Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ သမ္မတအိမ်တော်အား နှစ်သစ်ကူးနေ့တွင် အများပြည်သူအတွက် ဖွင့်လှစ်ပေး

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်၌ ကလေးများနေ့အခမ်းအနားတွင် အပြာရောင်မီးထွန်းထားသော လွှတ်တော်အား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်သမ္မတအိမ်တော်က နှစ်သစ်ကူးပွဲတော် အခမ်းအနားများအနက် တစိတ်တစ်ပိုင်းအဖြစ် ဇန်ဝါရီ ၁ ရက်တွင် အိမ်တော်တံခါးအား အများပြည်သူများအတွက် ဖွင့်လှစ်ပေးသွားမည်ဟု အိမ်တော်က ဒီဇင်ဘာ ၃၁ ရက်က ကြေညာခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြို့တော် အစ္စလာမ်မာဘတ်၏ လုံခြုံရေးမြင့်မားသည့် အနီရောင်ဇုန်တွင် တည်ရှိသော Aiwan-e-Sadr (သို့မဟုတ်) သမ္မတအိမ်တော်မှ ထုတ်ပြန်သော ကြေညာချက်၌ အဆိုပါ ရှားပါးလှသော အခွင့်အရေးက အများပြည်သူများအား ခမ်းနားသော အဆောက်အအုံနှင့် ၎င်း၏ စိမ်းလန်းလှပသော မြက်ခင်းပြင်များအား ကြည့်ရှုရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံပိုင် အဆောက်အအုံများအားလုံးကို ကန့်သတ်နေရာအဖြစ်ထားရှိမည့်အစား အများပြည်သူအတွက် ဖွင့်လှစ်ပေးရေး အစိုးရ၏ ကတိကဝတ်အား ဆောင်ရွက်နေစဉ်အတွင်း အဆိုပါ အဆောက်အအုံအား ယခင်က အကြိမ်ရေအနည်းငယ်သာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းတွင် အချိန်သုံးနာရီကြာ ဖွင့်လှစ်မည့် သမ္မတအိမ်တော်သို့ ဝင်ရောက်လည်ပတ်လိုသူများအနေဖြင့် ကြိုတင်လိုအပ်ချက်အဖြစ် ၎င်းတို့၏ COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်များ ယူဆောင်သွားရန်နှင့် နှာခေါင်းစည်းတပ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။

အစ္စလာမ်မာဘတ်မြို့တွင် ငြိမ်းချမ်းရေးနှင့် အေးချမ်းမှု ထိန်းသိမ်းရန် လုံခြုံရေးတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်အား အထူးတပ်ဖြန့်ထားခြင်းနှင့်အတူ နှစ်သစ်ကူးအကြိုအတွက် မြင့်မားသောသတိပေးချက် ထုတ်ပြန်ထားကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ (Xinhua)

………………………….
(English Version)
Pakistan to open President House to public on New Year’s Day
ISLAMABAD, Dec. 31 (Xinhua) — The Pakistani President House announced on Friday to open its door to the general public on Saturday as part of the New Year celebrations, a statement said.
The statement issued by the media wing of the Aiwan-e-Sadr or the President House located in the high-security red zone of the capital Islamabad said that the rare opportunity will allow people to see the magnificent building as well as its beautiful green lawns.
The building opened to the public a few times in the past, in pursuance of the government’s commitment to opening all state buildings to the general public which otherwise used to be considered a no-go area, said the statement.
The people desiring to visit the President House have been asked to bring their COVID-19 vaccination certificates and wear a face mask as a pre-requisite for entry to the house which will open for three hours on Saturday afternoon.
Islamabad has already been put on high alert on the eve of the new year with the special deployment of over 2,000 security personnel to maintain peace and tranquility, said a statement from local police. Enditem