Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံက အိန္ဒိယ နှင့် အခြား ၆ နိုင်ငံအား ဇူလိုင်လကုန်အထိ ခရီးသွားလာခွင့်ကန့်သတ်ချက် သက်တမ်းတိုး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ နှာခေါင်းစည်း အကာအကွယ်များဖြင့် သွားလာနေသူများအား ဧပြီလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံက အိန္ဒိယနိုင်ငံ ၊ ပါကစ္စတန်နိုင်ငံ ၊ သီရိလင်္ကာနိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ နီပေါနိုင်ငံ ၊ အိုမန်နိုင်ငံ နှင့် ယူအေအီးနိုင်ငံတို့မှ ဝင်ရောက်မည့် ခရီးသွားများအားလုံးကို ဇူလိုင် ၃၁ ရက် အထိ ပြည်ဝင်ခွင့် ကန့်သတ်ချက်တိုးမြှင့်လိုက်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ Harry Roque က ဇူလိုင် ၁၄ ရက်နံနက်တွင်ပြောသည်။ရုပ်သံမှတစ်ဆင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သမ္မတပြောရေးဆိုခွင့်ရှိသူ Harry Roque က ကိုရိုနာဗိုင်းရပ်စ်လုပ်ငန်းအဖွဲ့က အိန္ဒိယနိုင်ငံ၌ ပထမဆုံး တွေ့ရှိခဲ့သော ကူးစက်မြန် Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ် ပြန့်နှံမှုအား ကာကွယ်ရန် ကူးစက်မှုအန္တရာယ်အမြင့်ဆုံးနိုင်ငံများဖြစ်သည့် ယင်း နိုင်ငံ ၇ နိုင်ငံအား ခရီးသွားလာခွင့်ကန့်သတ်ချက် သက်တမ်းတိုးခြင်းကို အတည်ပြုခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် Delta မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကို နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသား ၁၉ ဦး၏ ဓာတ်ခွဲနမူနာများ စစ်ဆေးစဥ် တွေ့ရှိခဲ့သည်။ယခုထိ လူထုအကြား ကူးစက်ပြန့်နှံ့မှု မတွေ့ရှိရသေးကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ပိုမိုကူးစက်နိုင်သော မျိုးဗီဇပြောင်းပိုး ပြန့်နှံ့မှုကို ကာကွယ်ရန် Delta မျိုးဗီဇပြောင်းပိုး ကူးစက်မှုမြင့်မားသည့် ယင်းနိုင်ငံများအား ခရီးသွားလာခွင့်ကန့်သတ်ချက်ကို ၅ ကြိမ်ထိ သက်တမ်းတိုးထားကြောင်း သိရသည်။

.ဖိလစ်ပိုင်နိုင်ငံသည် ဇူလိုင် ၁၃ ရက်အထိ COVID-19 အတည်ပြုလူနာပေါင်း ၁,၄၈၁,၆၆၀ ဦး နှင့် သေဆုံးသူ ၂၆,၀၉၂ ဦးရှိကြောင်း သိရသည်။ (Xinhua)
————————————————
(English Version)

Philippines extends travel ban on India, 6 other countries until July-end

MANILA, July 14 (Xinhua) — The Philippines has extended the travel ban for all inbound travelers from India, Pakistan, Sri Lanka, Bangladesh, Nepal, Oman, and the United Arab Emirates (UAE) until July 31, presidential spokesperson Harry Roque said Wednesday.

In a televised press conference, Roque said that the inter-agency coronavirus task force has approved the extension of the travel ban on these seven “high-risk” countries to prevent the spread of the highly infectious Delta variant first found in India.

The Philippines has detected the Delta variant in the samples taken from 19 returning Filipinos. No community transmission has been reported so far.

The Philippines has extended five times the travel restrictions to these countries severely hit by the Delta variant to prevent the spread of the more contagious variant in the country.The Philippines has reported a total of 1,481,660 confirmed cases as of Tuesday, including 26,092 deaths. Enditem

Photo – People wearing protective gears walk past a mural thanking COVID-19 frontliners in Manila, the Philippines on April 14, 2021. The Philippines’ Department of Health reported on Wednesday 8,122 new COVID-19 infections, bringing the total number of confirmed cases in the Southeast Asian country to 892,880. (Xinhua/Rouelle Umali)