Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၆ ဦးသေဆုံး

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ထိခိုက်ခဲ့သော အမျိုးသားတစ်ဦးအား ကယ်ဆယ်ရေးသမားများက ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ ဆေးရုံတစ်ရုံသို့လွှဲပြောင်းနေသည်ကို ၂၀၂၀ ပြည့်နှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်၊ ဟန်ဂူးခရိုင်တွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ကလေး ၃ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဒီဇင်ဘာ ၂၈ ရက်၌ သတင်းဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ဟန်ဂူးခရိုင် ဂူလ်ရှန်းနယ်မြေရှိ နေအိမ်တစ်ခုတွင် အပူပေးစက်မှ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

ဓာတ်ငွေ့အပူပေးစက်က အပူထိန်းပေးနေသဖြင့် နေအိမ်အတွင်းရှိ လူများအားလုံးမှာ အိပ်ပျော်နေခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ဒေသတွင်းမီဒီယာသို့ ပြောကြားခဲ့သည်။

နေအိမ်တစ်ခုလုံးတွင် ဓာတ်ငွေ့များဖြင့် ပြည့်နှက်သွားခဲ့သဖြင့် လူသေဆုံးမှုများဖြစ်ပွါးခဲ့ရခြင်းဖြစ်ကြောင်း သတင်းများက ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

——————————-
(English Version)
Gas leakage kills 6 in NW Pakistan
ISLAMABAD, Dec. 28 (Xinhua) — Six people, including three children, were killed due to gas leakage in Hangu district of Pakistan’s northwest Khyber Pakhtunkhwa province, local media reported Tuesday.
According to the reports, the incident took place in a house at Gulshan Colony of Hangu due to gas leakage from the heater.
The rescue workers told local media that all the people in the house were sleeping with the gas heater active to keep themselves warm.
The whole house got filled with gas resulting in the deaths, the reports added. Enditem

Photo : Rescuers transfer a man affected by gas leakage to a hospital in southern Pakistani port city of Karachi on March 6, 2020. At least 80 people were affected after inhaling poisonous gas leaked from a chemical factory in Port Qasim of Pakistan’s southern port city of Karachi on Friday, police said. (Str/Xinhua)