Connect with us

International Organizations

ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲသို့ တက်ရောက်ရန် ကုလသမဂ္ဂ အကြီးအကဲက ဖိတ်ကြားချက်အားလက်ခံ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၌ ၂၀၂၁ခုနှစ်၊ ဇူလိုင် ၁၇ ရက်တွင် နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC) အမှုဆောင် ဘုတ်အဖွဲ့ တိုကျို ၂၀၂၀ ခုနှစ်၏ အဓိကပြန်ကြားရေးစင်တာ (MPC) တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ဗီဒီယိုလင့်ခ်မှတဆင့် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်သို့ တက်ရောက်ရန် ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

“အထွေထွေအတွင်းရေးမှူးချုပ်သည် ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲသို့ တက်ရောက်ရန် နိုင်ငံတကာ အိုလံပစ် ကော်မတီထံမှ ဖိတ်ကြားမှုကို လက်ခံရရှိခဲ့ပြီး ယင်းဖိတ်ကြားချက်အား လက်ခံခဲ့ကြောင်း” ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောကြားခဲ့သည်။

၂၀၀၂ ခုနှစ်က ကိုဖီအာနန် (Kofi Annan) က ဆော့လိတ်စီးတီးသို့ သွားရောက်ခဲ့ချိန်မှစ၍ ဂူတာရက်စ်၏ အရှေ့တွင်တာဝန်ယူခဲ့သူနှစ်ဦးသည်လည်း အိုလံပစ်အားကစားပွဲတိုင်းနီးပါး တက်ရောက်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်နဲ့ ကျွန်တော့်အတွက်ပြောရမယ်ဆိုရင်လည်း ကျွန်တော့်အရင်လူတွေကလည်း အလားတူလုပ်ဆောင်ခဲ့ပါတယ်” ဟု Dujarric က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ (Xinhua)

—————————————
(English Version)
UN chief accepts invitation to attend Beijing Winter Olympics
UNITED NATIONS, Dec. 9 (Xinhua) — UN Secretary-General Antonio Guterres has accepted an invitation to attend the Beijing Winter Olympics in February 2022, said his spokesman on Thursday.
“The secretary-general received an invitation from the International Olympic Committee to attend the Beijing Winter Games and he has accepted it,” said Stephane Dujarric, the spokesman.
Guterres’s two immediate predecessors have attended almost every Olympic Games since at least 2002 when Kofi Annan went to Salt Lake City, he noted.
“And, I mean, I’m just going back to my time (as spokesman of the UN secretary-general). There was a time before me, as well,” Dujarric told a regular press briefing. Enditem