Connect with us

Europe

ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ရုရှားတိုက်လေယာဉ်များက အမေရိကန် ဗုံးကျဲလေယာဉ်အား လိုက်ပါစောင့်ကြည့်

ရုရှား တိုက်ခိုက်ရေးဂျက်လေယာဉ် Su-27 က လေကြောင်းပြပွဲတစ်ခု၌ သရုပ်ဖော်ပြသနေသည်ကို ၂၀၁၆ ခုနှစ် မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရုရှားတိုက်လေယာဉ်များသည် ပစိဖိတ်သမုဒ္ဒရာ၏ ကြားနေရေပိုင်နက်အပေါ် ပျံသန်းနေသော အမေရိကန် ဗျူဟာမြောက်ဗုံးကျဲလေယာဉ်အား လိုက်ပါထောက်လှမ်းခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပစိဖိတ်သမုဒ္ဒရာအပေါ် ရုရှား နယ်စပ်များသို့ ချဉ်းကပ်လာသော လေကြောင်းပစ်မှတ်တစ်ခုအား ရုရှားနိုင်ငံမှ ရေဒါများက ဖမ်းယူမိခဲ့ကြောင်းနှင့် ယင်းအခြေအနေအား တုံ့ပြန်ရန် ရုရှား အရှေ့ပိုင်းစစ်ဘက်ခရိုင်က Su-35S တိုက်လေယာဉ် သုံးစင်း စေလွှတ်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ လေကြောင်းပစ်မှတ်မှာ အမေရိကန် လေတပ် B-52H ဗျူဟာမြောက်ဗုံးကျဲလေယာဉ်တစ်စင်းဖြစ်ကြောင်း ရုရှား လေယာဉ်မှူးများက သတ်မှတ်ခဲ့ပြီး ယင်းနောက်သို့ လိုက်ပါထောက်လှမ်းခဲ့ကြောင်း သိရသည်။

ရုရှားနယ်စပ်များ ချိုးဖောက်ခြင်းမရှိခဲ့ကြောင်းနှင့် ရုရှားလေယာဉ်များ ပျံသန်းမှုသည်လည်း လေပိုင်နက်အသုံးပြုခြင်းဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများအား တင်းကြပ်စွာ လိုက်နာခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ (Xinhua)

————————————
(English Version)
Russian fighters escort U.S. bomber over Pacific
Source: Xinhua| 2021-09-26 21:56:56|Editor: huaxia
MOSCOW, Sept. 26 (Xinhua) — Russian fighters on Sunday escorted a U.S. strategic bomber over the neutral waters of the Pacific, said the Russian Defense Ministry.
Russian radars detected an air target approaching Russian borders over the Pacific, and three Su-35S fighters of Russia’s Eastern Military District took off in response, the ministry said.
The Russian pilots identified the air target as a U.S. Air Force B-52H strategic bomber and then escorted it.
No violation of Russian borders was allowed and the flight of the Russian aircraft strictly complied with international rules for the use of airspace, it said. Enditem
Photo : Russian jet fighters Su-27 of the Russian Knights aerobatic team perform during an air show in Kubinka, Russia, May 21, 2016. (Xinhua/Pavel Bednyakov)