Connect with us

Sport

ပေကျင်း ၂၀၂၂ အတွက် ကိုယ်စားလှယ်အဖွဲ့ ၉၁ ဖွဲ့လုံး စာရင်းပေးသွင်းမှု ပြီးစီး

ပေကျင်း ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်အဖွဲ့ ၉၁ ဖွဲ့လုံး စာရင်းပေးသွင်းမှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း ပွဲစီစဉ်သူများက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။၂၀၂၂ အိုလံပစ်နှင့် မသန်စွမ်း ဆောင်းရာသီအားကစားပွဲများအတွက် ပေကျင်း အိုလံပစ်အားကစားပွဲ ဖြစ်မြောက်ရေးကော်မတီ (BOCOG)က ပွဲများနှင့်ဆက်စပ်သည့် လုပ်ငန်းများ ပြီးစီးသွားပြီ ဖြစ်သောကြောင့် ကိုယ်စားလှယ်အဖွဲ့များ အားလုံးနှင့်အတူ မှတ်ပုံတင်အစည်းအဝေးများအား ကျင်းပပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်တွင် ပေကျင်း ၂၀၂၂ စတင်ဖွင့်လှစ်တော့မည် ဖြစ်ရာ အားကစားသမားများ နှင့် အခြား အိုလံပစ်သက်ဆိုင်သူများ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြသည်။ ဇန်နဝါရီ ၃၁ ရက် ညနေ ၆ နာရီမှ ဖေဖော်ဝါရီ ၁ ရက် ညနေ ၆ နာရီအကြား ၂၄ နာရီအတွင်း တရုတ်နိုင်ငံသို့ အားကစားသမားများ နှင့် အခြား အိုလံပစ်သက်ဆိုင်သူ ၁၇၅၀ ဦး ရောက်ရှိလာခဲ့ကြောင်း သိရသည်။

BOCOG မှ အချက်အလက်များအရ ပေကျင်းမြို့သို့ ရောက်ရှိလာသူပေါင်းလူပေါင်း ၁၂,၃၄၉ ဦးထိရှိရာ
ဇန်နဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အတွင်း ၁၁၇ ဦး ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပေကျင်းအိုလံပစ် ဆောင်းရာသီပြိုင်ပွဲအတွက် ဇန်နဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ သတင်းထောက်များ ၊ ဓာတ်ပုံဆရာများ နှင့် ရုပ်သံထုတ်လွှင့်သူများအတွက် အသိအမှတ်ပြုကတ်ပြား စုစုပေါင်း ၈,၂၁၀ ခုအား ထုတ်ပေးထားပြီး ဖြစ်သည့်အတွက်ကြောင့် ပြိုင်ပွဲသည် ကမ္ဘာတစ်ဝှမ်း မီဒီယာများ၏ အာရုံစိုက်မှုများ နှင့် သတင်းရယူမှုများကို ဆွဲဆောင်ထားကြောင်းလည်း သိရသည်။ (Xinhua)
———————————————–
(English Version)

All 91 delegations complete registration for Beijing 2022

BEIJING, Feb. 2 (Xinhua) — All 91 delegations to compete at the Beijing 2022 Olympic Winter Games have completed registration, organizers said on Wednesday.

According to the Beijing Organizing Committee for the 2022 Olympic and Paralympic Winter Games (BOCOG), registration meetings were held with all the delegations as “related work has been done.”

With Beijing 2022 opening on Friday, the arrival of athletes and other Olympic stakeholders had been on the rise. In 24 hours between 6 p.m. Jan. 31 and 6 p.m. Feb. 1, there were 1750 arrivals in China.
According to statistics from the BOCOG, a total of 12,349 people have arrived in Beijing and 117 already left between January 4 to February 1.

The Beijing Olympic Winter Games has also attracted global media attentions and coverage as a total of 8,210 accreditation cards for journalists, photographers and broadcasters have been activated from January 4 to February 1. ■

Photo – Delegation members show Spring Festival couplets at the Olympic Village for the Beijing 2022 Winter Olympics in Yanqing District of Beijing, capital of China, Jan. 31, 2022. Delegation members and volunteers celebrated the Chinese Lunar New Year, or the Year of Tiger at the Olympic Village on Monday. (Photo by Zheng Weibo/Xinhua)