Connect with us

Asia

ဖိလစ်ပိုင် စစ်တပ်က တောင်ပိုင်းကျွန်းများတွင် အကြမ်းဖက်သမားများအား နှိမ်နင်းရန် တပ်ဖွဲ့ဝင် ၄,၅၀၀ ထပ်မံတပ်ဖြန့်မည်

ဖိလစ်ပိုင်နိုင်ငံ Lanao Del Sur ပြည်နယ်ရှိ မာရာဝီမြို့တွင် နေအိမ်များ၌ ပိတ်မိနေသော ဒေသခံများအား ရှာဖွေရန် ရောက်ရှိလာသည့် စစ်သားများအား ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ စစ်တပ်သည် အကြမ်းဖက်သမားများအား နှိမ်နင်းရန် နိုင်ငံအနောက်တောင်ပိုင်းရှိ စူးလူးကျွန်းစုတွင် လာမည့်နှစ်အတွင်း တပ်ဖွဲ့ဝင် ၄,၅၀၀ ထပ်မံတပ်ဖြန့်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ဥပဒေပြုအမတ်က စက်တင်ဘာ ၅ ရက်က ပြောကြားခဲ့သည်။

အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လာမည့်နှစ်တွင် “စူးလူးကျွန်းစုသို့ ဖိလစ်ပိုင်စစ်တပ် တပ်မအသစ် တစ်ခုလုံး” တပ်ဖြန့်ထားရေးအတွက် ပီဆို ၉၂၉ သန်း (အမေရိက်ဒေါ်လာ ၁၈.၆၂ သန်း) သုံးစွဲသွားမည် ဖြစ်ကြောင်း အောက်လွှတ်တော်ကိုယ်စားလှယ်၊ မဟာဗျူဟာမြောက် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ Johnny Pimentel က ပြောခဲ့သည်။

စစ်တပ်အနေဖြင့် စူးလူးပြည်နယ်ရှိ ဂျိုလိုမြူနီစီပယ်တွင် စစ်သား ၄,၅၀၀ ပါဝင်သော တပ်မတစ်ခုလုံးအား ပို့ဆောင်သွားမည်ဖြစ်ကြောင်း Pimentel က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ အဆိုပါ တပ်မသည် ISIS မိတ်ဖက်အကြမ်းဖက်အုပ်စုများအား တိုက်ဖျက်ရေးတွင် အဓိကလုပ်ဆောင်သွားမည်ဖြစ်သလို Basilan, Sulu နှင့် Tawi-Tawi ကျွန်းပြည်နယ်များအတွင်း လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ တာဝန်ယူသွားမည်ဖြစ်ကြောင်း Pimentel က ဖြည့်စွက်ပြောကြားခဲ့သည်။

ဂျိုလိုဒေသသည် နိုင်ငံအနောက်ပိုင်း Mindanao ကျွန်းအဓိကအားဖြင့် Basilan နှင့် Sulu ကျွန်းပြည်နယ်များရှိ ၎င်းတို့ပုန်းအောင်းရာနေရာများတွင် ရက်စက်ကြမ်းကြုတ်သောပြစ်မှုများ၊ ငွေတောင်းခံသော ပြန်ပေးဆွဲခြင်းများ၊ ဗုံးဖောက်ခွဲခြင်းများနှင့် ခေါင်းဖြတ်သတ်ခြင်းများကြောင့် နာမည်ဆိုးဖြင့်ကျော်ဇောလာသည့် အဘူဆာရက်ဖ် (Abu Sayyaf) စစ်သွေးကြွအုပ်စု အခြေစိုက်နေရာ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် အဘူဆာရက်ဖ် စစ်သွေးကြွအုပ်စုနှင့် မိတ်ဖက် စစ်သွေးကြွများသည် ဂျိုလိုမြို့လယ်ကောင်တွင် ဗုံးနှစ်လုံးဖောက်ခွဲခဲ့ကြပြီး လူ ၁၄ ဦးသေဆုံးကာ ၇၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလကလည်း Jolo Cathedral ဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦးသေဆုံး၍ အခြားသူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (xinhua)

———————————–
(English Version)
Philippine army to deploy 4,500 more troops to fight terrorists in southern islands
Source: Xinhua| 2021-09-05 20:44:08|Editor: huaxia
MANILA, Sept. 5 (Xinhua) — The Philippine army will deploy an additional 4,500 troops next year in the islands of Sulu in the southwest to fight terrorists, a Philippine lawmaker said on Sunday.
Johnny Pimentel, chairperson of the strategic intelligence committee in the House of Representatives, said the Department of National Defense will be spending 929 million pesos (18.62 million U.S. dollars) next year in deploying “a whole new Philippine army division to the Sulu archipelago.”
The army will put into operation an entire division of 4,500 soldiers in the municipality of Jolo in Sulu province, Pimentel said in a statement. The division will be dedicated to fighting ISIS-affiliated terrorist groups and will have operational responsibility over the island provinces of Basilan, Sulu, and Tawi-Tawi, Pimentel added.
Jolo is the base for the Abu Sayyaf militant group, which has recently become notoriously known for criminal brutality, kidnaping-for-ransom activities, bombings, and beheadings in western Mindanao, particularly in their lair in the island provinces of Basilan and Sulu.
In August 2020, insurgents affiliated with the Abu Sayyaf terrorist group detonated two bombs in Jolo downtown, killing 14 people and wounding 75 others.
In January 2019, Jolo Cathedral was bombed during a mass, killing 21 people and wounding over 100 others. Enditem
Photo : Soldiers disembark from a military truck as they search for residents still trapped in their homes in Marawi City in Lanao Del Sur Province, the Philippines, June 1, 2017. (Xinhua/Rouelle Umali)