Connect with us

COVID-19 UPDATES

ဗီဇမျိုးကွဲသစ် အိုမီခရွန်အကြောင်း သိရှိရန် သတင်းနှစ်ပတ်ကြာ စောင့်ဆိုင်းရဦးမည်ဟု Anthony Fauci က ပြောကြား

အမေရိကန်နိုင်ငံ ဓါတ်မတည့်မှုနှင့်ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအင်စတီကျု့(NIAID) ဒါရိုက်တာ Anthony Fauciက မြို့တော် ဝါရှင်တန်တွင် စကားပြောကြား နေသည်ကို ၂၀၂၀ပြည့်နှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ် အိုမီခရွန်၏ ပြည့်စုံသည့်အချက်အလက်များကို သိရှိနိုင်ရန် သတင်းနှစ်ပတ်ကြား လိုအပ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဓါတ်မတည့်မှုနှင့်ကူးစက်ရောဂါဆိုင်ရာ အမျိုးသား အင်စတီကျု (NIAID) ဒါရိုက်တာ Anthony Fauciက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ LaGuardiaလေဆိပ်တွင် သွားလာနေသည့် ခရီးသည်များအား နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Macysကုန်တိုက်တွင် သွားလာနေသူများအား နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ယင်းနေ့တွင် Anthony Fauciစသည့် ကိုဗစ်ကပ်ရောဂါကိုင်တွယ်ဖြေရှင်းရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၏ အစီရင်ခံမှုကို ကြားနာခဲ့ကြောင်း သိရသည်။ အိမ်ဖြူတော်မှထုတ်ပြန်သည့် ကြေညာချက်တွင် “အိုမီခရွန် ဗီဇမျိုးကွဲ၏ ကူးစက်နိုင်စွမ်း၊ ဆိုးဝါးနိုင်မှုနှင် အခြားသော တိကျသည့်အချက်အလက်များကို သိရှီဖို့ သတင်းနှစ်ပတ်ကြာ အချိန်လိုအပ်သေးကြောင်း၊ သို့သော်လည်း ၎င်းအနေဖြင့် လက်ရှိကာကွယ်ဆေးက ကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်မှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်နေဆဲဖြစ်ကြောင်း Dr. Anthony Fauciက သမ္မတကို ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

Anthony Fauci၏ ပြောကြားချက်အရ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးနောက် အားဖြည့်ကာကွယ်ဆေးထပ်မံထိုးနှံထားပါက ကိုရိုနာဗိုင်းရပ်စ်အတွက် အားအကောင်းဆုံး ကိုယ်ခံစွမ်းအားကို ရရှိနိုင်ကြောင်း ဆိုသည်။

အိမ်ဖြူတော်၏ ကြေညာချက်တွင် “ကိုဗစ်ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းရေး လုပ်ငန်းအဖွဲ့က ကာကွယ်ဆေးထိုးနှံပြီးသော အရွယ်ရောက်ပြီးသူများအားလုံးကို အားဖြည့်ကာကွယ်ဆေး တတ်နိုင်သမျှလျင်မြန်စွာ ထိုးနှံကြဖို့….. ကာကွယ်ဆေးအပြည့်အဝမထိုးနှံထားသော အရွယ်ရောက်ပြီးသူနှင့်ကလေးသူငယ်များအနေဖြင့် ချက်ချင်း ကာကွယ်ဆေးထိုးနှံသင့်ကြောင်း အကြုံပြုထားသည်”ဟု ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း နိုဝင်ဘာ ၂၈ ရက်တွင် အလားတူ ပြောကြားခဲ့ရာ လက်ရှိတွင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်၏အန္တရာယ်သည် ဒယ်လ်တာမျိုးကွဲထက်ပို၍ များသည်ဟူသော လုံလောက်သည့် ကိန်းဂဏန်းသက်သေမရှိသေးကြောင်း၊ ယခုရှိနေသည့် ကာကွယ်ဆေးက ထိရောက်ဆဲဖြစ်ကြောင်း ဆိုသည်။

တောင်အာဖရိကတွင် နိုဝင်ဘာ ၉ ရက်က ဤမျိုးကွဲဗိုင်းရပ်စ်သစ်ကို တွေ့ရှိကြောင်း ပထမဆုံးအတည်ပြုခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၎င်းအား “အထူးဂရုပြုရန်လိုအပ်”သည့် အဆင့်တွင် ထည့်သွင်း၍ အိုမီခရွန်(Omicron)ဟုအမည်ပေးကာ နိုင်ငံအသီးသီး စောင့်ကြည့်စမ်းသပ်မှုလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ကြရန် တောင်းဆိုခဲ့သည်။

ရိုက်တာ သတင်းဌာန၏ နိုဝင်ဘာ ၂၈ ရက် သတင်းများအရ နိုင်ငံနှင့်ဒေသ ၁၃ ခုတွင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာ တွေ့ရှိရပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ကနေဒါတွင် ယင်းနေ့က အတည်ပြုလူနာ ၂ ဦး ရှိကြောင်း သိရသည်။

အိုမီခရွန် အမေရိကန်သို့ ဝင်ရောက်လာနိုင်မှုသည် “ရှောင်လွှဲ၍မရ”ကြောင်း Anthony Fauciက နိုဝင်ဘာ ၂၈ ရက် အစောပိုင်း အမေရိကန် ABC ရုပ်သံလွှင့်ကုမ္ပဏီ This Week အစီအစဉ်တွင် ပြောကြားခဲ့သည်။ ဤမျိုးကွဲဗိုင်းရပ်စ်သစ်သည် “လျင်မြန်သည့် ကူးစက်နိုင်စွမ်း”ရှိနိုင်ကြောင်း ၎င်းက အမေရိကန် NBC၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

Anthony Fauciနှင့် ၎င်း၏အဆင့်မြင့်ကျန်းမာရေးအရာရှိများက အိုမီခရွန်အတွက် လက်ရှိ ကာကွယ်ဆေးနှင့်ကုထုံးကို မည်သို့ ချိန်ညှိပြောင်းလဲရမည်ကို အတိအကျ မသိရသေးကြောင်း ဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ပိုမိုများပြားတဲ့ ကိန်းဂဏန်းအထောက်အထားတွေလိုပါတယ်၊ ဒါမှ ဒီဗိုင်းရပ်စ်က ဆိုးဝါးတဲ့အမျိုးအစားမဟုတ်ဘူးဆိုတာ ယုံကြည်မှုအပြည့်နဲ့ ကောက်ချက်ချနိုင်မှာပါ”ဟု ၎င်းက Fox Sunday News အစီအစဉ်တွင် ပြောကြားခဲ့သည်။

ဆောင်းရာသီ ရောက်ရှိလာခြင်းကြောင့် လူထု၏အိမ်တွင်နေထိုင်သည့်အချိန်ပို၍များလာရာ အမေရိကန်တွင် ကိုဗစ်ထပ်တိုးလူနာသစ်တိုးပွားလာခြင်းကြောင့် အချို့ဆေးရုံများတွင် အကျပ်အတည်းဖြစ်လျက်ရှိနေပြီး နယူးယောက်အပါအဝင် ပြည်နယ်အချို့က အရေးပေါ်အခြေအနေ ကြေညာထားသည်။

ကပ်ရောဂါဖြစ်ပွားသည်မှစ၍ အမေရိကန်တွင် အတည်ပြုလူနာ ၄၈ သန်းကျော်၊ ကူးစက်မှုကြောင့်သေဆုံးသူ ၇၈၂,၀၀၀ ခန့်ရှိရာ ကမ္ဘာ့ပထမနေရာတွင်ရှိကြောင်း ရိုက်တာ သတင်းဌာန၏ ကိန်းဂဏန်းများက ဖော်ပြထားသည်။ အမေရိကန်နိုင်ငံတွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ၃၀ ရာခိုင်နှုန်းရှိပြီး ကပ်ရောဂါအခြေအနေဆိုးဝါးလာပါက နိုင်ငံ၏စီးပွားရေး ပြန်လည်ရှင်သန်မှုအပေါ် ထိခိုက်မှုရှိမည်ဖြစ်ပြီး ဒေသ ကျန်းမာရေးစနစ် ဝန်ဖိအား တစ်ဆင့်တိုးလာနိုင်ကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ၌ အမေရိကန်အရှေ့ပိုင်းဒေသစံတော်အချိန် နိုဝင်ဘာ ၂၉ ရက် ၀၀ နာရီ ၁ မိနစ် မှစပြီး ၁၄ ရက်အတွင်း တောင်ပိုင်း အာဖရိကနိုင်ငံ ၈ နိုင်ငံတွင် ရပ်နားဖူးသည့် ပြည်ပခရီးသွားအားလုံးနီးပါးကို ပြည်ဝင်ခွင့် တားမြစ်ထားကာ လူထုအား ယင်းနိုင်ငံ ၈ နိုင်ငံသို့ သွားရောက်ခြင်းမပြုရန် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chines Version)
福奇:了解奥密克戎还得等两周
2021-11-29 19:31:13
Image Carouse
新华社北京11月29日电 美国国家过敏症和传染病研究所所长安东尼•福奇28日说,获取新冠变异病毒奥密克戎毒株的完整数据需要大约两周。
美国总统约瑟夫•拜登当天听取福奇等新冠疫情应对工作组成员汇报。白宫发表声明说:“福奇博士告诉总统,掌握关于奥密克戎毒株传播能力、严重性及其他特点的确切信息还需要大约两周时间,尽管如此,他仍然相信现有疫苗可能在一定程度上防止染疫后出现重症。”
2020年7月31日,美国国家过敏症和传染病研究所所长福奇在首都华盛顿发表讲话。(新华社发)
按照福奇的说法,完成新冠疫苗全程接种后再接种加强针,可以获得最强新冠病毒免疫能力。
白宫声明写道:“新冠疫情应对工作组现在建议所有已经接种疫苗的成年人尽快接种加强针……没有完成疫苗全程接种的成年人和儿童应当立刻接种。”
世界卫生组织28日同样表示,目前还没有足够数据证明奥密克戎危险性大于德尔塔毒株,现有疫苗仍然有效。
11月24日,乘客走在美国纽约拉瓜迪亚机场内。(新华社记者王迎摄)
南非11月9日首次确认发现这一新型变异毒株,世卫组织26日把它列为“需要关注”并命名为奥密克戎毒株,要求各国加强监测和测序工作。路透社28日报道,已有13个国家和地区发现奥密克戎确诊病例,其中,加拿大当天确诊2例。
福奇28日早些时候告诉美国广播公司“本周”栏目,奥密克戎病例传入美国“不可避免”。他接受美国全国广播公司采访时说,这一新毒株可能“具有快速传播能力”。
福奇和其他高级卫生官员说,尚不确定现有疫苗和疗法需要做哪些调整以应对奥密克戎。他告诉《福克斯周日新闻》节目:“我们需要更多数据,才能自信地说这不是厉害的病毒版本。”
11月26日,人们在美国纽约梅西百货购物。(新华社记者王迎摄)
由于冬季到来,民众居家时间增多,美国新冠病例增加,已经导致部分医院陷入瘫痪,纽约在内的一些州宣布紧急状态。
路透社数据显示,疫情暴发以来,美国确诊病例超过4800万,大约78.2万人染疫身亡,居全球首位。美国30%人口未接种新冠疫苗,一旦出现更严重疫情,美国经济复苏恐受影响,地方医疗系统将进一步承压。
从美国东部时间29日0时1分(北京时间13时1分)起,美国禁止14天内在8个南部非洲国家停留过的几乎所有外国旅客入境,并警告美国民众避免前往这8国。(林淑婷)