Connect with us

ASEAN

ဗီယက်နမ်နိုင်ငံက တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးများ လက်ခံရရှိ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇွန် ၂၀ ရက်က တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေးများအား အလုပ်သမားများက သယ်ဆောင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး အသုတ်တစ်သုတ်အား သယ်ဆောင်လာသည့် လေယာဉ်သည် ဇွန် ၂၀ ရက်တွင် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Nguyen Thanh Long နှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Xiong Bo တို့က တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးများရှေ့တွင် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနေစဉ်(ဆင်ဟွာ)

အကျဉ်းရုံးပြုလုပ်သော လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို လေဆိပ်၌ ပြုလုပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ ၏ကျန်းမာရေးဝန်ကြီး Nguyen Thanh Long နှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Xiong Bo တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ အစိုးရ နှင့် ပြည်သူများက ကာကွယ်ဆေးများလှူဒါန်းခြင်းအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးက လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံက ဗီယက်နမ်-တရုတ် နှစ်နိုင်ငံနယ်စပ်အနီး ဒေသများတွင် နေထိုင်သူများ ၊ တရုတ်နိုင်ငံသို့ အလုပ်နှင့်နေထိုင်ရန် သွားရောက်မည့် ဗီယက်နမ်နိုင်ငံသားများ ၊ နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများအပါအဝင် လိုအပ်နေသူများအား ကာကွယ်ဆေးများကို လျှင်လျှင်မြန်မြန် ဘေးကင်းစွာ ထိုးနှံသွားရန် ကတိပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Xiong Bo က ယင်းလှူဒါန်းမှုသည် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ နှင့် ပါတီနှစ်ရပ်၏ ခေါင်းဆောင်များက သဘောတူညီမှုကို အကောင်အထည်ဖော်ရာတွင် ခိုင်မာသည့်လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး ၏ ထင်ရှားသော ပုံရိပ်တစ်ခု ဖြစ်ကြောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

“ဒီကာကွယ်ဆေးအသုတ်က ဗီယက်နမ်နိုင်ငံရဲ့ ကပ်ရောဂါ ကာကွယ်ရေး ၊ ထိန်းချုပ်ရေး နဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ နှစ်ခုလုံးအတွက် ကူညီနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်ခြင်းသည် ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ အရေးပေါ်အသုံးပြုရန်အတွက် ကာကွယ်ဆေး အတည်ပြုချက်အား ကြေညာခဲ့ပြီးနောက် ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Sinopharm COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်အတွက် မေလအစောပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အတည်ပြုခဲ့ပြီး ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် ဧပြီလနှောင်းပိုင်းမှ စတင်ကာ COVID-19 ကူးစက်မှု အဆိုးရွားဆုံးလှိုင်းဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
ဇွန် ၂၀ ရက် ဒေသစံတော်ချိန် ည ၆ နာရီအထိ ဗီယက်နမ်နိုင်ငံ၌ ရောဂါ ဖြစ်ပွားမှု စတင်ချိန်မှစ၍ လူနာ ၉,၉၄၃ ဦး အပါအဝင် ပြည်တွင်းကူးစက်သူ စုစုပေါင်း ၁၁,၅၁၃ ဦး ထိ ရှိကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

————————————
(English Version)
Vietnam receives China’s Sinopharm COVID-19 vaccines
HANOI, June 20 (Xinhua) — A plane carrying a batch of China’s Sinopharm COVID-19 vaccines on Sunday arrived at the Noi Bai International Airport in the Vietnamese capital Hanoi.
A brief handover ceremony was held at the airport, which was attended by Vietnam’s Minister of Health Nguyen Thanh Long and Chinese Ambassador to Vietnam Xiong Bo.
The Vietnamese government and the people sincerely thank China for the donation of the vaccines, Long said at the event.
Vietnam pledges to quickly and safely administer the vaccines to those in need, including Chinese citizens in Vietnam, Vietnamese citizens looking to go to China for work and living, and residents in the localities near the Vietnam-China border, he said.
In his speech, Xiong said the donation was a concrete action in implementing the consensus reached by the leaders of the two parties and the two countries, and a vivid image of the comprehensive strategic cooperative partnership between China and Vietnam.
“I believe this batch of vaccines will help both Vietnam’s epidemic prevention and control and its socioeconomic development,” he said.
The handover of the vaccine came after Vietnam’s Ministry of Health announced the approval of the vaccine for emergency use in the country on June 4.
The Sinopharm COVID-19 vaccine was validated by the World Health Organization in early May for emergency use.
Vietnam is currently fighting its worst wave of COVID-19 infections which began in late April.
As of 6:00 p.m. local time Sunday, the country has registered a total of 11,513 domestically transmitted COVID-19 cases, including 9,943 detected since the start of the latest outbreak, according to the country’s Ministry of Health. Enditem

Photo 1 – Staff members unload China’s Sinopharm COVID-19 vaccine at Noi Bai International Airport in Hanoi, Vietnam, June 20, 2021. A plane carrying another batch of China’s Sinopharm COVID-19 vaccines on Sunday arrived at the Noi Bai International Airport in the Vietnamese capital Hanoi. A brief handover event was held at the airport, which was attended by Vietnam’s Minister of Health Nguyen Thanh Long and Chinese Ambassador to Vietnam Xiong Bo. (Xinhua/Jiang Shengxiong)
Photo 2 – Vietnam’s Minister of Health Nguyen Thanh Long (L) and Chinese Ambassador to Vietnam Xiong Bo pose for a photo in front of a load of China’s Sinopharm COVID-19 vaccine at Noi Bai International Airport in Hanoi, Vietnam, June 20, 2021. A plane carrying another batch of China’s Sinopharm COVID-19 vaccines on Sunday arrived at the Noi Bai International Airport in the Vietnamese capital Hanoi. A brief handover event was held at the airport, which was attended by Vietnam’s Minister of Health Nguyen Thanh Long and Chinese Ambassador to Vietnam Xiong Bo. (Xinhua/Jiang Shengxiong)