Connect with us

Economy

ပေကျင်းမြို့တွင် 5G အခြေစိုက်စခန်း ၄၅,၀၀၀ ကျော်ရှိလာ

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဩဂုတ်လကုန်အထိ 5G အခြေစိုက်စခန်းအရေအတွက် ၄၅,၇၀၀ အထိ ရှိလာပြီဖြစ်ကြောင်းနှင့် 5G အသုံးပြုသူ အရေအတွက်မှာလည်း ၁၂ သန်းကျော်ရှိကြောင်း ဒေသဆိုင်ရာကွန်ဖရင့်၌ စက်တင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။ပေကျင်းမြို့ရှိ လူဦးရေ ၁၀,၀၀၀ လျှင် ၂၀ ခန့်မှာ 5G အခြေစိုက်စခန်း အသုံးပြုနေကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံတွင် ပထမအဆင့်ဖြစ်ကြောင်း ကွန်ဖရင့်တွင် ပေကျင်း ဆက်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်၌ ဖော်ပြထားသည်။

ပေကျင်းမြို့လယ် အဓိကနေရာ၊ စင်တာခွဲနှင့် ဗဟိုစီးပွားရေးခရိုင် အပါအဝင် အဓိကကျသောဧရိယာများ၌ 5G ကွန်ရက် အပြည့်အဝလွှမ်းခြုံနေပြီဖြစ်သည်။ အဆိုပါ နည်းပညာအား ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်းနှင့် စက်မှုလုပ်ငန်းဆိုင်ရာအင်တာနက် ကဏ္ဍများ၌ အသုံးပြုလျက်ရှိကြောင်း ပေကျင်း ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး Su Shaolin က ပြောခဲ့သည်။

တရုတ်နိုင်ငံသည် မေလကုန်ပိုင်းအထိ 5G အခြေစိုက်စခန်း ၈၁၉,၀၀၀ ခု တည်ဆောက်ထားခဲ့ပြီး ကမ္ဘာပေါ်တွင် 5G ဖွံ့ဖြိုးတိုးတက်မှု၌ ဦးဆောင်လျက်ရှိရာ ကမ္ဘာ့စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ (Xinhua)

————————————————–
(English Version)

Beijing has over 45,000 5G base stations

BEIJING, Sept. 16 (Xinhua) — Beijing now has 45,700 5G base stations as of the end of August, with 5G users totaling over 12 million, said a local conference Thursday.
Every 10,000 people in Beijing enjoy about 20 5G base stations, ranking first in China, showed data released by the Beijing Communications Administration at the conference.

The capital city has realized full coverage of the 5G network in key functional areas, including its downtown core area, sub-center, and central business district. The technology applies in healthcare, education, tourism, and the industrial internet, said Su Shaolin, director of the administration.
China has taken a global lead in 5G development, with 819,000 5G base stations built by late May, accounting for over 70 percent of the world’s total. Enditem
Aerial photo taken on April 15, 2020 shows people working at the construction site of a 5G base station in Chongqing, southwest China. (Xinhua/Wang Quanchao)