Connect with us

China

ပေကျင်းက ဆောင်းရာသီအိုလံပစ်အတွက် အများစုအသင့်ဖြစ်နေပြီဟု ရှီ ပြော

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပေကျင်း မြို့တော် Haidian ခရိုင်ရှိ မြို့တော် အားကစားရုံသို့ သွားရောက်လည်ပတ်စဉ် အားကစားသမားများနှင့် နည်းပြများအား အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပေကျင်း ဆောင်းရာသီအိုလံပစ်အတွက် ပြင်ဆင်မှုများမှာ ခေတ်မီ၍ ဘေးကင်းစိတ်ချရပြီး ကြီးကျယ်ခမ်းနားသော အားကစားပွဲများ ကျင်းပရန် အပြည့်အဝဆောင်ရွက်နေပြီဖြစ်သလို ရှေ့တန်းမှ လုပ်ငန်းများအားလုံး အများစုမှာ အသင့်ဖြစ်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် အွန်လိုင်းအစည်းအဝေး၌ တွေ့ဆုံစဉ် ပေကျင်းမြို့သည် နွေရာသီနှင့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲများအား လက်ခံကျင်းပသော ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ပူတင်သည် ဖေဖော်ဝါရီလ အစောပိုင်း၌ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ကာ ပေကျင်း ဆောင်းရာသီအိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

နှစ်နိုင်ငံအနေဖြင့် လာမည့်နှစ်နှစ်တွင် အားကစားဖလှယ်မှုနှစ် ပြုလုပ်သွားမည်ကို မှတ်ချက်ပြုလျက် အားကစားဖလှယ်မှုများအား နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ကြီးထွားလာရေးအတွက် ပေါင်းကူးတံတားတစ်ခု နှင့် ချစ်ကြည်ရင်းနှီးမှုအဖြစ်သို့ ပြောင်းလဲရေး အခွင့်အလမ်းများအား လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှီက အလေးထားပြောကြားခဲ့သည်။ (Xinhua)

……………………………………….
(English Version)
Beijing mostly ready for Winter Olympics: Xi
Source: Xinhua| 2021-12-15 22:38:08|Editor: huaxia
BEIJING, Dec. 15 (Xinhua) — Preparations for the Beijing Winter Olympics are in full swing to present a streamlined, safe and splendid Games, and work on all fronts is mostly ready, Chinese President Xi Jinping said on Wednesday.
During a virtual meeting with his Russian counterpart Vladimir Putin, Xi said the event will make Beijing the first city in the world to host both Summer and Winter Olympics.
Putin will visit China and attend the opening ceremony of the Beijing Winter Olympics, scheduled for early February.
Noting that the two countries will hold the Year of Sports Exchange in the next two years, Xi stressed the need to take the opportunities to turn sports exchanges into a bridge and bond for greater mutual understanding and friendship between the two peoples. Enditem

Photo : Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, talks with athletes and coaches while visiting the Capital Gymnasium in Haidian District, Beijing, capital of China, Jan. 18, 2021. Xi on Monday inspected the preparatory work of the Beijing 2022 Olympic and Paralympic Winter Games in Beijing. (Xinhua/Ju Peng)