Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံသို့ တင်ပို့မှုများ သိသိသာသာ မြင့်တက်လာ

မနီလာ ၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ သမ္မတ ရိုဒရီဂို ဒူတာတေး အစိုးရလက်ထက်တွင် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုများသည် သိသိသာသာ မြင့်တက်လာကြောင်း ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်းဌာနက ဩဂုတ် ၂၄ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့ပြီး ယင်းမှာ သမ္မတ ဒူတာတေး၏ လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒ ရပ်တည်ချက်ကြောင့် မှတ်ယူနေကြောင်း သိရသည်။သမ္မတအိမ်တော်၌ ပြုလုပ်သော အစည်းအဝေးတွင် ဖိလစ်ပိုင် ကုန်သွယ်ရေးဝန်ကြီး Ramon Lopez က ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ တင်ပို့မှုများသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ၊ လေးနှစ်တာကာလအတွင်း ၅၉ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ Davao Del Norte ပြည်နယ်ရှိ စိုက်ပျိုးရေးခြံတစ်ခြံ၌ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အလုပ်သမားတစ်ဦးက ဌက်ပျောသီးခိုင်အား ခုတ်ဖြတ်နေစဉ်(ဆင်ဟွာ)

“၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တရုတ်နိုင်ငံကို တင်ပို့မှုဟာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ ဒါမှမဟုတ် ၂၀၂၀ ပြည့်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၃၄ ရာခိုင်နှုန်း တိုးလာပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက ကျွန်တော်တို့ တင်ပို့တဲ့ ထုတ်ကုန်တွေကို များစွာလက်ခံပြီးတော့ ကျွန်တော်တို့ ထုတ်ကုန်တွေ တရုတ်ဈေးကွက်ကို ဝင်ရောက်ဖို့ လွယ်ကူပါတယ်။”ဟု ဖိလစ်ပိုင် ကုန်သွယ်ရေးဝန်ကြီး Ramon Lopez က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် သမ္မတ ဒူတာတေး အစိုးရလက်ထက် COVID-19 ကပ်ရောဂါကာလအတွင်းမှာပင် ဖိလစ်ပိုင် နိုင်ငံအတွင်းသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ်စီးဝင်လျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့ပြီး သမ္မတ ဒူတာတေး၏ လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒ ရပ်တည်ချက်မှ ဖိလစ်ပိုင်နိုင်ငံက အကျိုးအမြတ်ရရှိခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် သမ္မတ ရာထူးအား ဒူတာတေးက စတင်ထမ်းထောင်ခဲ့ပြီးနောက် သမ္မတ ဒူတာတေးက ၎င်းတို့အစိုးရသည် လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒအား ဆက်လက်ဆွဲကိုင်သွားမည်ဟု ကြေညာခဲ့သည်။
ဖိလစ်ပိုင် ကုန်သွယ်ရေးဝန်ကြီး Ramon Lopez က ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု (RCEP) လက်မှတ်ရေးထိုးခြင်းသည် သမ္မတ ဒူတာတေး အစိုးရလက်ထက်အတွင်း နောက်ထပ်ကောင်းမွန်သောလုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

——————————————
(Zawgyi Version)

Philippine exports to China increase significantly: senior official

MANILA, Aug. 26 (Xinhua) — Philippine exports to China have “increased significantly” during the administration of President Rodrigo Duterte, the Department of Trade and Industry said late Tuesday, attributing the result to Duterte’s independent foreign policy stance.

During a meeting at the presidential palace, Philippine Trade Secretary Ramon Lopez said Philippine exports to China reached 9.8 billion U.S. dollars in 2019, witnessing an increase of 59 percent in four years.

“From January to June 2021, our export to China reached 5.5 billion U.S. dollars, or an increase of 34 percent compared to the same period in 2020,” he added.
“China has widely accepted our export products, making it easy for our products to enter the Chinese market,” Lopez said.

Meanwhile, Chinese investments kept pouring into the Philippines during the Duterte administration, even amid the COVID-19 pandemic, he said, adding the Philippines gained from Duterte’s independent foreign policy stance.

After Duterte assumed the presidency in 2016, he announced that his administration would pursue an independent foreign policy.
Lopez also said the signing of the Regional Comprehensive Economic Partnership (RCEP) by 15 participating countries in November last year was “another good thing” during the Duterte administration.

“The RCEP is a historic free trade agreement,” Lopez said.■
Photo 1 – A worker snips a banana bunch in a plantation in Davao Del Norte Province, the Philippines, Oct. 30, 2018. (Xinhua/Rouelle Umali)
Photo 2 – Workers pose for a photo with crates of coconut to be exported at a coconut plantation in Davao Province, the Philippines, Aug. 11, 2019. (Xinhua)