Connect with us

Asia

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၂၀၂၂ ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အမတ်နေရာအတွက် ယှဉ်ပြိုင်မည်

မနီလာ ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

သမ္မတ သက်တမ်း ကုန်ဆုံးတော့မည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးသည် ၂၀၂၂ ခုနှစ် မေလ ရွေးကောက်ပွဲများတွင် ဥပဒေပြုအထက်လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်အား နိုဝင်ဘာ ၁၅ ရက်တွင် စာရင်းပေးသွင်းခဲ့ကြောင်း သိရသည်။အသက် ၇၆ နှစ်အရွယ် သမ္မတ ဒူတာတေးသည် ကိုယ်စားလှယ်လောင်းအစားထိုးရန် နောက်ဆုံးရက်ဖြစ်သည့် နိုဝင်ဘာ ၁၆ ရက်တွင် ရွေးကောက်ပွဲကော်မရှင်ထံ စာရင်းသွင်းရန် ၎င်း၏ ရှေ့နေအား စေလွှတ်ခဲ့သည်။ သမ္မတ ဒူတာတေးသည် ၎င်း၏ အာဏာရပါတီ PDP-Laban အစား Pederalismo ng Dugong Dakilang Samahan (PDDS) ပါတီအောက်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်လတွင် သမ္မတ ဒူတာတေးက နိုင်ငံရေးမှ အနားယူပြီး ပြည်သူများ၏ ဆန္ဒကို နားထောင်ကာ လာမည့်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ နိုဝင်ဘာ ၁၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေး၏ ကိုယ်စားလှယ်က ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်အား ပြသနေစဉ်(ဆင်ဟွာ)

ဒူတာတေးသည် ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ၎င်း၏ သမ္မတသက်တမ်းသည် ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖိလစ်ပိုင်နိုင်ငံ သမ္မတများသည် ခြောက်နှစ်သက်တမ်းတစ်ကြိမ်သာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ထားသည်။လာမည့်ရွေးကောက်ပွဲများအား ၂၀၂၂ ခုနှစ် မေ ၉ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူ Harry Roque ကလည်း နိုဝင်ဘာ ၁၅ ရက်တွင် ရာထူးမှနုတ်ထွက်ပြီးနောက် လာမည့်ရွေးကောက်ပွဲတွင် အထက်လွှတ်တော်နေရာမှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်ကို စာရင်းသွင်းပြီးထဲက ကျွန်တော်က သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်တော့ပါဘူး။”ဟု Harry Roque က ရွေးကောက်ပွဲကော်မရှင်ထံ စာရင်းပေးသွင်းပြီးနောက် မကြာမီ သတင်းထောက်များအား ပြောကြားခဲ့သည်။ (Xinhua)

————————————————
(English Version)
Philippine President Duterte to run for senator in 2022 elections

MANILA, Nov. 15 (Xinhua) — Outgoing Philippine President Rodrigo Duterte on Monday filed his certificate of candidacy for senator in the May 2022 elections.

Duterte, 76, sent his lawyer to the Commission on Elections to register on Monday, the last day for making candidate substitutions. He will run under political party Pederalismo ng Dugong Dakilang Samahan (PDDS), rather than his ruling party PDP-Laban.

Last month, Duterte said that he was retiring from politics and will not run in the next elections “in obedience to the will of the people.”

Duterte was elected as the president of the Philippines in 2016, and his term ends on June 30, 2022. The constitution limits Philippine presidents to a single six-year term. The next elections are scheduled to be held on May 9, 2022.

Duterte’s spokesperson Harry Roque also sought a senate seat in the coming elections after resigning on Monday.
“Since I have filed my certificate of candidacy, I am no longer presidential spokesperson,” Roque told reporters shortly after registering at the poll body. Enditem

Photo 1 – Representatives of Philippine President Rodrigo Duterte show copies of his certificate of candidacy for senator in Manila, the Philippines, on Nov. 15, 2021. Outgoing Philippine President Rodrigo Duterte on Monday filed his certificate of candidacy for senator in the May 2022 elections. (Xinhua/Rouelle Umali)
Photo 2 – Representatives of Philippine President Rodrigo Duterte show copies of his certificate of candidacy for senator in Manila, the Philippines, on Nov. 15, 2021. Outgoing Philippine President Rodrigo Duterte on Monday filed his certificate of candidacy for senator in the May 2022 elections. (Xinhua/Rouelle Umali)ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၂၀၂၂ ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အမတ်နေရာအတွက် ယှဉ်ပြိုင်မည်
မနီလာ ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)
သမ္မတ သက်တမ်း ကုန်ဆုံးတော့မည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးသည် ၂၀၂၂ ခုနှစ် မေလ ရွေးကောက်ပွဲများတွင် ဥပဒေပြုအထက်လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်အား နိုဝင်ဘာ ၁၅ ရက်တွင် စာရင်းပေးသွင်းခဲ့ကြောင်း သိရသည်။
အသက် ၇၆ နှစ်အရွယ် သမ္မတ ဒူတာတေးသည် ကိုယ်စားလှယ်လောင်းအစားထိုးရန် နောက်ဆုံးရက်ဖြစ်သည့် နိုဝင်ဘာ ၁၆ ရက်တွင် ရွေးကောက်ပွဲကော်မရှင်ထံ စာရင်းသွင်းရန် ၎င်း၏ ရှေ့နေအား စေလွှတ်ခဲ့သည်။ သမ္မတ ဒူတာတေးသည် ၎င်း၏ အာဏာရပါတီ PDP-Laban အစား Pederalismo ng Dugong Dakilang Samahan (PDDS) ပါတီအောက်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်လတွင် သမ္မတ ဒူတာတေးက နိုင်ငံရေးမှ အနားယူပြီး ပြည်သူများ၏ ဆန္ဒကို နားထောင်ကာ လာမည့်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဒူတာတေးသည် ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ၎င်း၏ သမ္မတသက်တမ်းသည် ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖိလစ်ပိုင်နိုင်ငံ သမ္မတများသည် ခြောက်နှစ်သက်တမ်းတစ်ကြိမ်သာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ထားသည်။လာမည့်ရွေးကောက်ပွဲများအား ၂၀၂၂ ခုနှစ် မေ ၉ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူ Harry Roque ကလည်း နိုဝင်ဘာ ၁၅ ရက်တွင် ရာထူးမှနုတ်ထွက်ပြီးနောက် လာမည့်ရွေးကောက်ပွဲတွင် အထက်လွှတ်တော်နေရာမှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်ကို စာရင်းသွင်းပြီးထဲက ကျွန်တော်က သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်တော့ပါဘူး။”ဟု Harry Roque က ရွေးကောက်ပွဲကော်မရှင်ထံ စာရင်းပေးသွင်းပြီးနောက် မကြာမီ သတင်းထောက်များအား ပြောကြားခဲ့သည်။ (Xinhua)
#Philippine #President #Duterte #election #ဖိလစ်ပိုင်နိုင်ငံ #သမ္မတ #ဒူတာတေး #ရွေးကောက်ပွဲ #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
————————————————
(English Version)
Philippine President Duterte to run for senator in 2022 elections
MANILA, Nov. 15 (Xinhua) — Outgoing Philippine President Rodrigo Duterte on Monday filed his certificate of candidacy for senator in the May 2022 elections.
Duterte, 76, sent his lawyer to the Commission on Elections to register on Monday, the last day for making candidate substitutions. He will run under political party Pederalismo ng Dugong Dakilang Samahan (PDDS), rather than his ruling party PDP-Laban.
Last month, Duterte said that he was retiring from politics and will not run in the next elections “in obedience to the will of the people.”
Duterte was elected as the president of the Philippines in 2016, and his term ends on June 30, 2022. The constitution limits Philippine presidents to a single six-year term. The next elections are scheduled to be held on May 9, 2022.
Duterte’s spokesperson Harry Roque also sought a senate seat in the coming elections after resigning on Monday.
“Since I have filed my certificate of candidacy, I am no longer presidential spokesperson,” Roque told reporters shortly after registering at the poll body. Enditem
Photo 1 – Representatives of Philippine President Rodrigo Duterte show copies of his certificate of candidacy for senator in Manila, the Philippines, on Nov. 15, 2021. Outgoing Philippine President Rodrigo Duterte on Monday filed his certificate of candidacy for senator in the May 2022 elections. (Xinhua/Rouelle Umali)
Photo 2 – Representatives of Philippine President Rodrigo Duterte show copies of his certificate of candidacy for senator in Manila, the Philippines, on Nov. 15, 2021. Outgoing Philippine President Rodrigo Duterte on Monday filed his certificate of candidacy for senator in the May 2022 elections. (Xinhua/Rouelle Umali)