Connect with us

Asia

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရေလှောင်ကန်ကြီးတွင် လှေသုံးစီး နစ်မြုပ်ပြီးနောက် လူ ၄ ဦးသေဆုံး ၊ ၁၇ ဦး ပျောက်ဆုံးနေ

ပါကစ္စတန်နိုင်ငံ၌ လှေနစ်မြုပ်မှု ဖြစ်စဉ်တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Bajaur ခရိုင်ရှိ ရေလှောင်ကန်ကြီးအတွင်း ဇူလိုင် ၂၁ ရက်တွင် လှေသုံးစီး နစ်မြုပ်ပြီးနောက် လူ ၄ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၁၇ ဦး ပျောက်ဆုံးနေကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။လူ ၁၈ ဦး လိုက်ပါလာသော လှေတစ်စီးသည် Bajaur ခရိုင်ရှိ Raghagan ဆည်ကြီးအတွင်း အပန်းဖြေခရီး ထွက်လာစဉ် ရေနက်ပိုင်းသို့ အရောက်တွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများ၏ ဖော်ပြမှုများအရ သိရသည်။

လှေနစ်မြုပ်မှု ဖြစ်ပွားပြီး ချက်ချင်းဆိုသလို လူ ၇ ဦးလိုက်ပါလာသည့် ကယ်ဆယ်ရေးလှေနှစ်စီးသည် ရေနစ်နေသော ခရီးသည်များအား ကယ်ဆယ်ရန် အလျင်အမြန် သွားရောက်စဉ် ၎င်းလှေများပါ ထပ်မံ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အခြားကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပြီး ရေလှောင်ကန်ထဲမှ လူ ၄ ဦးအား ကယ်ဆယ်နိုင်ခဲ့ကာ ရုပ်အလောင်း ၄ လောင်းအား ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ရုပ်အလောင်းများနှင့် ကယ်ဆယ်ခဲ့သူ လူ ၄ ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးနေသောလူများကို ဆက်လက် ရှာဖွေလျက် ရှိကြောင်း မီဒီယာများသို့ ပြောကြားပြီး ၎င်းတို့သည် အသက်ရှင်ရန် အခွင့်အလမ်း လုံးဝမရှိသလောက် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပထမနှစ်မြုပ်သွားသည့် အပန်းဖြေခရီး ထွက်ခွာလာသောလှေသည် မနိုင်ဝန်တင်ခဲ့ခြင်းကြောင့် နစ်မြုပ်သွားခြင်းဖြစ်ပြီး ကယ်ဆယ်ရေးလှေနှစ်စင်းမှာမူ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအားနည်းခြင်းကြောင့်လှေကို မထိန်းနိုင်ဘဲ နစ်မြုပ်သွားခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြခဲ့သည်။

———————————————————
(English Version)

4 killed, 17 missing after three boats sink in reservoir in NW Pakistan

ISLAMABAD, July 22 (Xinhua) — At least four people died and 17 others went missing on Wednesday after three boats sunk in a reservoir in Bajaur district of Pakistan’s northwest Khyber Pakhtunkhwa province, local media reported.

According to the reports, a boat with 18 people on board sunk in Raghagan Dam in the district when it went to deep water on a recreational trip.

Shortly after the accident, two rescue boats with seven personnel on board also sunk in the reservoir when they rushed to rescue the drowning tourists, the reports added.

Another group of rescuers started rescue operation and rescued four persons and took out four bodies from the reservoir.

The bodies and other four rescued persons have been shifted to a hospital.The rescue team told media that they were searching for the missing people, adding that there was almost no chance of their survival.The reports quoting local police said that the first boat sunk due to overloading and the rescue boats faced the accident because the staff were not experienced and they failed to control the boats. Enditem