Connect with us

International Organizations

ပူတင်နှင့် ဘိုင်ဒန် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မကြာမီတွေ့ဆုံနိုင်

မော်စကို၊ ဒီဇင်ဘာ ၄ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် လာမည့်ရက်အနည်းငယ်အတွင်း အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ကရင်မလင်နန်းတော်မှ လက်ထောက် Yuri Ushakov က ဒီဇင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
“ဒီဗီဒီယိုကွန်ဖရင့်အတွက် ကျွန်တော်တို့မှာ တိကျတဲ့ရက်စွဲနဲ့ အချိန်ရှိထားပါပြီ” ဟု Ushakov မှ သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့သည်။

ခေါင်းဆောင်များက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ယခင်အစည်းအဝေးအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရေး၊ အာဖဂန်နစ္စတန်၊ အီရန်၊ လစ်ဗျားနှင့် ဆီးရီးယား နိုင်ငံများတွင် အခြေအနေများအပြင် ယူကရိန်းအကျပ်အတည်း အခြေအနေများကိုဆွေးနွေးရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပူတင်နှင့်ဘိုင်ဒင်တို့သည် မဟာဗျူဟာမြောက်တည်ငြိမ်ရေးအတွက် ကိစ္စရပ်များအားဆွေးနွေးရန် မျှော်လင့်ထားပြီး ရုရှားဘက်မှလည်း မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့(NATO) ၏ အရှေ့ဘက်သို့ နယ်မြေတိုးချဲ့မှုအပေါ် အာမခံချက်အား ဆေွးနွေးသွားမည်ဟု Ushakov က ပြောကြားခဲ့သည်။

ရေနံဈေးကွက်၊ ရာသီဥတုပြောင်းလဲမှုနှင့် COVID-19 ကပ်ရောဂါကို တိုက်ဖျက်ရေး စသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးသည့်အစီအစဉ်တွင် ပါဝင်နိုင်ကြောင်း ရုရှားအရာရှိက ပြောကြားခဲ့သည်။

ပူတင်-ဘိုင်ဒန် အစည်းအဝေး ပြုလုပ်မည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း ဒီဇင်ဘာ ၇ ရက်ကို တွေ့ဆုံရန် စဉ်းစားထားကြောင်း ကရင်မလင်နန်းေတာ်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဒီဇင်ဘာ ၃ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

—————————————-
(English Version)

Putin, Biden may meet soon via video link: Kremlin

MOSCOW, Dec. 3 (Xinhua) — Russian President Vladimir Putin and his U.S. counterpart, Joe Biden, may hold an online meeting “in the next few days,” Kremlin aide Yuri Ushakov said on Friday.

“We have a specific date and time for this video conference,” Ushakov told reporters during a briefing.
He said that the leaders will continue to discuss the implementation of agreements reached during their previous meeting in Geneva, Switzerland, the situations in Afghanistan, Iran, Libya and Syria, as well as the Ukrainian crisis.

Putin and Biden are also expected to cover strategic stability issues, and the Russian side will ask for guarantees against the North Atlantic Treaty Organization’s eastward expansion, Ushakov said.

said that the oil market, climate change, and the fight against the COVID-19 pandemic could also be on the agenda.
Kremlin Spokesman Dmitry Peskov said earlier on Friday that the date for the Putin-Biden meeting has not yet been determined yet, but that Dec. 7 is being considered. Enditem