Connect with us

China

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲကို သမ္မတဘိုင်ဒန် ကြည့်ရှုမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောကြား

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ဆောင်းရာသီအိုလံပစ်ဥယျာဉ် အိုလံပစ် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်မှုတွင် ကုန်းရေနှစ်သွယ်သုံး စက်ရုပ်အား ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ )

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

မကြာမီ ကျင်းပတော့မည့် ၂၀၂၂ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲကို အမေရိကန် သမ္မတ ဘိုင်ဒန်က ကြည့်ရှုရန် အစီအစဉ်ရှိကြောင်း အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးအတွင်းဝန် Jen Psakiက ဖေဖော်ဝါရီ ၃ ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ဆောင်းရာသီအိုလံပစ်ဥယျာဉ်တွင် သရုပ်ဆောင်များအား ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ဟုတ်ကဲ့၊ သေချာတာပေါ့၊ ကျွန်တော်တို့ အားလုံး ကြည့်မှာပါ”ဟု Jen Psaki သတင်းထောက်များကို အိမ်ဖြူတော်နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့က စောင့်မျှော်နေပါတယ်၊ ပြိုင်ပွဲမှာပါဝင်မယ့် အမေရိကန် အားကစားသမားတွေကို အားပေးနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်(သောကြာနေ့)တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂ ရက်မှ ၂၀ ရက် ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အိုလံပစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမေရိကန်အားကစားသမားအဖွဲ့တွင် ၂၂၄ ဦးပါဝင်ကြောင်း သိရသည်။

“အိုလံပစ်အားကစားဟာ လူသားဆန်သည့် အကောင်းဆုံး အားကစားယှဉ်ပြိုင်မှုပါ ၊ ပေကျင်း ၂၀၂၂ အိုလံပစ်ကလည်း ထပ်တူပါပဲ”ဟု အမေရိကန် အိုလံပစ်နှင် မသန်စွမ်းအိုလံပစ်ကော်မတီ CEO Sarah Hirshlandက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ (Xinhua)

————————————–
(English Version)
White House says Biden to watch Beijing Winter Olympics
2022-02-03 15:03:37 分类: 政治法律

An amphibious robot is seen during the Beijing 2022 Olympic Torch Relay at the Winter Olympic Park in Beijing, capital of China, Feb. 2, 2022. (Xinhua/Meng Chenguang)
WASHINGTON, Feb. 3 (Xinhua) — U.S. President Joe Biden plans to watch the upcoming Olympic Winter Games Beijing 2022, White House Press Secretary Jen Psaki said Wednesday.
“Yes, absolutely. We all do,” Psaki told reporters during the daily White House press briefing. “We are looking forward to it and to cheering on our American athletes who will be competing.”
Performers are seen at the Winter Olympic Park in Beijing, capital of China, Feb. 2, 2022. (Xinhua/Cai Yang)
The opening ceremony of the Games will take place on Friday, with competition running on Feb. 2-20.
The U.S. team for the Games includes 224 athletes.
“The Olympic Games showcases the best of humanity and sport competition, and Beijing 2022 will be no different,” Sarah Hirshland, CEO of the U.S. Olympic & Paralympic Committee, said last month. ■