Connect with us

Asia

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံး ၊ ၃၉ ဦး ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားသော ပေါက်ကွဲမှု အခင်းဖြစ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Upper Kohistan ခရိုင်၌ ယနေ့ ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ဘတ်စ်ကားထိမှန်သော ပေါက်ကွဲမှုအတွင်း လူ ၉ ဦးထက်မနည်း သေဆုံးကာ ၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ မီဒီယာက ရေးသား ဖော်ပြခဲ့သည်။Upper Kohistan ခရိုင် Dasu ဒေသအတွင်းက လုပ်ငန်းခွင်တည်ရှိရာနေရာသို့ သွားရောက်ကြမည့် အလုပ်သမားများ တင်ဆောင်လာသည့် ဘတ်စ်ကားသည် ပေါက်ကွဲသောအရာနှင့်ထိမိသွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များ ၊ ရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာသို့ အလျှင်အမြန် သွားရောက်ခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————————-
(English Version)

9 killed, 39 injured in blast in NW Pakistan

ISLAMABAD, July 14 (Xinhua) — At least 9 people were killed and 39 others injured on Wednesday morning when a blast hit buses in the Upper Kohistan district of Pakistan’s northwest Khyber Pakhtunkhwa province, local media reported.

Local media quoting officials said that the bus was carrying workers to a working site in the Dasu area of the district when it was hit by the blast.

Security forces, police and rescue teams rushed to the site and shifted the bodies and the injured to a nearby hospital. Enditem

Photo – Photo taken with mobile phone shows security officials arriving at the blast site in Orakzai Agency, northwest Pakistan, on Nov. 23, 2018. At least 17 people were killed and 30 others injured when a bomb went off in Pakistan’s northwest tribal region of Orakzai Agency on Friday, local media reported. (Xinhua)