Connect with us

Asia

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ၌ မီးလောင်မှု ဖြစ်ပွားနေသော မော်တော်ယာဉ်တစ်စီးအား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Gujranwala ခရိုင်တွင် ဩဂုတ် ၈ ရက်ညပိုင်းတွင် ခရီးသည်တင်ဗန်ကား၏ ဂတ်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၉ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းမီဒီယာတွင် ဖော်ပြခဲ့သည်။အဆိုပါ ခရီးသည်တင်ဗန်ကားသည် ပေါက်ကွဲမှုဖြစ်ပွားမှုပြီးနောက် မီးလောင်ကျွမ်းခဲ့ကြောင်း ၊ အခင်းဖြစ်နေရာတွင် လူ ၅ ဦး သေဆုံးပြီး အခြားသူ ၄ ဦးမှာ ဆေးရုံ၌ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။

ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့၏ အခြေအနေမှာ စိုးရိမ်ရသည်ဟု ဆိုသည်။မီးသတ်သမားများက အခင်းဖြစ်နေရာသို့ အလျင်အမြန်သွားရောက်ကာ မီးငြှိမ်းသတ်ခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများအား ရှာဖွေခဲ့ကြောင်း သိရသည်။

ပန်ဂျပ်ပြည်နယ်ရှိ မော်တော်ယာဉ်များအား ဂတ်စ်အိုး အသုံးပြု၍ သွားလာရန် ခွင့်ပြုထားသော်လည်း ပြုပြင်ထိန်းသိမ်းမှု နည်းပါးသည့် ယာဉ်အိုဟောင်းများသည် ခရီးသည်များအတွက် မကြာခဏ ဆိုသလို အန္တရာယ် ဖြစ်စေကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)
Gas cylinder explosion kills 9 in Pakistan’s Punjab

ISLAMABAD, Aug. 9 (Xinhua) — Nine people were killed and three others injured when the gas cylinder of a passenger van exploded in Gujranwala district of Pakistan’s east Punjab province on Sunday night, local media reported.

The van caught fire following the explosion, killing five people at the spot while four others succumbed to injuries in hospital, the report said.

The injured people were also shifted to a hospital where their condition is said to beFirefighters rushed to the site to douse the fire and recovered the bodies of the dead.Vehicles in Punjab are allowed to run on gas cylinders, but the poorly maintained old vehicles often pose a danger for the passengers. Enditem