Connect with us

Asia

ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန် CPEC က သမိုင်းဝင် အခွင့်အလမ်းဖြစ်ဟု ပါကစ္စတန်ပညာရှင် ပြောကြား

အစ္စလာမ်မာဘတ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) သည် ၎င်းနိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန် ပါကစ္စတန်နိုင်ငံအတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု အစ္စလာမ်မာဘတ်မြို့ရှိ မဟာဗျူဟာလေ့လာရေးဌာန တရုတ်- ပါကစ္စတန်လေ့လာရေးစင်တာမှ ညွှန်ကြားရေးမှူး Talat Shabbir က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။“ ပါကစ္စတန်-တရုတ်ဆက်ဆံရေး ၏ ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုများ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် အမှာစကားပြောကြားစဉ် Shabbir က ထည့်သွင်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် အေးအတူပူအမျှ ပါကစ္စတန်နိုင်ငံအား အစဉ်အမြဲ အကူအညီပေးခဲ့ကြောင်း နှင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမို ခိုင်မာစေခဲ့ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ပါကစ္စတန်နိုင်ငံရှိ အခြေခံလူတန်းစားများအနေဖြင့် အလုပ်အကိုင် နှင့် စီးပွားရေးအခွင့်အလမ်းများတွင် ခိုင်မာသော ဆက်ဆံရေးများ၏ တိုက်ရိုက်အကျိုးရလဒ်များကို ရရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း Multan မြို့အား ဖြတ်သန်းဖောက်လုပ်ထားသည့် Sukkur-Multan မြန်နှုန်းမြင့်ရထားလမ်း မြင်ကွင်းပုံရိပ်များအား ၂၀၁၉ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း Multan မြို့အား ဖြတ်သန်းဖောက်လုပ်ထားသည့် Sukkur-Multan မြန်နှုန်းမြင့်ရထားလမ်း မြင်ကွင်းပုံရိပ်များအား ၂၀၁၉ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ပညာရှင်က အာဖဂန်နစ္စတန်နိုင်ငံတွင် ငြိမ်းချမ်းရေးသည် အနာဂတ်၌ CPEC ၏ အဝန်းအဝိုင်းကို မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း နှင့် ပါကစ္စတန် နှင့် တရုတ်နိုင်ငံတို့သည် ဗဟိုအာရှနိုင်ငံများ တစ်လျှောက်ချိတ်ဆက်နိုင်ရန် လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

“ CPEC ဟာ ပါကစ္စတန်နိုင်ငံနဲ့ ပြင်ပကမ္ဘာကို ချိတ်ဆက်ဖို့ နဲ့ပေါင်းစည်းဖို့ အကြောင်းတရား အားလုံးပဲဖြစ်ပါတယ်။ CPEC တစ်လျှောက် လမ်းအခြေခံအဆောက်အဦပိုင်း ချိတ်ဆက်မှုဟာ နိုင်ငံအတွင်း ခရီးအကွာအဝေးကို တိုတောင်းသွားစေသလို ကုန်သွယ်ရေးကို မြှင့်တင်ပေးနိုင်ရုံသာမကဘူး ပြင်ပကမ္ဘာဆီ ပါကစ္စတန်နိုင်ငံရဲ့ ကုန်သွယ်ရေးဆက်ဆံမှုတွေကိုလည်း မြှင့်တင်ပေးမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အချို့သော အနောက်နိုင်ငံများသည် ကောလာဟလများဖြင့် CPEC ကို ဆန့်ကျင်ကာ ဝါဒဖြန့်ချိရေး သတင်းအမှားများကို လုပ်ဆောင်လျက်ရှိကြောင်း ၊ သို့သော်လည်း ပါကစ္စတန်ပြည်သူများသည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) ၏ စောစောစီးစီး – အကျိုးခံစားခွင့်ရသော စီမံကိန်းများ၏ အကျိုးရလဒ်များကို ရရှိပိုင်ဆိုင်ထားခဲ့ပြီးဖြစ်ရာ ယင်းစီမံကိန်းကို ခိုင်ခိုင်မာမာထောက်ခံ အားပေးလျက်ရှိကြောင်း Shabbir က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

………………………………………….
(English Version)
CPEC historical opportunity for Pakistan’s economic uplift: Pakistani expert

ISLAMABAD, Dec. 1 (Xinhua) — The China-Pakistan Economic Corridor (CPEC) is a historical opportunity for Pakistan to uplift its economy, Talat Shabbir, director of China-Pakistan Study Center at the Institute of Strategic Studies in Islamabad said on Tuesday.

Speaking at a seminar titled “Regional and Global Imperatives of Pakistan-China Relations,” Shabbir said China has always helped Pakistan through thick and thin, and CPEC has strengthened the bilateral relations because the common people of Pakistan are getting the direct benefit of the strong relations in the form of job and business opportunities.

The expert said peace in Afghanistan will further enhance the scope of CPEC, and Pakistan and China will be able to get connected to Central Asian countries through it.
“CPEC is all about connectivity and integration within Pakistan and to the outside world. The connectivity offered by CPEC through road infrastructure will not only enhance trade within the country by shortening the distances within Pakistan but also enhance the country’s trade relations to the outside world,” he added.

Shabbir added that several Western countries are making false propaganda against CPEC by spreading rumors, but the people of Pakistan firmly support the project as they are already reaping the benefits of the early-harvest projects of CPEC.

Arial photo taken on Aug. 5, 2019 shows the view of Sukkur-Multan Motorway in central Pakistan’s Multan. (Xinhua/Ahmad Kamal)