Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံက အာဖဂန်ဒုက္ခသည်များ လက်ခံရန် အသင့်ရှိကြောင်း ပြောကြား

မနီလာ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဖဂန်ဒုက္ခသည်များအတွက် တံခါးဖွင့်ထားကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က စက်တင်ဘာ ၈ ရက်ညပိုင်း၌ ပြောကြားခဲ့သည်။“ခိုလှုံခွင့်ရှာဖွေနေတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အာဖဂန်ပြည်သူတွေကို ကြိုဆိုပါတယ်။ တုန်လှုပ်မှုရှိနေသူတွေအတွက် ကျွန်တော်တို့ မြဲမြံစွာ ရပ်တည်ပါတယ်။ ပဋိပက္ခ၊ ဖိစီးနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ သေဆုံးမှုတွေကနေ လွတ်မြောက်လာသူအတွက် ကျွန်တော်တို့ရဲ့ တံခါးတွေကို ဖွင့်လှစ်ထားပါတယ်” ဟု Locsin က တွစ်တာ၌ ရေးသားထားသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း၊ “ဂုဏ်သတင်းကျော်ကြားမှု ဒါမှမဟုတ် ကျေးဇူးတင်မှုတွေကို ကျွန်တော်တို့ စိတ်မဝင်စားပါဘူး” ဟု Locsin က ပြောခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ဩဂုတ် ၃၀ ရက်က အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပြီး ယင်းနိုင်ငံအား တာလီဘန်တို့ ထိန်းချုပ်လိုက်ချိန်မှစ၍ အာဖဂန်မှ ၎င်း၏နိုင်ငံသားများ ရွှေ့ပြောင်းရေးကို လုပ်ဆောင်ခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် မတည်ငြိမ်သော လုံခြုံရေးအခြေအနေကြောင့် DFA က သတိပေးချက်အဆင့် ၄ အဖြစ် ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

…………………………………………

Philippines says ready to accept Afghan refugees

MANILA, Sept. 8 (Xinhua) — The Philippines has opened its doors to Afghan refugees, Philippine Foreign Secretary Teodoro Locsin said Wednesday night.

“We stay steady where others waver: tonight we welcome Afghan nationals including women and kids seeking refuge,” Locsin said on Twitter. “Our doors are open to those fleeing conflict, persecution, sexual abuse and death.”

Locsin said the Department of Foreign Affairs (DFA) will issue a statement on the matter, stressing “we’re not interested in publicity or thanks.”

The Philippines has started moving out its citizens from Afghanistan as the Taliban gained control of the country last month with the United States withdrawing its troops from Afghanistan on Aug. 30.

The DFA issued an alert level 4 for Afghanistan “due to the uncertain security situation in the country.” Enditem

(210828) — PESHAWAR, Aug. 28, 2021 (Xinhua) — Afghan refugee children play at a refugee camp in northwest Pakistan’s Peshawar on Aug. 28, 2021. (Photo by Saeed Ahmad/Xinhua)