Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် သေဆုံးသူအရေအတွက် ၆၅ ဦးထိ မြင့်တက်လာ

မနီလာ ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ယခုအပတ်အစောပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် သေဆုံးသူအရေအတွက်သည် ၆၅ ဦးထက်မနည်း မြင့်တက်လာခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအား တိုက်ခတ်ခဲ့သည့် ပြင်းထန်သည့်တိုက်ဖွန်းမုန်တိုင်း၏ နောက်ဆက်တွဲတွင် ဆက်လက်ပြီး မြေပြင်အချက်အလက်များ စုဆောင်းနေသည့်အတွက်ကြောင့် သေဆုံးမှုအရေအတွက်သည် မြင့်တက်ဖွယ် ရှိကြောင်း သိရသည်။

Bohol ပြည်နယ်၌ ၄၉ ဦး ၊ နိုင်ငံ အလယ်ပိုင်း Southern Leyte ပြည်နယ်၌ ၆ ဦး နှင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Dinagat ကျွန်းများတွင် ၁၀ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ Surigao del Norte ပြည်နယ်၌ တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများအား ဒီဇင်ဘာ ၁၇ ရက်တွင် တွေ့ရစဉ်(Philippine Coast Guard Handout Photo/Xinhua)

ဒီဇင်ဘာ ၁၈ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေး နှင့် စီမံခန့်ခွဲရေးကောင်စီ(NDRRMC) က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း နှင့် တောင်ပိုင်းတွင် သေဆုံးမှု ၃၁ မှု နှင့် ပျောက်ဆုံးမှု တစ်မှုအား အကြောင်းကြားချက်များ လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ NDRRMC တွင် နောက်ဆုံးသေဆုံးမှုစာရင်း မရှိသေးကြောင်း သိရသည်။
တိုက်ဖွန်းမုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် ဆက်သွယ်ရေးများသည် ပြတ်တောက်နေဆဲဖြစ်၍ NDRRMC အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အေဂျင်စီများသို့ ဆက်သွယ်ရန် ခက်ခဲနေကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ Cagayan de Oro မြို့၌ တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ရေကြီးရေလျှံများအတွင်း ဒေသခံများအား ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ကယ်ဆယ်နေမှုအား ဒီဇင်ဘာ ၁၇ ရက်တွင် တွေ့ရစဉ်(Philippine Coast Guard Handout Photo/Xinhua)

“လက်ရှိမှာ ဆက်သွယ်ရေးတွေက ပြတ်တောက်နေတုန်းပါပဲ။မြို့တော်ဝန် ၄၈ ဦးထဲမှာ ၂၁ ဦးကိုပဲ ကျွန်တော်တို့ လက်လှမ်းမီနိုင်တာက သက်သေပြနေပါတယ်။သူတို့ရဲ့မြို့တွေမှာ ၄၉ ဦးထက်မနည်း သေဆုံးပြီးတော့ ပျောက်ဆုံးနေတာ ၁၀ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၃ ဦး ရှိတာကို အကြောင်းကြားခဲ့ပါတယ်။” Bohol ပြည်နယ်အုပ်ချုပ်ရေးမှူး Arthur Yap က ဖေဘွတ်ခ်ပေါ်တွင် တင်ထားသည့် ရုပ်သံဖိုင်တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ပြည်နယ်တစ်ခုဖြစ်သည့် Bohol ပြည်နယ်မှာ လျှပ်စစ်မီးများ ပြတ်တောက်နေဆဲဖြစ်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Arthur Yap က ဘေးဒဏ်သင့်ဒေသများတွင် ဓာတ်အားပြန်လည်ရရှိရန် ရက်သတ္တပတ် သုံးပတ်အထိ ကြာမြင့်နိုင်ကြောင်း နှင့် အဆိုးရွားဆုံးဘေးဒဏ်သင့် မြို့တစ်ချို့ရှိ ဒေသခံများသည် အစာ နှင့် ရေအတွက် တောင်းခံနေကြောင်း ပြောကြားခဲ့သည်။Dinagat ကျွန်းစုပြည်နယ်အတွက် ပြောရေးဆိုခွင့်ရှိသူ Jeffrey Crisostomo က တိုက်ဖွန်းမုန်တိုင်းကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅ ဦးမှာ ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။

Southern Leyte ပြည်နယ်၌ ၆ ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း အရှေ့ပိုင်း Visayas ဒေသရှိ မြို့ပြကာကွယ်ရေးရုံး ညွှန်ကြားရေးမှူး Lord Byron Torrecarion က ပြောကြားခဲ့သည်။

တိုက်ဖွန်းမုန်တိုင်း Rai သည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွှဲပိုင်းတွင် Siargao ကျွန်းပေါ် ဝင်ရောက်ခဲ့သည်။ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၁၉၅ ကီလိုမီတာ ရှိကြောင်း နှင့် Surigao del Norte ပြည်နယ်ရှိ ကျွန်းအတွင်းသို့ ဝင်ရောက်တိုက်ခတ်ချိန်တွင် တစ်နာရီလျှင် ၂၄၀ ကီလိုမီတာအထိ လေပြင်းတိုက်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ တောင်ဘက်ပိုင်းရှိ northern Mindanao ဒေသ နှင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းရှိ မြို့များ နှင့် ကျေးရွာများအား ဖြတ်သန်းတိုက်ခတ်သွားစဉ်အတွင်း မြစ်များ လှိုင်းကြီးမှုများ ဖြစ်ပေါ်ကာ အနိမ့်ပိုင်းဒေသများ ရေလွှမ်းမိုးခဲ့ကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေး နှင့် စီမံခန့်ခွဲရေးကောင်စီ(NDRRMC) က တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် လူပေါင်း ၇၀၀,၀၀၀ ကျော် ဘေးဒဏ်သင့်ခဲ့ကြောင်း ၊ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ကာ ဒေသ ၉ ခုတွင် အဆောက်အဦနှင့်လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။ သီးနှံများ နှင့် အခြေခံအဆောက်အအုံများ ပျက်စီးမှုကို တွက်ချက်နေဆဲဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် အကျရောက်ဆုံး နိုင်ငံများအနက် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အဓိကအားဖြင့် ပစိဖိတ်ငလျင်ကြော နှင့် ပစိဖိတ်တိုက်ဖွန်းမုန်တိုင်းလမ်းကြောင်းတစ်လျောက်တွင် တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ပျမ်းမျှအားဖြင့် ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ် တိုက်ဖွန်းမုန်တိုင်း အလုံး ၂၀ တွေ့ကြုံရပြီး အချို့သော တိုက်ဖွန်းမုန်တိုင်းများသည် ပြင်းထန်ပြီး အပျက်အစီးများကြောင်း သိရသည်။ သဘာဝဘေးဒဏ်ကြောင့် ပြီးခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ဖိလစ်ပိုင်နိုင်ငံသား ၃၃,၀၀၀ ဦး သေဆုံးခဲ့ပြီး လူပေါင်း သန်း ၁၂၀ ဘေးဒဏ်သင့်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။ (Xinhua)

———————————
(English Version)

Death toll from Typhoon Rai rises to 65 in Philippines — local officials

MANILA, Dec. 19 (Xinhua) — The death toll from Typhoon Rai that battered the Philippines earlier this week has climbed to at least 65, local officials said Sunday.
The number of deaths is likely to rise as data gathering from the field continues in the wake of the strongest typhoon to hit the country this year.

The officials said 49 died in Bohol province, six in Southern Leyte province in the central Philippines, and 10 in Dinagat Islands in the southern Philippines.
On Saturday, the National Disaster Risk Reduction and Management Council (NDRRMC) said it received reports of 31 deaths in central and southern Philippines and one missing. The NDRRMC has yet to update its death tally.

Communications are still down in typhoon-ravaged areas, making it difficult for the NDRRMC to contact its regional and provincial agencies.
“Presently, communications are still down, proof of which only 21 mayors out of 48 have reached us. They have reported at least 49 deaths from their towns with 10 missing and 13 injured,” Bohol Governor Arthur Yap said in a video message he posted on Facebook.

Bohol, a province in the central Philippines, is still without electricity. Yap said it might take up to three weeks to restore power in the affected areas, and the residents of some hardest-hit towns were asking for food and water.

Jeffrey Crisostomo, the spokesperson for Dinagat Islands province, said at least 10 people have died from the typhoon, and five more are missing.
Lord Byron Torrecarion, the director of the Office of Civil Defense in the Eastern Visayas region, reported six deaths and one missing in Southern Leyte province.
Typhoon Rai made landfall on the Siargao Island on Thursday afternoon. It was blowing maximum winds of 195 km per hour and with gusts of up to 240 km per hour when it slammed into the island in Surigao del Norte province.

The typhoon swelled rivers and flooded low-lying areas while cutting through towns and villages in the central Philippines and the northern Mindanao in the southern part of the country.
The NDRRMC said Rai affected more than 700,000 people, caused power outages, damaged buildings and houses in nine regions. The damage to crops and infrastructure is still being calculated.

The Philippines is one of the most disaster-prone countries in the world, mainly due to its location along the Pacific Ring of Fire and Pacific typhoon belt. On average, this archipelagic country experiences 20 typhoons every year, some of which are intense and destructive.
The World Bank said natural disasters have killed 33,000 Filipinos in the past 30 years, affecting 120 million people.■
Photo 1 – Photo taken on Dec. 17, 2021 shows an airport damaged by Typhoon Rai in Surigao del Norte Province, the Philippines. (Philippine Coast Guard/Handout via Xinhua)
Photo 2 – A handout photo by the Philippine Coast Guard shows the damaged surroundings caused by typhoon Rai in Surigao del Norte Province, the Philippines on Dec. 17, 2021. (Philippine Coast Guard Handout Photo/Xinhua)
Photo 3 – Members of the Philippine Coast Guard rescue residents from the flood and heavy rain brought by typhoon Rai in Cagayan de Oro City, the Philippines on Dec. 16, 2021. (Philippine Coast Guard Handout Photo/Xinhua)