Connect with us

Economy

ပြည်ပရင်းနှီးမြှုပ်နှံသူများက တရုတ်နိုင်ငံ ဈေးကွက်တွင် ယေဘုယျအားဖြင့် ယုံကြည်မှုရှိကြောင်း MOC ပြော

ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဈေးကွက်အပေါ် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုနှင့် မျှော်လင့်ချက်များသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) အရ သိရသည်။အမေရိကန်နိုင်ငံ ကုန်သည်ကြီးများအသင်း၊ ဥရောပသမဂ္ဂ (EU) ၊ ဂျပန်နိုင်ငံနှင့် အခြားသောအဖွဲ့အစည်းများမှ ထုတ်ပြန်သော အစီရင်ခံစာများတွင်လည်း ယင်းဈေးကွက်တွင် ပြည်ပစီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုကို ပြသလျက်ရှိကြောင်း MOC ပြောခွင့်ရပုဂ္ဂိုလ် ကောင်းဖုန်းက ဩဂုတ် ၁၉ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

အမေရိကန် စီးပွားရေးလုပ်ငန်း၏ သုံးပုံနှစ်ပုံနှင့် အီးယူ စီးပွားရေးလုပ်ငန်း၏ ၅၉ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ၌ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအား တိုးချဲ့ရန် ဆုံးဖြတ်ထားသလို ဂျပန် စီးပွားရေးလုပ်ငန်း၏ ၃၆.၆ ရာခိုင်နှုန်းသည်လည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရန် ဆုံးဖြတ်ထားကြောင်း အစီရင်ခံစာများ၌ ဖော်ပြထားသည့် စာရင်းဇယားများအရ သိရသည်။

တရုတ်နိုင်ငံ ပြည်မကြီးသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာ ပြီးခဲ့သည့်နှစ် ဒုတိယနှစ်ဝက်မှစ၍ ကောင်းမွန်သော အရှိန်အဟုန်ဖြင့် ဆက်လက်ရှိနေကြောင်း ကောင်းက ဖြည့်စွက်ပြောခဲ့သည်။

ယခုနှစ် ပထမ ၇ လတွင် FDI ဝင်ရောက်မှုမှာ နှစ်အလိုက် ၂၅.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယွမ် ၆၇၂.၁၉ ဘီလီယံရှိခဲ့ကြောင်း MOC အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံသည် တံခါးဖွင့်ဝါဒကို တိုးချဲ့ရန်၊ စီးပွားရေးပတ်ဝန်းကျင် သင့်တင့်မျှအောင်ဆောင်ရွက်ရန်နှင့် တရုတ်နိုင်ငံ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကူညီရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကောင်းက ဆိုသည်။ (Xinhua)

 

———————————————-
(English Version)

Foreign investors generally confident in Chinese market: MOC

BEIJING, Aug. 19 (Xinhua) — Foreign investors’ confidence and expectations of the Chinese market are generally stable, according to the Ministry of Commerce (MOC) .

Reports published by the chambers of commerce of the United States, European Union (EU) and Japan, among others, have shown foreign enterprises’ confidence in the market, MOC spokesperson Gao Feng told a news briefing Thursday.

Nearly two-thirds of the American enterprises and 59 percent of EU firms decided to expand their businesses in China, while 36.6 percent of Japanese firms also decided to increase their investment, Gao said, citing figures from the reports.

Foreign direct investment (FDI) into the Chinese mainland has continued sound momentum since the second half of last year, Gao added.
The FDI, in actual use, surged 25.5 percent year on year to 672.19 billion yuan in the first seven months, MOC data showed.

Gao said the country will continue to expand opening-up, optimize the business environment and help foreign investors and enterprises to develop in China. ■
Photo taken on Jan. 7, 2020 shows China-produced sedans at Tesla’s gigafactory in Shanghai, east China. (Xinhua/Ding Ting)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.