Connect with us

COVID-19 UPDATES

ပြင်သစ်နိုင်ငံ၌ အိုမီခရွန် COVID-19 ရောဂါ သံသယရှိသူ ၈ ဦး ရှိကြောင်း ထုတ်ပြန်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Grand Palais Ephemere ပြပွဲခန်းမ၌ 2021 Paris Photo အကြိုပြသမှုအတွင်း လာရောက်ကြည့်ရှုသူ အမျိုးသမီးတစ်ဦးအား နိုဝင်ဘာ ၁၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ပြီးခဲ့သော ၁၄ ရက်အတွင်း အာဖရိက ခရီးစဉ်များ သွားရောက်ခဲ့သည့် ခရီးသည်များအား ရောဂါပိုးစစ်ဆေးရာတွင် အိုမီခရွန် COVID-19 ရောဂါ သံသယရှိသူ ၈ ဦး တွေ့ရှိရကြောင်း နိုဝင်ဘာ ၂၈ ရက် ညပိုင်းတွင် ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ COVID-19 ရောဂါ အမြန်စစ်ဆေးသည့်စင်တင်တစ်ခု၌ မြို့ခံတစ်ဦးက ကျန်းမာရေးဝန်ထမ်းတစ်ဦး နှင့် စကားပြောဆိုနေသည်ကို နိုဝင်ဘာ ၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အနီးရှိ ဈေးဝယ်စင်တာတစ်ခုအတွင်း COVID-19 ကာကွယ်ဆေး ထိုးနှံသည့်စင်တာသို့ ညွှန်ပြနေသည့် အမှတ်အသားရှေ့တွင် ဖြတ်သန်းသွားလာသည့် ဈေးဝယ်သူတစ်ဦးအား နိုဝင်ဘာ ၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အခြားမျိုးဗီဇကွဲများ(Alpha ၊ Beta ၊ Gamma နှင့် Delta)တို့တွင် တွေ့ရှိရသည့် ဗီဇပြောင်းလဲမှုများအတွက် negative စစ်ဆေးမှုနှင့်အတူ COVID-19 ရောဂါပိုးရှိသူ ၈ ဦးကို မော်လီကျူးလားဇီဝနည်းပညာ sequencing ဖြင့် စစ်ဆေး၍ ထပ်မံအတည်ပြုချက် လိုအပ်မည် ဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ယင်းလုပ်ငန်းစဉ်အတွက် ရက်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ပြင်သစ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် အိုမီခရွန် COVID-19 ရောဂါ ဖြစ်ပွားမှုများအား အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပြင်သစ်ကျန်းမာရေးဝန်ကြီး Olivier Veran က “ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံတွေမှာ COVID-19 ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ပြန့်နှံ့နေကတည်းက ကျွန်တော်တို့နိုင်ငံမှာလည်း အိုမီခရွန်က ပြန့်နှံ့နေနိုင်ပါတယ်။”ဟု BFMTV Sunday morning အစီအစဉ်တွင် ပြောကြားခဲ့သည်။

ကြိုတင်ကာကွယ်မှုအနေဖြင့် ပြင်သစ်နိုင်ငံသည် အခြား ဥရောပသမဂ္ဂ နိုင်ငံများနှင့်အတူ အာဖရိကတောင်ပိုင်း နိုင်ငံ ၇ နိုင်ငံမှ လေကြောင်းပျံသန်းမှုများအား ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသည် ပိုမိုကူးစက်နိုင်ခြေ သို့မဟုတ် Delta အပါအဝင် အခြားမျိုးဗီဇပြောင်းပိုးများနှင့် နှိုင်းယှဉ်ပါက ပိုမိုပြင်းထန်သည့် ရောဂါ ဖြစ်ပွားနိုင်ခြေ ရှိ ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
France reports 8 suspected Omicron COVID-19 cases
PARIS, Nov. 28 (Xinhua) — French Health Ministry reported Sunday night eight suspected Omicron COVID-19 cases among passengers who tested positive after their African trips over the past 14 days.
Eight positive COVID-19 cases “with a negative screening for the mutations found in the other variants (Alpha, Beta, Gamma, Delta)” require further confirmation by sequencing, French Health Ministry said in a press release, noting that it could take “several days.”
France’s neighboring countries have already reported confirmed Omicron COVID-19 cases.
Speaking to BFMTV Sunday morning, French Health Minister Olivier Veran said that “from the moment it (Omicron) circulated at our neighbors, it is possible that it’s circulating at ours.”
As a preventive measure, France has decided, along with other Europe Union countries, to suspend flights from seven Southern African countries.
It is still not yet clear whether the Omicron variant is more transmissible, or causes more severe disease compared to other variants including Delta, the World Health Organization said on Sunday. Enditem
Photo 1 – A woman visits the 2021 Paris Photo during a media preview at Grand Palais Ephemere in Paris, France, Nov. 10, 2021. (Xinhua/Gao Jing)
Photo 2 – A resident talks with a medical worker at a COVID-19 fast screening center in Paris, France, Nov. 9, 2021. (Xinhua/Gao Jing)
Photo 3 – A customer walks past a sign indicating a COVID-19 vaccination center inside a shopping mall in Levallois-Perret near Paris, France, Nov. 9, 2021. (Xinhua/Gao Jing)■