Connect with us

CHINA

ပေကျင်းမြို့တွင် COVID-19 ရောဂါအန္တရာယ်ဧရိယာအဖြစ်မှ ကင်းစင်

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့အား COVID-19 ရောဂါအတွက် အလယ်အလတ်နှင့် မြင့်မားသောအန္တရာယ်ဧရိယာများ အဖြစ်မှ ကင်းစင်သွားပြီဖြစ်ကာ နိုဝင်ဘာ ၂၆ ရက်၌ ရောဂါအန္တရာယ်နည်းပါးအဆင့်သို့ လျှော့ချလိုက်ကြောင်း သိရသည်။

ပေကျင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက Haidian ခရိုင်ရှိ ဒေသခံအသိုင်းအဝိုင်းတစ်ခုအား ၁၄ ရက်ဆက်တိုက် ရောဂါကူးစက်မှုအသစ် မရှိသဖြင့် ရောဂါဖြစ်ပွားအန္တရာယ်နည်းပါးအဆင့်သို့ လျှော့ချလိုက်ကြောင်း ကြေညာချက်၌ ပြောကြားခဲ့သည်။

ပြင်ဆင်ချိန်ညှိခြင်းနှင့်အတူ ပေကျင်းမြို့တစ်ခုလုံးသည် COVID-19 ရောဂါဖြစ်ပွားမှုအန္တရာယ်နည်းပါးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ပေကျင်းမြို့တွင် နိုဝင်ဘာ ၂၅ ရက်က ရှန်ဟိုင်းမြို့မှ COVID-19 အတည်ပြုလူနာတစ်ဦးနှင့် ထိတွေ့မှုရှိသူ ၂၈ ဦးကို ရောဂါခြေရာခံလျက်ရှိကြောင်း၊ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၅ ရက်အတွင်း ရောဂါဖြစ်ပွားသည့်နေရာများမှ စုဆောင်းရရှိထားသော နမူနာများအား စစ်ဆေးမှုများတွင် ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Beijing clears COVID-19 risk areas

Source: Xinhua| 2021-11-26 11:03:17|Editor: huaxia
BEIJING, Nov. 26 (Xinhua) — Beijing has been cleared of medium and high-risk areas for COVID-19 with the last medium-risk area being downgraded to low-risk on Friday.

The Beijing Center for Disease Control and Prevention said in an announcement that a residential community in Haidian District was downgraded to a low-risk area as no new cases were reported there for 14 consecutive days.

With the adjustment, the whole of Beijing is in the low-risk category for COVID-19.Beijing has also traced 28 contacts of a confirmed COVID-19 case reported in Shanghai on Thursday. Tests of the samples collected from the venues the case had visited during Nov. 12 and 15 in Beijing were all negative. ■
Photo : Children and their parents are seen at a vaccination site in the Zhongguancun subdistrict of Haidian District, Beijing, capital of China, Nov. 13, 2021. (Xinhua/Ren Chao)