Connect with us

Asia

ဖိလစ်ပိုင် စစ်ဘက်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၅၂ ဦးထိ မြင့်တက် ၊ အလုံးစုံ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ညွှန်ကြားထား

ဖိလစ်ပိုင်နိုင်ငံ Sulu ပြည်နယ်၌ ဇူလိုင် ၄ ရက်က ဖိလစ်ပိုင်လေတပ်၏ C-130 စစ်တပ်လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့သည့် နေရာတွင် ကယ်ဆယ်ရေးသမားများအား တွေ့ရစဉ်(Joint Task Force Sulu/Handout via Xinhua)

မနီလာ ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ စစ်ဘက်လေယာဉ်ပျက်ကျမှုအတွင်း ဆေးရုံသို့ ပို့ဆောင်ထားသော အပြင်းအထန် ဒဏ်ရာရရှိသူ စစ်သားနှစ်ဦး ထပ်မံ သေဆုံးသွားခဲ့သဖြင့် သေဆုံးသူပေါင်း ၅၂ ဦးထိ မြင့်တက်လာခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က ဇူလိုင် ၅ ရက်ထိ နောက်ဆုံးအခြေအနေအား ထုတ်ပြန်ပြောကြားခဲ့သည်။ခရီးသည် နှင့် လေယာဉ်အမှုထမ်း ၉၆ ဦး လိုက်ပါလာသည့် C-130H လေယာဉ်သည် ဇူလိုင် ၄ ရက် နေ့လည်ပိုင်း က Sulu ပြည်နယ်ရှိ Jolo ကျွန်းပေါ်သို့ ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျသွားခဲ့ကြောင်း အမျိုးသားကာကွယ်ရေးဌာနက ပြောကြားခဲ့ပြီး စစ်သား ၄၉ သေဆုံးကာ အခြားသူ ၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြေပြင်ပေါ်ရှိ အရပ်သား ၃ ဦးလည်း သေဆုံးပြီး အခြား ၄ ဦး မှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က ပြောကြားခဲ့သည်။အပြင်းအထန်ဒဏ်ရာရရှိခဲ့သည့် စစ်သားအချို့အား Sulu ပြည်နယ်မှ Zamboanga မြို့သို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ပျက်ကျမှုအား အလုံးစုံ စုံစစ်စစ်ဆေးမှုပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ဖိလစ်ပိုင် စစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် Edgard Arevalo က ပျံသန်းမှုအချက်အလက်များအား မှတ်တမ်းတင်ထားသည့် black box အပါအဝင် လေယာဉ်အစိတ်အပိုင်းများ ရှာဖွေရေးလုပ်ငန်းများကို ပျက်ကျသည့် နေရာတွင် ဆက်လက်ပြုလုပ်နေကြောင်း နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် Sulu ပြည်နယ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ စစ်ဘက်လေယာဉ်သည် သင်တန်းဆင်းလာသည့် စစ်သားများအား သယ်ဆောင်လာခဲ့ပြီး ဇူလိုင် ၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းအား ကျော်လွန်ကာ မီးလောင်ကျွမ်းကာ ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။

ပျက်ကျမှု ဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ်တွင် တပ်ဖွဲ့ဝင်များနှင့် အရပ်သားစေတနာ့ဝန်ထမ်းများ ပျက်ကျသည့်နေရာသို့ ရှာဖွေကယ်ရေးဆောင်ရွက်ရန် အလျှင်အမြန် ရောက်ရှိလာခဲ့သည်။ “မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ လေယာဉ်ဟာ မြေကြီးနဲ့ မထိခင်မှာ စစ်သားတွေက ခုန်ထွက်ကြတာကို တွေ့ရပါတယ်။ ပြီးတော့ ပျက်ကျမှု ဖြစ်ပွားပြီး ပေါက်ကွဲသွားတာပါ”ဟု စစ်တပ်ဘက်က ဆိုသည်။

သေဆုံးသွားခဲ့သော စစ်သားအချို့မှာ အပြင်းအထန်မီးလောင်ကျွမ်းထားသဖြင့် မည်သူမည်ဝါမှန်း ခွဲခြားရန် ခက်ခဲကြောင်း ဖိလစ်ပိုင် ကြည်းတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် Edgard Arevalo က ပြောကြားခဲ့သည်။

C-130H လေယာဉ်ပျက်ကျမှုသည် ဖိလစ်ပိုင်စတပ်တွင် ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး မတော်တဆမှု တစ်ခု ဖြစ်ကြောင်း ဗိုလ်ချုပ် Edgard Arevalo က ပြောကြားခဲ့သည်။ (Xinhua)

—————————–i———————-
( English Version)

Death toll in Philippine military plane crash rises to 52, full investigation ordered

MANILA, July 5 (Xinhua) The death toll from a military plane crash in the southern Philippines has risen to 52 as two more critically injured soldiers died in the hospital, Defense Secretary Delfin Lorenzana said in an updated report Monday.

All 96 passengers and crew in the C-130H aircraft that crashed upon landing before noon Sunday on Jolo island in Sulu province have been accounted for, the Department of National Defense said, adding that 49 soldiers died and 47 others injured.

Lorenzana said three civilians on the ground were also killed and four others injured.
Some of the critically injured soldiers were airlifted to Zamboanga City from Sulu.
Lorenzana already ordered a “full investigation” into the crash “as soon as the rescue and recovery operation is completed.”

Major General Edgard Arevalo, Armed Forces of the Philippines spokesperson, said in an online press conference that the retrieval operations for plane parts, including the black box that recorded the flight data, are ongoing at the crash site, and an investigative team has arrived in Sulu.

The military plane was carrying newly-trained army personnel when it crashed and burst into flames after overshooting the runway around 11:30 a.m. local time on Sunday.
Minutes after the crash, troops and civilian volunteers rushed to the site for search and rescue.

“Per eyewitnesses, a number of soldiers were seen jumping out of the aircraft before it hit the ground, sparing them from the explosion caused by the crash,” the military said.
Arevalo said some of the soldiers who died were severely charred, making it difficult to identify.
He said the C-130H plane mishap is one of the “most tragic incidents” that happened in the armed forces. Enditem
Photo – Rescuers are seen at the crash site of a C-130 military plane of the Philippine Air Force in Sulu Province, the Philippines, July 4, 2021.

At least 29 people were killed and 17 others are unaccounted for in the crash of a Philippine Air Force (PAF) C-130 Hercules transport plane on Sunday in Sulu province in the southern Philippines, local officers said. (Joint Task Force Sulu/Handout via Xinhua)