Connect with us

Sport

ပေကျင်း ၂၀၂၂ အိုလံပစ်ပြိုင်ပွဲက ကမ္ဘာအနှံ့အားကစားသမားများ၏ အိမ်မက်များကို ပြည့်စုံစေကြောင်း IOC အဖွဲ့ဝင်ပြောကြား

ပေကျင်း ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

အိုလံပစ်ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုခံရခြင်းသည် အားကစားသမားများအတွက် အမှန်တကယ်ဖြစ်လာသည့် အိပ်မက်တစ်ခုဖြစ်ကြောင်း နှင့် သတ်မှတ်စီစဉ်ထားသည့်အတိုင်း ကျင်းပမည့် ပေကျင်း ၂၀၂၂ အိုလံပစ်ပြိုင်ပွဲသည် ဆောင်းရာသီအားကစားသမားများ၏ အိပ်မက်များကို ပြည့်မြောက်စေမည်ကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) အဖွဲ့ဝင် Zhang Hong က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။IOC အဖွဲ့ဝင် Zhang Hong သည် ပေကျင်းဆောင်းရာသီအိုလံပစ်ကျေးရွာသို့ ဇန်နဝါရီ ၂၉ ရက်တွင် သွားရောက်ခဲ့ပြီး စားသောက်ဆိုင်များ နှင့် နားနေအပန်းဖြေနေရာများကဲ့သို့ အဆောက်အအုံများအား ဖွင့်လှစ်ခဲ့ကာ စာရင်းသွင်းထားသည့် အားကစားသမားများအား ပြိုင်ပွဲအတွက် ပြင်ဆင်ရန် နေရာချပေးခဲ့ကြောင်း သိရသည်။

“ဒီနေရာက ကျွန်မရဲ့ အိုလံပစ်အတွေ့အကြုံတွေကို သတိရစေပါတယ်။”ဟု ရုရှားနိုင်ငံ Sochi မြို့၌ ၂၀၁၄ ခုနှစ်တွင် အမြန်စကိတ်စီးနင်းပြိုင်ပွဲတွင် တရုတ်နိုင်ငံအတွက် ပထမဆုံး အိုလံပစ်ချန်ပီယံ ဖြစ်ခဲ့သူ Zhang Hong က ပြောကြားခဲ့သည်။ “အားကစားသမားတွေက ကျေးရွာမှာ အတူတူနေထိုင်စားသောက်ဖို့ လိုပါတယ်။ ဒါက အိုလံပစ်အငွေ့အသက်ကို ခံစားဖို့ အားကစားသမားတွေအတွက် အလွန်အရေးပါတဲ့နေရာတစ်ခု ဖြစ်လာပါလိမ့်မယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

IOC အဖွဲ့ဝင် Zhang Hong က ၎င်း၏ပြည်ပမိတ်ဆွေများသည် ပေကျင်း ၂၀၂၂ အတွက် ၎င်းတို့၏အရည်အချင်းပြည့်မီခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ မျှဝေနေသည်ကို တွေ့မြင်ရသဖြင့် ပျော်ရွှင် ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ “အားကစားသမားအများစုဟာ စင်မြင့်ပေါ်မှာ ဆုတံဆိပ်ဆွတ်ခူးရရှိဖို့ အခွင့်အရေး မရှိနိုင်ပါဘူး ။ ဒါပေမယ့် ပြိုင်ပွဲဝင်ခွင့် အရည်အချင်းပြည့်မီတာတစ်ခုတည်းနဲ့တင် သူတို့ရဲ့အိုလံပစ်အိပ်မက်တွေ အထမြောက်အောင်မြင်သွားပြီဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

“ကပ်ရောဂါ ရှိနေပေမယ့်လဲ စီစဉ်ထားတဲ့အတိုင်း ဆောင်းရာသီအိုလံပစ်ကို ကျင်းပနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ အလွန်ဝမ်းသာပျော်ရွှင်မိပါတယ်။ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီအားကစားသမားတွေက တိုကျို ၂၀၂၀ ကဲ့သို့ အားကစားပြိုင်ပွဲလိုမျိုး နှောင့်နှေးမလားဆိုတာနဲ့ ပတ်သတ်ပြီး စိုးရိမ်ခဲ့ကြလို့ ဖြစ်ပါတယ်။”ဟု IOC အဖွဲ့ဝင် Zhang Hong က ပြောကြားခဲ့သည်။

“ဒါက အများနဲ့ဆိုင်တဲ့ ဘုံအိပ်မက်တစ်ခုကို ပြည့်စုံစေခဲ့တာ ဖြစ်ပါတယ်။ပြီးတော့ ပေကျင်းမြို့မှာ တစ်ကမ္ဘာလုံးက အားကစားသမားတွေအားလုံး စုဝေးကြမယ့် ဖွင့်ပွဲအခမ်းအနားကို စောင့်မျှော်နေပါတယ်။အားကစားသမားတွေရဲ့ စည်းကမ်းသေဝပ်ခြင်းတွေမှာ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိဖို့ သူတို့ကို ကျွန်မ ဆုတောင်းပေးပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် PyeongChang အိုလံပစ်ပြိုင်ပွဲထက် ပြိုင်ပွဲဝင် အားကစားသမား အရေအတွက် နှစ်ဆဖြင့် ဆောင်းရာသီအိုလံပစ်အတွက် အားကောင်းသော အဖွဲ့ ၁၇၆ ဖွဲ့အား ထုတ်ပြန်ကြေညာခဲ့သည်။ “တရုတ်အားကစားသမားတွေ ပိုပြီးတော့ အနိုင်ဆုတံဆိပ်တွေနဲ့ သူတို့ရဲ့အောင်မြင်မှုတွေ ရရှိတာကို မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။”ဟု IOC အဖွဲ့ဝင် Zhang Hong က ပြောကြားခဲ့သည်။
နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ရွေးကောက်ပွဲများအား ပြိုင်ပွဲကာလအတွင်း စီစဉ်ကျင်းပသွားမည် ဖြစ်ကြောင်း နှင့် အားကစားသမား ၂,၉၀၀ က ကိုယ်စားလှယ်လောင်း ၁၇ ဦးကို ရွေးထုတ်သွားမည်ဖြစ်ပြီး ယင်းထဲမှ နှစ်ဦးသည် IOC အဖွဲ့ဝင်သစ်များဖြစ်လာမည်ဖြစ်ကြောင်း Zhang Hong က ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)

#China #Olympic #IOC #တရုတ်နိုင်ငံ #အိုလံပစ် #နိုင်ငံတကာအိုလံပစ်ကော်မတီ #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

———————————————-
(English Version)
Beijing 2022 fulfills global athletes’ dreams, says IOC member Zhang Hong
BEIJING, Jan. 29 (Xinhua) — Qualifying for the Olympic Games is a dream come true for most athletes, and Beijing 2022 being held as scheduled has realized the dreams of winter sports athletes, said International Olympic Committee (IOC) member Zhang Hong on Saturday.
Zhang paid a visit to Beijing’s Winter Olympic Village on the same day that facilities like canteens and recreation squares were opened and registered athletes were accommodated to prepare for the Games.
“The place reminds me of my Olympic experiences,” said Zhang, who became China’s first ever speed skating Olympic champion at Sochi 2014. “The athletes need to live and eat together at the village, so it will be a very important place for them to feel the Olympic atmosphere.”
Zhang added that she is happy to see her overseas friends sharing information on their qualifying for Beijing 2022. “Most athletes may not have the chance to finish on the podium, but their Olympic dream is achieved when they are able to qualify.”
“I am so touched that the Winter Olympics can be held as planned despite the pandemic, because the winter sports athletes were concerned about whether the Games would be delayed like Tokyo 2020,” Zhang said.
“It is a common dream fulfilled. And I am looking forward to the opening ceremony where athletes from all over the world will gather in Beijing. I wish them good results in their disciplines,” she added.
China has announced a 176-strong team for the Winter Olympics, with twice number of athletes than at the previous Games in PyeongChang. “I hope to see more Chinese athletes win medals and make their breakthroughs,” Zhang said.
Zhang also revealed that IOC elections will be organized during the Games, and that 2,900 athletes will elect two new committee members from 17 candidates. ■
Photo – Zhang Hong salutes after winning gold in the women’s 1,000m speed skating at the 2014 Sochi Olympic Winter Games on Feb. 14, 2014. (Xinhua/Wang Lili)