Connect with us

Africa & Middle East

ပါလက်စတိုင်းသမ္မတက နိုင်ငံရေးသဘောတူညီချက်အသစ်သည် အစ္စရေးကျူးကျော်သိမ်းပိုက်မှုအဆုံးသတ်ရန် လမ်းဖွင့်ပေးရမည်ဟု ဆို

အနောက်ဘက်ကမ်း Nablus မြို့အနီးရှိ စစ်ဆေးရေးဂိတ်တွင် ၂၀၂၁ ခုနှစ် မေ ၁၇ ရက်က အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း အစ္စရေးစစ်သား နှင့် ပါလက်စတိုင်းများ ပဋိပက္ခဖြစ်ပွားနေစဉ်(ဆင်ဟွာ)

ရာမာလာ ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘစ် (Mahmoud Abbas) က နိုင်ငံရေးသဘောတူညီချက်အသစ်တစ်ခုသည် အစ္စရေးကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်ရန် မဖြစ်မနေ လမ်းဖွင့်ပေးရမည်ဟု ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့ကြောင်း ပါလက်စတိုင်းအစိုးရပိုင် WAFA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အနောက်ဘက်ကမ်း Nablus မြို့အနီးရှိ Huwwara စစ်ဆေးရေးဂိတ်တွင် ၂၀၂၁ ခုနှစ် မေ ၁၅ ရက်က အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း အစ္စရေးစစ်သား နှင့် ပါလက်စတိုင်းများ ပဋိပက္ခဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အနောက်ဘက်ကမ်း Bethlehem မြို့တွင် ၂၀၂၁ ခုနှစ် မေ ၁၄ ရက်က အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း အစ္စရေးနယ်ခြားစောင့်ရဲတပ်ဖွဲ့ နှင့် ပါလက်စတိုင်းများ ပဋိပက္ခဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အနောက်ဘက်ကမ်း Nablus မြို့အနီး Asira al-Qibliya ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၈ ရက်က ရက်က အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း အစ္စရေးစစ်သားတစ်ဦး နှင့် ပါလက်စတိုင်းတစ်ဦး ထိပ်တိုက်တွေ့နေစဉ်(ဆင်ဟွာ)

ပါလက်စတိုင်းပြည်သူများအနေဖြင့် “ ကျူးကျော်သိမ်းပိုက်ခံဘဝဖြင့် အမြဲတမ်းနေထိုင်သွားရန် သဘောတူလက်ခံလိမ့်မည်မဟုတ်ကြောင်း နှင့် ကျူးကျော်မှုသည် အပြည်ပြည်ဆိုင်ရာဖြေရှင်းမှုများ နှင့် နိုင်ငံတကာလေးပွင့်ဆိုင်အဖွဲ့၏ ထီးရိပ်အောက်တွင် မဖြစ်နေ အဆုံးသတ်ရမည်ဖြစ်ကြောင်း” နှစ်ရက်တာ ကျင်းပသည့် ဖာတာပါတီ၏ တော်လှန်ရေးကောင်စီ (Fatah Party’s Revolutionary Council ) အစည်းအဝေး ပြီးဆုံးချိန်တွင် အက်ဘစ်၏ ပြောကြားချက်ကို ကိုးကား၍ WAFA က သတင်းဖော်ပြခဲ့သည်။
နိုင်ငံတကာလေးပွင့်ဆိုင်အဖွဲ့ဆိုသည်မှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဖြန်ဖြေပေးရန် ၂၀၀၂ ခုနှစ်က စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂ ၊ အမေရိကန် ၊ ဥရောပသမဂ္ဂ နှင့် ရုရှား တို့ပါဝင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကို ဆိုလိုသည်။

အနောက်ဘက်ကမ်း ရာမာလာမြို့၌ ပြုလုပ်သည့် ဖာတာပါတီ၏ တော်လှန်ရေးကောင်စီ အစည်းအဝေးအတွင်း အသက် ၈၆ နှစ်အရွယ် ပါလက်စတိုင်းသမ္မတမာမွတ်အက်ဘစ်က ပါလက်စတိုင်းဗဟိုကောင်စီ ၊ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ပါလီမန်ငယ် တို့သည် ပြတ်သားပြီး လိုအပ်သော ဆုံးဖြတ်ချက်များကို ချမှတ်ရန်အတွက် အရေးကြီးအစည်းအဝေးတစ်ရပ်ကို မကြာမီတွင် ကျင်းပသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

“ အဲဒီဆုံးဖြတ်ချက်တွေဟာ ပါလက်စတိုင်းအရေး နဲ့ ဘယ်လောက်တန်ဖိုးကြီးကြီးပေးဆပ်ခဲ့ရပေမယ့် ဘယ်တော့မှစေ့စပ်ညှိနှိုင်းမှု မလုပ်နိုင်ခဲ့တဲ့နိုင်ငံကို ကာကွယ်ဖို့ ရည်ရွယ်ပါတယ် ” ဟု အက်ဘစ်က ဆိုသည်။

အစ္စရေးအနေဖြင့် ကမ္ဘာက ကျောထောက်နောက်ခံပြုထားသော နှစ်-နိုင်ငံဖြေရှင်းမှုကို ငြင်းပယ်ခဲ့မည်ဆိုပါက “ပါလက်စတိုင်းတွေအနေနဲ့ အခြားနိုင်ငံရေးရွေးချယ်မှုတွေကို ဆက်လုပ်သွားဖို့ မဖြစ်မနေတွန်းအားဖြစ်မှာပါ” ဟုဆိုသည်။

၁၉၄၇ ခုနှစ်တွင် ချမှတ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း သို့မဟုတ် ပါလက်စတိုင်းပြည်သူများ လိုလားတောင်းတသည့် နိုင်ငံရေး နှင့် နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ ဖော်ဆောင်မည့် သမိုင်းဝင် ပါလက်စတိုင်းမြေပေါ်တွင် ဒီမိုကရက်တစ်နိုင်ငံတစ်နိုင်ငံကို ထူထောင်သွားရန် ဖြစ်ကြောင်း အက်ဘစ်က ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ပြောကြားထားသည်။

အမေရိကန်နိုင်ငံ၏ ကမကထပြုမှုဖြင့် ကိုးလကြာမြင့်ခဲ့သည့် အစ္စရေး နှင့် ပါလက်စတိုင်းအကြား နောက်ဆုံး တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုသည် နယ်စပ်အရေး ၊ လုံခြုံရေး နှင့် အခြေချအိမ်ရာတည်ဆောက်ရေး စသည့် အရေးကိစ္စရပ်များပေါ်တွင် နှစ်ဖက်အကြား နက်ရှိုင်းစွာ အမြင်မတူကွဲပြားခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ်တွင် အဟောသိကံဖြစ်ခဲ့ရသည်။
ထိုအချိန်မှစတင်ကာ အစ္စရေး နှင့် ပါလက်စတိုင်းအကြား သံတမန်ဆက်ဆံရေး လုံးဝပြတ်တောက်သွားခဲ့ရသည်။ အဘယ်ကြောင့် ဆိုသော် အစ္စရေး၏ အခြေချအိမ်ရာတည်ဆောက်မှု တိုးချဲ့ခြင်း နှင့် အရှေ့ဂျေရုဆလမ်တွင် ပါလက်စတိုင်းအား အစ္စရေးက လက်မခံခြင်းတို့ကို ပါလက်စတိုင်းဘက်က ပယ်ချထားသောကြောင့် ဖြစ်သည်။

ပါလက်စတိုင်းတို့က ဂျေရုဆလမ်မြို့တော်နှင့်အတူ အနောက်ဘက်ကမ်းတစ်ခုလုံး နှင့် ဂါဇာကမ်းမြောင် အပါအဝင် ၁၉၆၇ ခုနှစ်တွင် အစ္စရေးတို့ သိမ်းယူထားသော နယ်မြေများအားလုံးကို ပြန်လည်ရယူပြီး လွတ်လပ်သော သီးခြားနိုင်ငံတစ်ခုထူထောင်ရန် ဆန္ဒရှိနေသည်။ (Xinhua)

………………………………..
(English Version)
Palestinian president says new political path must be opened to end Israeli occupation
RAMALLAH, Jan. 3 (Xinhua) — Palestinian President Mahmoud Abbas said on Monday that a new political path must be opened to end the Israeli occupation, official Palestinian news agency WAFA reported.
The Palestinians “will not agree to remain forever under the occupation, and the occupation must end in accordance with the international resolutions and under the umbrella of the international Quartet,” Abbas was quoted by WAFA as saying at the end of a two-day meeting of his Fatah Party’s Revolutionary Council.
The international Quartet usually refers to a group of the United Nations, the United States, the European Union and Russia that was established in Madrid in 2002 to mediate the Israeli-Palestinian peace process.
During the meeting, which was held in the West Bank city of Ramallah, the 86-year-old president announced that the Palestinian Central Council, the mini parliament of the Palestine Liberation Organization, will soon hold an important meeting to make decisive and necessary decisions.

“These decisions aim to protect the Palestinian cause and the national merits that will never make a compromise to it whatever the price is,” Abbas said.
Abbas had warned that if Israel rejects the world-backed two-state solution, “the Palestinians will be obliged to go for other political choices.”
In October 2021, Abbas said one of the choices is to implement the UN Security Council’s resolution passed in 1947, or build one democratic state on the land of historic Palestine in which the full political and civil rights of the Palestinians are gained.

The last direct peace talks between Israelis and Palestinians, sponsored by the United States, lasted nine months and broke down in 2014 over their deep differences on the issues of borders, security, and settlement.
Since then, there have been no diplomatic ties between Israelis and Palestinians because of the Palestinian rejection of the Israeli expansion of settlements and Israeli measures against the Palestinians in East Jerusalem.

The Palestinians want to establish an independent state alongside Israel on all the territories occupied by Israel in 1967, including the entire West Bank and the Gaza Strip, with East Jerusalem as its capital.
Photo (1) Protesters clash with Israeli soldiers during an anti-Israel protest at a checkpoint near the West Bank city of Nablus, on May 17, 2021. (Photo by Nidal Eshtayeh/Xinhua)
Photo (2) Protesters clash with Israeli soldiers during an anti-Israel protest at Huwwara checkpoint near the West Bank city of Nablus, on May 15, 2021. (Photo by Nidal Eshtayeh/Xinhua)
Photo (3) Protesters clash with members of Israeli border police and Israeli soldiers during an anti-Israel protest in the West Bank city of Bethlehem, May 14, 2021. (Photo by Luay Sababa/Xinhua)
Photo(4) A Palestinian protester confronts an Israeli soldier during clashes following a protest against the expansion of Jewish settlements and the normalization agreements of Israel with the United Arab Emirates and Bahrain, in the West Bank village of Asira al-Qibliya near Nablus on Sept. 18, 2020. (Photo by Ayman Nobani/Xinhua)