Connect with us

Asia

ဗီယက်နမ်နိုင်ငံက ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ နိုင်ငံတကာစီးပွားရေးလုပ်ငန်းသုံး လေကြောင်းပျံသန်းမှုများ ပြန်လည်စတင်မည်

ဟနွိုင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အစိုးရက ဗီယက်နမ်နှင့် နိုင်ငံတကာခရီးသွားနေရာများအကြား ပုံမှန်စီးပွားရေးလုပ်ငန်းသုံး လေကြောင်းပျံသန်းမှုများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ပြန်လည်စတင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။ဗီယက်နမ်နိုင်ငံ အစိုးရရုံးမှ နောက်ဆုံးထုတ်ပြန်ချက်အရ ခရီးသွားနေရာများတွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယားနှင့် အမေရိကန် စသည့်နိုင်ငံများ ပါဝင်ကြောင်း Vietnam News Agency က ဒီဇင်ဘာ ၁၁ ရက်၌ သတင်းဖော်ပြခဲ့သည်။

နိုင်ငံတကာခရီးသည်သယ်ယူပို့ဆောင်ရေးအား ပြန်လည်ဆောင်ရွက်ရန်၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူရန်နှင့် လာမည့် တရုတ်နှစ်သစ်ကူးတွင် ပြည်ပရောက် ဗီယက်နမ်နိုင်ငံသားများ နေရပ်ပြန်နိုင်ရန် အရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဗီယက်နမ် ဒုတိယ ဝန်ကြီးချုပ် Pham Binh Minh က အစိုးရညွှန်ကြားချက်၌ ပြောကြားထားသည်။

နိုင်ငံတကာလေကြောင်းပျံသန်းမှုများ ပြန်လည်စတင်ခြင်း လိုအပ်နေသလို ထိရောက်သော ကပ်ရောဂါထိန်းချုပ်ရေးသည်လည်း သေချာစွာဆောင်ရွက်ရန် လိုအပ်ကြောင်း Minh က ပြောကြားခဲ့ပြီး ဆက်စပ်သော အာဏာပိုင်များနှင့် လေကြောင်းစီပွားရေးလုပ်ငန်းများအနေဖြင့် ခွင့်ပြုထားသော အစီအစဉ်ကို နားလည်သဘောပေါက်ရေး တက်ကြွစွာဆောင်ရွက်ရန်နှင့် အမှန်တကယ်အခြေအနေအရ ချိန်ညှိမှုများ အကြံပြုရန် တိုက်တွန်းခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လွန်ခဲ့သည့်နှစ် မတ်လက နယ်စပ်ကိုပိတ်ခဲ့ပြီး နိုင်ငံတကာလေကြောင်း ခရီးစဉ်များအားလုံးကို ရပ်နားထားခဲ့ကြောင်း၊ နေရပ်ပြန်လာကြသော ဗီယက်နမ်နိုင်ငံသားများ၊ ပြည်ပပညာရှင်များနှင့် အရည်အသွေးမြင့်အလုပ်သမားများအား လိုအပ်သော ကွာရန်တင်း (quarantine) သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက်ရန်ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………

(English Version)

Vietnam to resume int’l commercial flights from January 2022

HANOI, Dec. 11 (Xinhua) — The Vietnamese government has approved the resumption of regular commercial flights between Vietnam and international destinations which are highly safe from COVID-19 since Jan. 1, 2022.

According to the latest notice by the Vietnamese government office, the destinations included those in China, Japan, South Korea, Thailand, Singapore, Laos, Cambodia and the United States, Vietnam News Agency reported Saturday.

The move is to restore international passenger transport, speed up economic and tourism recovery and enable overseas Vietnamese to return to their homeland for the upcoming Lunar New Year, Vietnamese Deputy Prime Minister Pham Binh Minh said in the government directive.

While the resumption of international flights is necessary, effective pandemic control must also be ensured, Minh said, urging relevant authorities and aviation businesses to work actively to realize the approved plan and make recommendations for adjustments in accordance with the actual situation.

Vietnam closed its border and grounded all international flights in March last year due to the COVID-19 pandemic, only allowing entry for Vietnamese repatriates, foreign experts and highly-skilled workers with certain quarantine requirements. Enditem

Photo : An aircraft carrying a number of Vietnamese citizens from Japan is seen at Cam Ranh International Airport in Vietnam’s province of Khanh Hoa, on March 22, 2020. Vietnam’s Ministry of Health on Monday night announced that two more people have tested positive for the COVID-19, bringing the total confirmed cases in the country to 123. (VNA via Xinhua)