ရေပေါ်တွင်မျောနေသည့် အမှိုက်များကိုသာမက ပင်လယ်ရေအောက်ကြမ်းပြင်တွင် နစ်မြုပ်နေသည့် အမှိုက်များကိုပါ ကောက်ယူနိုင်သည်။

စက်ရုပ်သည် အရှည် (၁.၇၆) မီတာ၊ အကျယ် (၁.၄၈)မီတာ နှင့် အမြင့် (၀.၉၅) မီတာ ရှိသည်။

၎င်းစက်ရုပ်သည် ရေအောက် ၁၀၀ မီတာ အနက်အထိ ရေငုပ်အမှိုက်ကောက်ယူနိုင်ရန် ပုံစံထုတ်ထားပြီး တစ်ကြိမ်လျှင် အမှိုက်လီတာ (၂၀၀)ကျော် ကောက်ယူနိုင်သည်။(Xinhua)

—————————————-
(English Version)
GLOBALink | Marine trash-collecting robot put into trial operation in south China
Chinese researchers have completed the trial operation of a marine trash-collecting robot in Sanya, south China’s Hainan Province.

The robot, developed by researchers with Shanghai Jiaotong University Yazhou Bay Institute of Deep-sea Sci-tech, is capable of searching and collecting the trash both floating on water and buried in seabed.

The robot measures 1.76 meters long, 1.48 meters wide and 0.95 meters high.

It is designed to operate at depths up to 100 meters and can collect more than 200 litres of trash at a time.

Produced by Xinhua Global Service