Connect with us

Asia

ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ဂျူး နှင့် အာရပ် အမျိုးသမီးများ ဂျေရုဆလမ်မြို့၌ ချီတက်ဆန္ဒပြ

ဂျေရုဆလမ် ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဂျူး နှင့် အာရပ် အမျိုးသမီးများသည် စက်တင်ဘာ ၂၂ ရက်တွင် ဂျေရုဆလမ်မြို့၌ စုဝေးကြပြီး အစ္စရေး နှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။“ကျွန်မတို့ ဂျေရုဆလမ်မှာ ချီတက်ဆန္ဒပြပြီးတော့ သဘောတူညီချက် တိုးတက်ရေး တောင်းဆိုနေတာပါ။”ဟု ချီတက်ဆန္ဒပြပွဲအား စီစဉ်သော ဂျူး နှင့် အာရပ် အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသော အစ္စရေး ငြိမ်းချမ်းရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Women Wage Peace က ကြေညာချက်တွင် ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အရှေ့ဂျေရုဆလမ်၏ မြို့ဟောင်း တံတိုင်းပတ်လည်၌ စက်တင်ဘာ ၂၂ ရက်တွင် ဂျူး နှင့် အာရပ် အမျိုးသမီးများ စီတန်းရပ်နေစဉ်(ဆင်ဟွာ)

အဆိုပါအမျိုးသမီးများသည် Jaffa ဂိတ်အနီးရှိ အရှေ့ဂျေရုဆလမ်၏ မြို့ဟောင်း တံတိုင်းပတ်လည်တွင် စီတန်းကာ ငြိမ်းချမ်းရေးအတွက် တေးသီချင်းများ သံပြိုင်သီဆိုကြကြောင်း သိရသည်။

Women Wage Peace အဖွဲ့သည် အစ္စရေး နှင့် ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး နှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် အမျိုးသမီးများ ပါဝင်ရေးအတွက် ရည်ရွယ်၍ ကို ၂၀၁၄ ခုနှစ်တွင် ဂျူး နှင့် အာရပ် အမျိုးသမီးများဖြင့် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။

အစ္စရေး နှင့် ပါလက်စတိုင်း နှစ်ဘက်အကြား နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ၂၀၁၄ ခုနှစ်တွင် မအောင်မြင်ဘဲ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။ (Xinhua)
————————————————–
(English Version)

Jewish, Arab women march in Jerusalem for Palestine-Israel peace deal

JERUSALEM, Sept. 22 (Xinhua) — Jewish and Arab women rallied in Jerusalem on Wednesday to mark the International Day of Peace and call for a peace agreement between Israel and Palestine.
“We marched in Jerusalem, demanding the advancement of an agreement,” Women Wage Peace, an Israeli peace group composed of Jewish and Arab women that organized the event, said in a statement.
The women created a human chain around the walls of East Jerusalem’s Old City near the Jaffa Gate and chanted songs for peace.

Women Wage Peace was formed by Jewish and Arab women in 2014 aimed for peace between Israel and Palestine and for women’s involvement in the negotiations.
The last round of peace talks between the two sides failed in 2014. ■

Photo 1 – Jewish and Arab women rally for a Palestine-Israel peace deal in downtown Jerusalem on Sept. 22, 2021. (Photo by Gil Cohen Magen/Xinhua)
Photo 2 – In honor of International Peace Day, Jewish and Arab women stand in a human chain around the walls of East Jerusalem’s Old City on Sept. 22, 2021.(Photo by Gil Cohen Magen/Xinhua)