Connect with us

Europe

ပူတင်က ရုရှားစစ်တပ်သည် မဟာဗျူဟာမြောက်မျှခြေကို ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း ပြောကြား

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ၊ စစ်လက်နက်ထုတ်လုပ်ရေးအကြီးအကဲများနှင့်အတူ ဆိုချီမြို့၌ နိုဝင်ဘာ ၁ ရက်တွင် အစည်းအဝေးပြုလုပ်နေစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် “ မဟာဗျူဟာမြောက်မျှခြေကို ချိုးဖျက်ရန်” ကြိုးပမ်းသည့် မည်သည့်နိုင်ငံရပ်ခြားတိုင်းပြည်ကိုမဆို အရည်အချင်းပြည့်မီလုံလောက်စွာ တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတဗလာတီမာပူတင်က နိုဝင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ အချို့သော ကျွန်တော်တို့ရဲ့ နိုင်ငံရပ်ခြားလုပ်ဖော်ကိုင်ဖက်တွေဟာ ကျွန်တော်တို့ရဲ့ နယ်စပ်တွေမှာ လျင်လျင်မြန်မြန်နဲ့ ပတ်ပတ်လည်လည်မှာ ကမ္ဘာလုံးဆိုင်ရာ ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကျက်ထားမှု လုပ်ဆောင်ချက်တွေ အပါအဝင် ဒီလိုညီမျှတဲ့အခြေအနေ (မျှခြေ) ကို ချိုးဖောက်ဖျက်ဆီးဖို့ ကြိုးပမ်းချက်ကို မစွန့်လွှတ်ကြသေးဘူး ၊” ဟု ရုရှားနိုင်ငံ ဆိုချီမြို့၌ အဆင့်မြင့်ကာကွယ်ရေးအရာရှိကြီးများနှင့်ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် သမ္မတပူတင်က ထည့်သွင်းပြောကြားခဲ့သည်။

“ ရုရှားနိုင်ငံလုံခြုံရေးအတွက် ဒီလို ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ သတိမမူလို့မရပါဘူး ၊ ပြီးတော့ ကျွန်တော်တို့ဘက်က မှန်ကန်သင့်လျော်စွာနဲ့ အရည်အချင်းပြည့်မီလုံလောက်စွာ တုန့်ပြန်မှုတွေ လုပ်ဆောင်သွားရမှာပါ ” ဟု ၎င်းက ဆိုသည်။
ဥရောပတိုက်တွင် တာလတ်ပစ်ဒုံးကျည်စနစ်များ တပ်ချထားရန် အမေရိကန်၏ အစီအစဉ်များသည် ရုရှားနိုင်ငံကို ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ၊ ထို့ကြောင့် ရုရှားနိုင်ငံအနေဖြင့် ဝေဟင်ထဲတွင် ခေတ်မီကိရိယာ နှင့် စစ်လက်နက် ဖြန့်ကျက်ထားမှုကို တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ်ပြီး ၂၀၂၅ -၂၀၂၇ ခုနှစ်အတွင်း ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့များ ၈၀ ရာခိုင်နှုန်းထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း ပူတင်က ဆိုသည်။

သမ္မတပူတင်သည် ယခုရက်သတ္တပတ်အတွင်း ရုရှားစစ်တပ်မှ စစ်ဘက်ဆိုင်ရာအကြီးအကဲများနှင့်အတူ ၆ လပတ် (နှစ်ဝက်)အစည်းအဝေးများစွာကို ဆက်တိုက် ကျင်းပပြုလုပ်သွားရန်ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Russian military to maintain strategic parity

MOSCOW, Nov. 1 (Xinhua) — Russia will adequately react to any foreign attempts to “break strategic parity,” President Vladimir Putin said on Monday.
“Some of our foreign colleagues are not abandoning attempts to break this parity, including through the deployment of global missile defense system components in the immediate vicinity of our borders,” Putin said at a meeting with senior defense officials in Russia’s Sochi.
“We cannot fail to notice these threats to Russia’s security and will respond appropriately and adequately,” he stressed.
Putin said that in light of U.S. plans to deploy medium-range missiles in Europe, which poses a threat to Russia, the country is working to increase the share of modern equipment and weaponry in the air and missile defense forces to 80 percent in 2025-2027.
Putin will host a series of biannual meetings this week with military representatives on the development of Russia’s armed forces. Enditem

Russian President Vladimir Putin meets Defense Ministry leadership and defense industry heads in Sochi, Russia on Nov. 1, 2021. (Kremlin photo) peacefully: